ပဒေသရာဇ်ခေတ်မြန်မာနိုင်ငံ

21 3 1
                                    

 မြန်မာ့သမိုင်းတွင် တရုတ်ပြေးမင်း ဟုလည်းကောင်း ၊ မင်းခွေးချေး ဟူ၍ လည်းကောင်း သိမှတ်ထားကြသော ဘုရင်တစ်ပါးဖြစ်သည့် နရသီဟပတေ့မင်းကို ဥဇနာမင်း နှင့် မိဖုရားစုလည်းထု တို့မှ ၂၃ ဧပြီ ၊ ၁၂၈၃ တွင် ဖွားမြင်ကာ ပုဂံထီးနန်း ကို အေဒီ (၁၂၅၆ - ၁၂၆၈၇) ကာလအတွင်း စိုးစံသွားခဲ့သည်။

နရသီဟပတေ့မင်းသည် အဖိုးဖြစ်သူ ပန်းပုသည်ကြီးအား ရည်စူးလျက် ပန်းပွတ်ပုထိုးတော်ကြီး တည်ထားခဲ့ရာမှ ပန်းပွတ်ပုထိုးတော် ဒါယိကာဟုလည်း အမည်တွင်ခဲ့သည်။ အများက မင်းခွေးချေး ဟု ဆိုကြသော်လည်း အမည်အမှန်မှာ မင်းခွေ ဖြစ်သည်။

ငယ်စဉ် က ချေဆတ်တတ်သော ရောဂါရှိသဖြင့် အိပ်ရာထဲတွင် အမြဲခွေနေသောကြောင့် မင်းခွေ ဟု တွင်ကြောင်း အဆိုရှိသည်။ တရုတ်ပြေးမင်း ၏ အမှားတော်ပုံပေမူတွင်လည်း "မင်းခွေနမဿရာဇကုမာဿ" ဟု သုံးနှုန်းထားရာ မင်းခွေးချေး မဟုတ် မင်းခွေ သာ အမှန်ဟု ဆိုပါသည်။

တရုတ်ပြေးမင်း ဟု အမည်တွင်ခြင်းမှာ ပုဂံကို မွန်ဂို တရုတ်စပ်များ လာရောက်ဝန်းရံစဉ် ပြည်မြို့ အနောက်ဘက် လှည်းကျသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သောကြောင့် ဖြစ်သည်။ ယင်းအမည်ဖြင့် ပထမဆုံး သုံးနှုန်း မှတ်တမ်း တင်ထားသော ကျောက်စာမှာ အေဒီ ၁၃၄၂ ခုနှစ် ထိုးချောင်းဦး သမန်ဇတာကျောက်စာဖြစ်၍ ကျောက်စာကြောင်းရေ (၁၃) ခုတွင် "တရုတ်ပြေးမင်းကြီး" ဟု ထိုးထားသည်။

ခေတ်သစ် သမိုင်းဆရာများကမူ နရသီဟပတေ့မင်း ကို စည်သူ-၄ ဟုလည်း ခေါ်ဝေါ်ကြသည်။ ယင်းသို့ ခေါ်ဝေါ်ခြင်းမှာ နရသီဟပတေ့မင်းသည် စည်သူဘွဲ့ခံယူသော ပုဂံမင်းများတွင် လေးပါးမြောက် ဖြစ်သောကြောင့် ဖြစ်ပါသည်။ ကျောက်စာများ အရ ထိုမင်း ၏ ဘွဲ့ ကို ဥစ္စနာ ဟုလည်း သုံးနှုန်းကြောင်း သိရသည်။

ဥဇနာမင်းလွန်လျှင် နန်းလျာဖြစ်သော သီဟသူမင်းသား နန်းတက်မည်ရှိသည်တွင် ရာဇသင်္ကြံအမတ်ကြီးသည် ဥဇနာမင်းထံ ခစားစဉ်အခါ လက်ဖျင်သိမ်းရာတွင် သီဟသူမင်းကို ခတ်မိသဖြင့် မင်းသားက မိမိ လက်ဖျင်ပေါ်တွင် ကွမ်းဖတ်နှင့် ထွေးသည်ကို ပြ၍ "ဤမင်းသားသည် မင်းမဖြစ်မီကပင် အမတ်ကြီး တို့ကို မျက်နှာဖျက်ဘိ၏။ မင်းဖြစ်သော် ငါတို့နေရာမရှိ။" ဟုဆိုကာ သိမ်းထားသော ကွမ်းဖတ်ကို ပြ၍ အခြား အမှူးအမတ်တို့ကို စည်းရုံကာ သီဟသူမင်းသားကို ဖမ်းဆီး၍ ညီတော်ဖြစ်သော နရသီဟပတေ့မင်းကို နန်းတင်ခဲ့ခြင်းဖြစ်ပါသည်။

ရေးသားခဲ့သော စာတမ်းများحيث تعيش القصص. اكتشف الآن