မောရှမ်း

4 1 0
                                    

မောရှမ်း လူမျိုးသည် မြန်မာနိုင်ငံ အစိုးရမှ တရားဝင် အသိမှတ်ပြုထားသည့် တိုင်းရင်းသား (၁၃၅) မျိုး ထဲတွင် ပါဝင်ပါသည်။ တိုင်းရင်းသား လူမျိုးကြီး (၈) မျိုး အနက် ရှမ်းတိုင်းရင်းသားထဲမှ လူမျိုးစု တစ်စု ဖြစ်ပါသည်။ မောရှမ်း လူမျိုးများသည် ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မြောက်သိန္နီ ၊ တောင်သိန္နီ ၊ သီပေါ ၊ မိုးမိတ် ၊ လားရှိုး နှင့် အရှေ့မြောက် နယ်စပ်တွင် နေထိုင်ကြပါသည်။

ပင်းယ ၊ စစ်ကိုင်းမင်းများ အုပ်ချုပ်နေစဉ် မြောက်ဘက်တစ်လွှားမှ ရှမ်းပဒေသရာဇ်တို့ အင်အား ကြီးထွားလာကြသည်။ ၎င်းတို့ကို မောရှမ်းဟု ခေါ်ပြီး မြန်မာတို့က ရှမ်းကြီး ဟု ခေါ်ကြသည်။ မောရှမ်းတို့သည် အင်အား တောင့်တင်းခဲ့ပြီး ယခု နမ့်ခမ်းအနီးတွင် မြို့တော် တည်ထောင်၍ နေထိုင်ခဲ့ကြပါသည်။

မောရှမ်းတို့သည် ပင်းယမင်း ၏ စစ်ကိုင်းကို တိုက်ခိုက်ရန် ဖိတ်ခေါ်ချက်ကို လက်ခံ၍ မြေပြန့်သို့ ဆင်းလာကြသည်။ သို့သော် မောရှမ်းတို့က စစ်ကိုင်းကို တိုက်ခိုက်သောအခါ ပင်းယမင်း ၏ စစ်သည်တော်များ မောရှမ်းတို့ကို မကူညီဘဲနေခဲ့ကြသည်။

ထိုကဲ့သို့ ပင်းယမင်း ၏ သစ္စာဖောက်ခြင်းကို မခံမရပ်နိုင်၍ ဧရာဝတီမြစ်ကို ဖြတ်ကာ ပင်းယကို တိုက်ခိုက်ခဲ့ကြသည်။ မောရှမ်းတို့သည် ပင်းယကို အောင်နိုင်သော်လည်း ပြန်လည်ဆုတ်ခွာ သွားခဲ့ကြသည်။

ရှမ်းတို့တွင် အကြီးအကဲများကို စော်ဘွားများဟု ခေါ်ကြပါသည်။ စော်ဘွားမျိုးဆက် (၉) ဆက် ရှိပါသည်။ ၎င်းတို့မှာ - (၁) မိုးကောင်းစော်ဘွား ၊ (၂) မိုးညှင်းစော်ဘွား ၊ (၃) သောင်သွပ်စော်ဘွား ၊ (၄) မိုးမိတ်စော်ဘွား ၊ (၅) မိုးနဲစော်ဘွား ၊ (၆) သန္နီစော်ဘွား ၊ (၇) မိုးပဲစော်ဘွား ၊ (၈) ညောင်ရွှေစော်ဘွား ၊ (၉) သီပေါစော်လွား တို့ ဖြစ်ကြပါသည်။

မှတ်ချက် ။ ။ ရှမ်းပြည်အစ မိုင်းမောက ဟူသော စကားအရ မိုင်းမော မှ တစ်ဆင့် စော်ဘွား (၉) ဆက် ဖြစ်ပေါ်လာသည် ဟူ၏။

ရှမ်းပဒေသရာဇ်များ အင်အားကြီးထွားလာခြင်းမှာ ပုဂံကို မွန်ဂိုများ တိုက်ခဲ့ပြီး ပုဂံပြည်သူများမှာ စစ်ပွဲဖြစ်နေဏည်အတွင်းတွင် ဘေးကင်းရာကို ပြောင်းရွှေ့ဖို့အတွက် အသီးသီး ပုဂံပြည်ကို စွန့်ခွာပြီး ထွက်ပြေးလာခဲ့ကြသည်။ ထို့နောက် ပြည်သူ တစ်ချို့မှာ မောရှမ်းတို့ ရှိရာ၌ ရောက်ရှိခိုလုံသွားကြပြီး ရှမ်းပဒေသရာဇ်မှာလည်း ပြည်သူများ ပိုများလာပြီး တဖြေးဖြေး အင်အား ကြီးထွားလာကြခြင်း ဖြစ်ပါသည်။



ဆက်ရန်ရှိသည်.......


..................


Lavender June💜

ရေးသားခဲ့သော စာတမ်းများDonde viven las historias. Descúbrelo ahora