ခေတ် (၅) ခေတ်

28 5 0
                                    

မြန်မာသမိုင်းမှာ ခေတ် (၅) ခေတ် ရှိပါတယ်။

(၁) ရှေးဦးပုံပြင်ခေတ် (ကျောက်ခေတ်)

(၂) ကျွန်ပိုင် ၊ ကြေးပိုင်ခေတ် (ကြေးဝါခေတ်)

(၃) မြေရှင်ပဒေသရာဇ်ခေတ် (ပုဂံခေတ်)

(၄) အရင်းရှင်ခေတ်

(၅) ဆိုရှယ်လစ်ခေတ် တို့ ဖြစ်ကြပါတယ်။


(၁) ရှေးဦးပုံပြင်ခေတ် (ကျောက်ခေတ်)

ရှေးဦးပုံပြင်ခေတ်မှာ အသုံးအဆောင်ပစ္စည်းများ ၊ အမဲလိုက်ရာတွင် အသုံးပြုသော လက်နက်များကို ကျောက်ဖြင့်သာ ပြုလုပ်ကြပါတယ်။ အမဲလိုက်ရာတွင် ရလာသော အသား ၊ ငါးများ ကိုလည်း အစိမ်းလိုက် စားကြပါတယ်။ သူတို့မှာ အုပ်ချုပ်သူလည်း မရှိသလို ပိုင်ဆိုင်မှုလည်း မရှိကြပါဘူး။


(၂) ကျွန်ပိုင် ၊ ကြေးပိုင်ခေတ် (ကြေးဝါခေတ်)

ကြေးဝါခေတ်တွင် မီးဖြင့် ချက်ပြုတ်စားသောက်သော ပုံစံများ ပြုလုပ်တတ်လာပြီး ကြေးဝါကို အသုံးပြုပြီးတော့ လက်နက်များ နှင့် အသုံးအဆောင်များကိုလည်း ဖန်တီးတတ်လာကြပါတယ်။ လက်နက်များကို ကောင်းကောင်း လုပ်နိုင်တဲ့သူ နှင့် အမဲလိုက်တဲ့အခါမှာ ပိုပြီး များများ ရတဲ့ သူက ပိုပြီး အင်အားကြီးမားလာပြီး ခေါင်းဆောင်ဖြစ်လာကြပါတယ်။

လူ့အဖွဲ့အစည်း စတင်နေထိုင်လာကြပြီးတော့ မြို့ပြနိုင်ငံငယ်များ နှင့် ရွာကြီးများ စတင် ပေါ်ပေါက်လာကြပါတယ်။ ကြေးဝါခေတ် နှောင်းပိုင်းမှာ မင်းနိုင်ငံငယ်လေးများ စတင်ဖြစ်ပေါ်လာကြပါတယ်။


(၃) မြေရှင်ပဒေသရာဇ်ခေတ် (ပုဂံခေတ်)

မြေရှင်ပဒေသရာဇ်ခေတ်တွင် မင်းနိုင်ငံ အများအပြား ပေါ်ပေါက်လာခဲ့သည်။ ပုဂံခေတ်တွင် မင်းဆက် (၅၈) ဆက်ရှိပြီး ယုတ်လွှတ်ကျွန်း (ပထမနန်းတော်ရာ) ကို သမုဒ္ဒရာဇ်မင်း က စတင်တည်ထောင်ခဲ့ပါသည်။ ပုဂံကို အရိမဒ္ဒနာပြည် ဟူ၍ လည်းကောင်း ၊ သမုဒ္ဒရာဇ်မင်း လက်ထက်မှ စ၍ ပုဂါရာမ ဟူ၍ လည်းကောင်း ပြောင်းလဲ ခေါ်ဆိုပြီး အနော်ရထာမင်းစော ၏ လက်ထက်မှ စ၍ ပုဂံ ကို ပေါက္ကာရာမ ဟူ၍ လည်းကောင်း ပုဂံကို အမျိုးမျိုး ခေါ်ဆိုခဲ့ကြပါတယ်။

ရေးသားခဲ့သော စာတမ်းများWhere stories live. Discover now