အနောက်ဘက်လွန်မင်း

2 1 0
                                    

အနောက်ဘက်လွန်မင်းတရားကြီးသည် ညောင်ရမ်းမင်းတရားကြီး နှင့် မိဖုရားခေါင်ကြီး သီရိမဟာဓမ္မရာဇာဓိပတိဒေဝီ တို့မှ သက္ကရာဇ် ၉၃၉ ခုနှစ်တွင် ဖွားမြင်တော်မူသော သားတော်ကြီး သခင်လတ် ဖြစ်ပါသည်။ ခမည်းတော် အထွဋ်အမြတ်သို့ ရောက်သည်နှင့် မဟာဥပရာဇာ အမည်နှင့် အိမ်ရှေ့စံရသည်။ ခမည်းတော် နတ်ရွာစံသောအခါ သက္ကရာဇ် ၉၆၇ ခုနှစ် တပေါင်းလပြည့်ကျော် ၃ ရက် တနင်္ဂနွေနေ့တွင် ခမည်းတော် အရိုက်အရာဖြစ်သော ရတနာပူရ အဝရွှေနန်း ကို သိမ်းမြန်းစိုးစံတော်မူပါသည်။ ဓမ္မရာဇာ ဟူသော ဘွဲ့တော်ကိုလည်း ခံတော်မူပါသည်။

အနောက်ဘက်လွန်မင်းသည် ပြည် ၊ တောင်ငူ ၊ သန်လျင် ၊ တနင်္သာရီ ၊ ဇင်းမယ် ၊ ရခိုင် နှင့် ရှမ်းပြည်အတွင်းရှိ မြို့နယ် အချို့ကိုလည်း သိမ်းခဲ့ပါသည်။ ထိုနယ်များထဲမှ တောင်ငူကို သိမ်းခဲ့ပုံမှာ -

၁၆၁၀ အရောက်တွင် တောင်ငူ၌ သီဟသူရ ဘွဲ့ဖြင့် မင်းပြုနေသည့် နတ်သျှင်နောင်အား သွားရောက် တိုက်ခိုက်သည်။ တောင်ငူသားတို့ အစွမ်းကုန် ခုခံသဖြင့် သိမ်းပိုက်ခြင်း မပြုနိုင်ပေ။ ထိုစဉ် နတ်သျှင်နောင် သည် အနောက်ဘက်လွန်မင်း နှင့် စီးချင်းထိုးရန် ကြံသော်လည်း မွေးစုနာပေါက်သဖြင့် အကြံအစည် အထမမြောက်ခဲ့ပေ။

ထို့နောက် ညီတော်များ နှင့် ဆရာတော်များ ၏ တိုက်တွန်းချက်ကြောင့် အနောက်ဘက်လွန်မင်း ထံ လက်နက်ချ အရှုံးပေးလိုက်တော့သည်။ အနောက်ဘက်လွန်မင်း လည်း နတ်သျှင်နောင် အား တန်းတူထား၍ လက်ခံ တွေ့ဆုံသည်။ ထို့နောက် တောင်ငူနန်းမှ မှန်ကင်း အထွဋ်ချကာ သာမန်ပဒေသရာဇ်လက်အောင်ခံအဖြစ် ထား၍ နတ်သျှင်နောင်ကိုပင် ပြန်လည်၍ မြို့စားအရာ ပေးလေသည်။ သို့သော် တောင်ငူမှ မင်းညီ မင်းသားများ သာမက စာပေ ၊ အနုပညာ ၊ လက်မှုပညာ တတ်ကျွမ်းသူများကို အင်းဝသို့ ခေါ်ခဲ့သည်။

ဇင်းမယ် နှင့် ရခိုင်ကို သိမ်းပုံမှာ -

အနောက်ဘက်လွန်မင်း သည် မုတ္တမတွင် ရှိနေစဉ် ဇင်းမယ်နန်းတွင်း၌ ရှုပ်ထွေးနေကြောင်းကို သိရသဖြင့် ဇင်းမယ်သို့ ချီတက်လုပ်ကြံခဲ့သည်။ ၁၆၁၄ တွင် စတင်ချီတက်ပြီး ၁၆၁၅ တွင် ဇင်းမယ် အရေးပြီးစီးသဖြင့် ဟံသာဝတီသို့ ပြန်သည်။

ရေးသားခဲ့သော စာတမ်းများDonde viven las historias. Descúbrelo ahora