တောင်ငူခေတ်

3 1 0
                                    

တောာင်ငူမြို့ကို ကေတုမတီ ဟူ၍ ရှေးကတည်း က ယခုအချိန်ထိ ခေါ်ကြပါသေးသည်။ တောင်ငူ ဆိုသော စကားလုံးသည် ဗမာစကားလုံးစစ်ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ အလယ်ရိုးမ ၏ တောင်ကုန်းတောင်ထွတ်တစ်ခု ၏ အငူဟူ၍ ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ရိုးမများထဲမှာမှ အလယ်ရိုးမရှိ တောင်ကုန်း တောင်ထွတ် တစ်ခု ၏ အငူမှာ တည်ထားသော မြို့တစ်ခု ဖြစ်သောကြောင့် တောင်ငူ ဟု ခေါ်ရခြင်း ဖြစ်ပါသည်။ တောင်ငူမြို့သည် ဘုရင့်နောင်မင်းတရားကြီး ကြီးပြင်းရာ ဇာတိ ၊ မွေးဖွားရာဇာတိလည်း ဖြစ်ပါသည်။

ထို့အပြင် တောင်ငူကို ဗဟိုပြုပြီး မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့တာလည်း ဖြစ်ပါသည်။ ထို့ကြောင့် တောင်ငူသည် မြန်မာနိုင်ငံ ၏ သမိုင်းမှာ အရေးပါဆုံးမြို့များထဲမှလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ တောင်ငူသည် မြန်မာရာဇဝင်၌ ထင်ရှားသော မြို့တစ်မြို့ ဖြစ်ပါသည်။ ပုဂံဧကရာဇ် နိုင်ငံ ပြိုကွဲပြီးနောက် မြင်စိုင်း ၊ ပင်းယ ၊ စစ်ကိုင်း ၊ အင်းဝ ၊ ပဲခူး ၊ မုတ္တမ စသည်ဖြင့် မြို့ပြနိုင်ငံငယ်များ ပေါ်ထွန်းလာသည်။

ပုဂံပြည့်ရှင် နရသီဟပတေ့မင်း လက်ထက်တွင် တောင်ငူမြို့ကို သဝန်ကြီး (သဝန်ညီနောင်) က ပဲခူးရိုးမအနီးတွင် စတင်တည်ထောင်သည်။ နောင်နှစ်ပေါင်း (၂၀၀) ကျော်သောအခါ တောင်ငူမင်းများ တန်းခိုးဩဇာကြီးမားကာ မြန်မာနိုင်ငံတစ်ခုလုံး (ရခိုင်မှအပ) ကို စည်းရုံး၍ ဒုတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့ကြသည်။

သက္ကရာဇ် (၅၅၃) ခုနှစ်အတွင် ပုဂံပြည့်ရှင် နရပတိစည်သူမင်းကြီးသည် တိုင်းခန်းလှည့်လည်စဉ် မြတ်စောညီနောင် ၊ ရှင်ပင်ကျောက်ဆောက် နှင့် ကမ်းနိမြသိတင် ဘုရားတို့ကို ပြုပြင်ခဲ့သည်။ ထိုစေတီပုထိုးများကို စောင့်ရှောက်ရန်အတွက် သမက်တောင် ရန်မန်ငထွေး (အနန္တသူရိယ) ကို ဆွာချောင်းရှိ ကမ်းပါးမြင့်ရွာကို ပေးအပ်ခဲ့သည်။

ရန်မန်ငထွေး ၏ သားမင်းလှစော ၊ မင်းလှစော ၏ သား သဝန်လက်ျာ လက်ထက်တွင် ကမ်းပါးမြင့်ရွာသည် လူဦးရေ များပြားစည်ကား လာသဖြင့် ကြခတ်ဝရံမြို့အသစ် တည်ထောင်ကာ ပြောင်းရွှေ့သည်။ ကြခတ်ဝရံမြို့အကြောင်းကို ကြားသိသော မွန်မင်း က လာရောက်တိုက်ခိုက်သိမ်းယူပြီး သဝန်လက်ျား မိသားစုကို ဖမ်းဆီးခေါ်ဆောင်သွားကာ ပျူရွာတွင် အကျယ်ချုပ် ထားခဲ့သည်။ ယင်းပျူရွာမှာ ယခု ဖြူးမြို့နယ်တွင် ရှိသည်ဟု တောင်ငူသမိုင်းတွင် ဆိုထားပါသည်။

ရေးသားခဲ့သော စာတမ်းများOù les histoires vivent. Découvrez maintenant