အပိုင်း နှစ်ဆယ်

2.5K 392 51
                                    

(ဂျီကောင်တို့ရေ ဆောရီးပါ။ အိကျိတစ်ကောင် ရေဘေးအလှုအတွက် လုံးပမ်းနေရတာမို့ ထပ်ပစ်ထားသလို ဖြစ်သွားပါတယ်။ အဲဒါကြောင့် အခု အားတုန်းလေး အများကြီးဖတ်ရအောင်လို့ နှစ်ပိုင်းစာ အရှည်ကြီးရေးပေးလိုက်ပါတယ်နော်။

အိကျိလေးက နေကောင်းပါတယ်၊ တောင်ငူကို နှစ်ရက်လုံး လာလိုက်၊ ပြန်လိုက် လုပ်လိုက်လို့ ပင်ပန်းပေမယ့် အများကြီး လှုနိုင်ခဲ့တာကြောင့် ပျော်နေပါတယ်ရှန်။ ဘာလို့ ဒါကို ထည့်ပြောရတာလည်းဆိုရင် ဒီကနေတစ်ဆင့်မြင်ပြီး လာကူမယ်ဆိုရင် ကူနိုင်အောင်လို့ပါ ဟီးဟီး။ နွေရိပ်မွန်ဦး အကောင့်မှာ ရှိမယ်နော်။

ဂျီကောင်တို့တွေလည်း အထိအခိုက်နည်းပြီး ကျန်းမာကြပါစေလို့ အိကျိလေးက ဆုတောင်းပေးလိုက်ရပါတယ်။ နောက်မှ ပြန်တွေ့ကြမယ်နော်။ ချစ်ပါတယ် ကိုယ့်လူတို့ )

....................................................................

မိုချီမပြန်မချင်း ဒယ်ဒီနဲ့လည်း စကားသေချာပြောလို့မရတာမို့ ဒီတိုင်းစောင့်ကြည့်နေရုံသာ။ ဒီရက်ပိုင်းတွေတော့ ဒယ်ဒီက အလုပ်သွားစရာရှိတာသွားပြီး အိမ်ကို ပုံမှန်အတိုင်းပြန်လာတယ်။ တစ်ခါတလေတော့ ညပိုင်းတွေ ခြံထဲမှာ ဖုန်းပြောနေတာကလွဲရင် ထွေထွေထူးထူး ဘာမှမရှိ။

မိုချီနဲ့လည်း မပြန်မချင်း သတ်တာသတ်တာဆိုတာ။ သူနဲ့ခင်မင်ခဲ့တဲ့ ၅ နှစ်လောက်အတွင်း ဒီတစ်ခါလောက် သတ်ရတဲ့ အချိန်မရှိခဲ့ဖူးဘူး။ တချို့ကိစ္စတွေမှာ သူပြောတာမှန်ပါတယ်။ ညိမ်လင်းယံဟာ အရည်အချင်းရှိပြီးတော်တဲ့ လူတစ်ယောက်ဆိုတာ။ သူ့ပုံစံကြောင့်လည်း ပူကြူးလည်း fangirl ဖြစ်မှန်းမသိ ဖြစ်သွားရတာကို ငြင်းစရာတော့မရှိ။

"နင်ပြောတော့ နင်လည်း ညိမ်လင်းယံကို သဘောကျတယ်ဆို"

"အေး ဟုတ်တယ်လေ ငါသဘောကျတယ် ဘာပြောလို့လဲ"

"အဲဒါဆို ဘာလို့ နင် ငါနဲ့ တအားငြင်းနေတာလဲ"

"ဟဲ့ နင်ငြင်းနေတာ ငါ့အဖေလေ"

"ကြာပါတယ်ဟာ နင်လည်း fangirl ဖြစ်လာမှာပဲ fujoshi လုပ်လိုက်ပေါ့။ နင့်အဖေနဲ့ ကိုကို့ကို ship လိုက်လေ။ ဒါမဲ့ သူတို့က ship မလိုတော့ဘူး ကြိုက်နေကြတာပဲနော်"

ဒီဇင်ဘာမှသည် (Starting in December Season II)Where stories live. Discover now