(ဒီတစ်ခေါက် နည်းနည်းကြာသွားလို့ အရှည်ကြီး ရေးပေးထားပါတယ်။ နည်းနည်းလေး ပြောချင်တာက ကျနော် SID ကို ၂၀ ကျော်နဲ့ သိမ်းဖို့ တွေးထားပေမဲ့ ဘယ်လိုမှ မရလို့ အနည်းဆုံး ၃၀ တော့ ကျော်သွားမယ်ထင်ပါတယ်။ ဒါတောင် ကျွန်တော် တော်တော်များများကို ဖြုတ်ချထားတာပါ။
ဆိုပေမဲ့ သိတဲ့အတိုင်း လိုတာတွေကို ထည့်ရင်းက နည်းနည်းတော့ ရှည်သွားပါတယ်။ အီနေမှာစိုးလို့ ကြိုပြောထားတာပါ။ ဒီအပိုင်းတွေကလည်း ခွေးစာလို့ ထင်ရပေမဲ့ ကျွန်တော် ဆက်ရေးပြရမဲ့အပိုင်းတွေအတွက် ကြွသွားအောင် support လုပ်တဲ့အနေနဲ့ ထည့်ထားရတာမို့ ရှည်လျားတယ် ထင်နေမှာစိုးလို့ပါ။ ထင်မှာစိုးလို့ သက်သက်ပြောတာပါ ရေးတာကတော့ ရေးမှာပါပဲ မဖတ်လည်းနေပေါ့ အော်ဟော် : 3
စတာ၊ စတာ ထပ်တွေ့ကြပါမယ် ဂျီကောင်တို့ရေ တာ့တာပါ)
"လင်းယံ ငါ သမီးကို လိုက်ပို့လိုက်ဦးမယ်။ သွားစရာရှိသေးလား"
"ကျွန်တော် ၂ နာရီလောက်ကျ ပွဲတစ်ခုတက်စရာရှိတယ်မြေ့။ ခဏပါပဲ ည နောက်မကျဘူး"
"ဟုတ်လား ... အေးဆေးသွားလေ။ ငါ ဒီနေ့ အလုပ်မရှိဘူး လိုက်ပို့ပေးရမလား"
"ခဏနေ ယုကီလာပြီး ပြင်ဆင် အင်း ...ပြီးရင် အစ်မလာခေါ်မှာဆိုတော့ မြေ့ အိမ်မှာပဲနားနေပါ။ ကျွန်တော် ပြန်လာမှ ညစာသွားစားမယ်လေ"
"အိုခေ ... အိုခေ။ ပြန်လာဖို့ ဆိုပြီး နောက်ဆံတင်းမနေနဲ့နော်။ ကိုယ့်ဘာသာ လုပ်စရာရှိတာလုပ် ကြားလား။ သောက်ရဦးမှာလား"
"ဟုတ် ... နည်းနည်းပေါ့ ရှန်ပိန်လောက်ပါပဲ"
"အင်း ဟုတ်ပြီ။ ဒါဆို ငါသွားလိုက်ဦးမယ်"
ကော်ဖီလက်ကျန်ကို မော့သောက်ပြီးမှ ကျွန်တော့်ကို ဖွဖွနမ်းသွားတာမို့ မြေ့နှုတ်ခမ်းက ကော်ဖီရနံ့က ကျွန်တော့်နှုတ်ခမ်းဖျားမှာ မွှေးမြလို့ပေါ့။
...................................
"လင်းယံ ... ငါပြန်လာပြီ နေ့ခင်းမသွားခင် ဗိုက်ဆာနေမှာစိုးလို့ ကိတ်ဝယ်လာတယ် စားသွားလိုက်ဦးနော်။ ဪ ယုကီရောက်နေပြီလား"
YOU ARE READING
ဒီဇင်ဘာမှသည် (Starting in December Season II)
Romanceအဲဒီတုန်းက တကယ်ပျော်ခဲ့ရလို့ဖြစ်မယ် ငါ့အရင်နှစ်တွေမှာတုန်းက မင်းကိုတွေ့ခဲ့ရသလိုမျိုး နောက်ဘယ်တော့မှ ပြန်မတွေ့တော့ဘူး ငါ့ကိုယ်ငါရော မင်းကိုရော ... ။ ။