နတ်သျှင်နောင်

2 1 0
                                    

နတ်သျှင်နောင် သည် ဘုရင့်နောင် ၏ မြေးတော်တစ်ပါးလည်း ဖြစ်ပါသည်။ နတ်သျှင်နောင် ကို မင်းရဲသီဟသူ နှင့် ဟံသာဝတီ ဆင်ဖြူရှင် ဘုရင့်နောင် မင်းတရားကြီး မိဖုရားကြီး ၏ သမီးတော် ခင်စော တို့မှာ သက္ကရာဇ် ၆၉၄၀ ပြည့်နှစ်တွင် ဖွားမြင်သော သားတော်ကြီး ဖြစ်ပါသည်။ ၎င်းသည် ၎င်း ၏ အသက် ၁၃ -၁၄ နှစ်တွင် ယိုးဒယား သို့ စစ်ချီသွားသောအခါ လိုက်သွားခဲ့ပါသည်။ ၎င်း သည် စစ်ဘုရင် တစ်ပါး အနေနှင့် အရည်အချင်း ရှိပြီးတော့ ယိုးဒယား သို့ စစ်ချီသောအခါ ရှေ့တန်းတွင် တပ်မှူး အနေနှင့် ဦးဆောင်ခဲ့သော စစ်ဘုရင် တစ်ပါးလည်း ဖြစ်ပါသည်။

၎င်းသည် ယိုးဒယား မှ အပြန်တွင် အိမ်ရှေ့စံကို ဝင်ရောင်၍ ဖူးပါသည်။ နတ်သျှင်နောင် လက်ထက်တွင် ဘုရင့်နောင် သည် နတ်ရွာစံသွားပါသည်။ ၎င်း ၏ ဦးရီးတော် ဖြစ်သော နန္ဒဘုရင် က နန်းတက်ပါသည်။ ရာဇဓာတုကလျာ သည် ဘုရင့်နောင် ၏ သမီးတော်ဖြစ်ပြီး အလယ်နန်းမတော်မှ မွေးသော သမီးတော်လည်း ဖြစ်ပါသည်။ ဘုရင့်နောင် ၏ အချစ်ဆုံး သမီးတော်လည်း ဖြစ်ပြီးတော့ တပင်တိုင်မင်းသမီးလည်း ဖြစ်ပါသည်။ ရာဇဓာတုကလျာ သည် နန္ဒဘုရင် နှင့် ဖအေတူ မအေကွဲ မောင်နှမ ဖြစ်ပါသည်။ နတ်သျှင်နောင် ၏ အဖေနှင့်ဆိုလျှင်လည်း အဖေတူ မအေကွဲ ညီမတော် ဖြစ်ပါသည်။ နတ်သျှင်နောင် နှင့် ဆိုလျှင် အဒေါ် တော်ပါသည်။

တောင်ဝင်မိသားစုမှာဆိုလျှင်လည်း စီနီယာ ၊ ဂျူနီယာဟူ၍လည်း ရှိပါသည်။ ရာဇဓာတုကလျာ သည် နတ်သျှင်နောင် ၏ စီနီယာ တော်ဝင်မျိုးရိုးဖြစ်ပါသည်။ တော်ဝင်မျိုးရိုးတွင် မည်သူပြီးလျှင် မည်သူ ထီးနန်းကို ဆက်ခံရမည်ဟူ၍ အစီစဉ်တကျ နံပါတ်စဉ်ဖြင့် မှတ်သားထားသည်များလည်း ရှိပါသည်။ ထိုကဲ့သို့ကို စီနီယာနံပါတ် ဟု ခေါ်ပါသည်။ ရာဇဓာတုကလျာ ၏ စီနီယာနံပါတ် သည် နတ်သျှင်နောင်ထက် ကြီးသဖြင့် ရာဇဓာတုကလျာ သည် နတ်သျှင်နောင် ၏ စီနီယာ တော်ဝင်မျိုးနွယ် ဖြစ်ပါသည်။

ရာဇဓာတုကလျာ အား ကြိုက်နေသော သူမှာ နတ်သျှင်နောင် တစ်ယောက်ထဲပင် မဟုတ်ချေ။ နန္ဒဘုရင် ၏ သားတော် ဥပရာဇာ အိမ်ရှေ့စံသည်လည်း ရာဇဓာတုကလျာ အား နှစ်သက် သဘောကျနေမိပါသည်။ နန္ဒဘုရင် သည် ဆွေချင်းနီးလွန်းသဖြင့် ၎င်း ၏ သားတော်နှင့် ရာဇဓာတုကလျာ အား မပေးစားချေ။ ၎င်း ၏ သားတော်အား အင်းဝဘုရင် ၏ မင်းသမီးတစ်ပါးဖြင့် ပေးစားလိုက်ပါသည်။

ရေးသားခဲ့သော စာတမ်းများOù les histoires vivent. Découvrez maintenant