ဒတ်ချ် တို့နှင့် ဆက်ဆံရေး

1 1 0
                                    

နယ်သာလန်နိုင်ငံတွင် ဒတ်ချ်ဘာသာစကားအား ပြောဆိုသူလူမျိုး စုစုပေါင်း 96% ရှိပါသည်။ ဘယ်လ်ဂျီယမ်နိုင်ငံတွင်လည်း 59% ရှိကြပါသည်။ ဒတ်ချ်လူမျိုးစုများသည် ဂျာမန်မျိုးနွယ်ခွဲ လူမျိုးများ ဖြစ်ကြပါသည်။ နယ်သာလန် နှင့် ဘယ်လ်ဂျီယမ် တွင် အဓိက နေထိုင်သော လူမျိုးစုများလည်း ဖြစ်ပါသည်။

ဒတ်ချ်တို့နှင့် စတင်ပတ်သက်ခဲ့သူမှာ ရခိုင်ဘုရင် ဖြစ်ပါသည်။ ရခိုင်ဘုရင်သည် ဟံသာဝတီကို တက်၍ တိုက်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတွင် လက်နက် ကိရိယာ (အမြှောက် ၊ သေနတ် ကဲ့သို့) များ ပေါ်တူဂီကြေးစား လူများကို ငှားရမ်းခဲ့ပြီး တိုက်ခဲ့ပါသည်။ ၎င်းသည် ပေါ်တူဂီ တို့နှင့်လည်း ဆက်ဆံရေးရှိခဲ့သူ ဖြစ်ပါသည်။ ရခိုင်ပဒေသရာဇ်မင်းများ ၏ မြောက်ဦးခေတ်တွင် ဥရောပနယ်ချဲ့ နိုင်င့များ ဖြစ်သော ပေါ်တူဂီ ၊ ဒတ်ချ် တို့နှင့်လည်း စစ်ရေး ၊ စီးပွားရေး အရ ဆက်ဆံရေးများ ရှိခဲ့ပါသည်။

စစ်ရေးတွင် လက်နက်ကိရိယာများ ၊ ကြေးစားစစ်တပ်များ ပါဝင်ပြီး စီးပွားရေးတွင် စားသောက်ကုန်များ ပါဝင်ကြပါသည်။ ဥပမာ - ရခိုင်ပြည်နယ်သည် ဆန်ထွက်သောကြောင့် ဆိပ်ကမ်းမှနေ၍ ဆန်များကို တင်သွင်းပြီး တခြားနိုင်ငံများသို့ ရောင်းချပါသည်။ ထိုကဲ့သို့ ၎င်းတို့ဘက်ကလည်း ဥရောပမှာ ကုန်ပစ္စည်းများကို မြန်မာသို့ တင်သွင်းပြီး မြန်မာနိုင်ငံ၌ ပြန်လည်ရောင်းချကာ စီးပွားရေး ဈေးကွက်ကို စတင်ချဲ့ထွင်ခဲ့ပါသည်။

ဥရောပကုန်သည်များသည် လှေများဖြင့် ဆိပ်ကမ်းကို ကပ်၍ ကုန်ပစ္စည်းများ ချရာတွင် ဆိပ်ကမ်းခွန်ကို ဆပ်သရပါသည်။ ထို့နောက် မြောက်ဦးတွင် ၎င်းတို့မှာ ပါလာသော ကုန်ပစ္စည်းများကို ရောင်းချပြီး စီးပွားရေး ဈေးကွက်ကို နေရာရှာလာပါသည်။ ၎င်းတို့သည် စတင်၍ ရောင်းတော့မည်ဆိုလျှင် ၎င်းတို့ ဈေးရောင်းမည့် နေရာတွင် အာဏာရှိသည့် အစိုးရနှင့် ပြည်သူများကို လိုက်လျောညီထွေစွာ ဆက်ဆံရမည် ဖြစ်ပါသည်။

ဒတ်ချ် တို့သည် ၎င်းတို့ ဈေးလာရောင်းရာတွင် ဆိပ်ကမ်းကပ်ပြီဆိုလျှင်နှင့် ဆိပ်ကမ်းခွန်များ ဆက်သရပြီး မိမိတို့ ဈေးရောင်းလို့ ရရန်အတွက် ဘုရင်ထံမှ ခွင့်တောင်းရပါသည်။ အဲ့ဒီ့ခေတ်ကဲ့သို့မျိုး လိုလျှင် ဘုရင့်နန်းတော်သို့ ဝင်ရောက်ခစားပြီး ညီလာခံတွင် လျှောက်တင်ရသည်များလည်း ရှိပါသည်။ လာရောက်ရောင်းချမည့် ကုန်သည် သည် ဘုရင်မင်းကြီးအား ဘဏ္ဍာဆက်သ၍ ၎င်းတို့ ဈေးရောင်းခွင့်ပေးရန် လျှောက်တင်ရပါသည်။

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: 8 hours ago ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

ရေးသားခဲ့သော စာတမ်းများHikayelerin yaşadığı yer. Şimdi keşfedin