အပိုင်း ဆယ့်တစ်

2K 384 44
                                    

ပူကြူးသူငယ်ချင်းရောက်လာပြီးတဲ့နောက် ပူကြူးက ပျော်နေတဲ့ပုံပါပဲ။ သူငယ်ချင်းနှစ်ယောက် တွတ်ထိုးနေတာ မြင်တော့ သဘောကျရသေးတယ်။ ပူကြူးက ကျောင်းမှာဆို သိပ်အပေါင်းအသင်းမရှိဘူး။ စာချည်းပဲ လုပ်နေတာမြင်တော့ စိတ်ပူရတယ်။

ဘယ့်နှယ် သူ့ကျမှ စာချည်းပဲလုပ်နေလို့ သူငယ်ချင်းတွေပေါင်း၊ အပြင်လေးဘာလေးသွား၊ အသက်ပဲ ၁၇ ဖြစ်နေပြီ ကောင်လေးဘာညာ ထားပါဦးလို့ ပြောယူနေရတယ်။ စာကို အရူးအမူး သင်တာများ အဖေနဲ့ ကွာပါ့။

အစက တွေးထားတာက သမီးလှလှလေး မွေးထားတော့ ကောင်လေးတွေ ဝိုင်းရင် ငါတော့ အူတိုရမှာပဲလို့။ အခုတော့ ပြောင်းပြန် သူက ချေမိုးနေလို့ ရည်းစားထားပါဦး၊ လူငယ်ဘဝကို ပျော်ပျော်ရွှင်ရွှင်နေပါ သမီးရယ်လို့ ပြောနေရတဲ့ဘဝ။

"သမီး အေးအေးဆေးဆေး လွတ်လွတ်လပ်လပ်နေနော်။ ဦးကလည်း မနက်ပိုင်းဆို အလုပ်သွားတော့ သိပ်မရှိဘူး သမီးတို့ နှစ်ယောက် သွားစရာရှိလို့ လိုက်ပို့ရမယ်ဆို အားမနာနဲ့ ကြိုပြော သိလား"

"ဟုတ် ရပါတယ် ဦး။ မီးတို့ကလည်း သိပ်မသွားပါဘူး။ တစ်နေရာရာ သွားချင်ရင် ဦးမအားလည်း ဘာမှဖြစ်ဘူး။ မီးတို့ ကားငှားသွားလိုက်မယ်"

"ကားတော့ ငှားမနေပါနဲ့ဗျာ လိုက်ပို့ပါ့မယ်"

"ဒယ်ဒီပဲ လွတ်လွတ်လပ်လပ် နေဆို။ ဒယ်ဒီ တကောက်ကောက်လိုက်တော့ မီးတို့က တခြားဟာတွေ ဘယ်လိုပြောရမလဲ"

"အမယ်လေးဗျာ မင်းတို့ကို စိတ်မချလို့ လိုက်ပို့ချင်တာပါ။ မင်းတို့ကို ဒယ်ဒီက မနှောင့်ယှက်ပါဘူး။ အေးပါ တစ်နေရာရာသွားလည်း Location Share ထားလိုက် လိုရမယ်ရပေါ့ ဟုတ်ပြီလား"

ခေါင်းတညိတ်ညိတ်နဲ့ ပြုံးပြီး ဆက်တွတ်ထိုးနေမှ သဘောတကျ ရယ်မိရတယ်။ ပူကြူးက တကယ်အတတ်ပတတ်။ အဖေကို ချက်နဲ့လက်နဲ့ ပြောတတ်လွန်းလို့ တစ်ခါတလေလည်း မနည်းပြန်အုပ်ရတယ်။

ဟိုရက်ပိုင်းတွေတုန်းက ညိမ်လင်းယံအကြောင်း ခဏခဏ ပြောနေတော့ တစ်ခုခု သိလို့ စမ်းနေတာများလားလို့ တွေးမိပေမယ့် သူ့သူငယ်ချင်းရောက်လာမှ မဟုတ်လောက်ဘူးလို့ တွေးရတယ်။

ဒီဇင်ဘာမှသည် (Starting in December Season II)Where stories live. Discover now