ကမ္ဘာမြေကြီး ဖွဲ့စည်းတည်ဆောက်ပုံ

16 4 0
                                    

 ကမ္ဘာကြီးကို မြေကြီး အလွှာလွှာဖြင့် ဖွဲ့စည်းထားပါသည်။

၎င်းတို့မှာ -

(၁) ကမ္ဘာအပေါ်ယံလွှာ

(၂) ကမ္ဘာကြားလွှာ (အပေါ်ပိုင်း / အောက်ပိုင်း)

(၃) ကမ္ဘာ့ဗဟိုပိုင်း (အပြင်လွှာ / အတွင်းပိုင်း) တို့ ဖြစ်ကြပါသည်။

ထိုကဲ့သို့ ကမ္ဘာမှာ အလွှာထုကြီးများရှိကြောင်းကို ငလျင်လှိုင်းလေ့လာမှုများမှ တွေ့ရှိခဲ့ပါသည်။

ကမ္ဘာ့အပေါ်ယံလွှာ (Crust)

အပူချိန် - ၂၂ ဒီဂရီဆဲလ်စီးယပ်

အခြေအနေ - အစိုင်အခဲအခြေနေ (ကျောက်ပုံစံ)

ဖွဲ့စည်းပုံ - ကမ္ဘာအပေါ်ယံအလွှာကို ဆီအယ် နှင့် ဆီမာလွှာ နှစ်ခုဖြင့် ပေါင်းဆက်ထားပါသည်။ ဆီအယ်လွှာဆိုသည်မှာ လူအများ ခြေချနေသော မြေကြီးဖြစ်သည်။ ဆီအယ်လွှာကို အလူမီနီယမ် နှင့် ဆီလီကာတို့ဖြင့် ဖွဲ့စည်းထားပါသည်။ ဆီမာလွှာ က သမုဒ္ဒရာ ၏ အောက်ပိုင်းကြမ်းပြင်မှာ ရှိပါသည်။ ဆီမာလွှာကို ဆီလီကာ နှင့် မဂ္ဂနီဆီယမ် တို့ဖြင့် ဖွဲ့စည်းထားပါသည်။

ကမ္ဘာ့အပေါ်ယံလွှာက အပေါ်ယံမျက်နှာပြင်ရှိ အပါးဆုံးအလွှာဖြစ်ပါသည်။ မျက်နှာပြင်အောက် ၈ ကီလိုမီတာမှ ၇၀ ကီလိုမိီတာအထိ အနက်တွင် တွေ့ရသည်။ ဆီအယ်လွှာကို Granite ကျောက်များဖြင့် ဖွဲ့စည်း တည်ဆောက်ထားပါသည်။ ဆီအယ်လွှာ ၏ အောက်တွင် ပိုမိုလေးလံ သိပ်သည်းသည့် ကျောက်များဖြင့် ဖွဲ့စည်းထားသော ဆီမာလွှာ ရှိပါသည်။ ဆီမာလွှာကို Basalt ကျောက်များဖြင့် တည်ဆောက်ထားပါသည်။

Basalt

မီးသင့်ကျောက်အမျိုးအစား ဖြစ်ပါသည်။ Basalt များကို သမုဒ္ဒရာ၏ ကြမ်းခင်းပြင်တွင် တွေ့ရှိနိုင်ပါသည်။ Lava ဟု ခေါ်သော မီးတောင်ချော်ရည်များ အေးခဲရာမှ ဖြစ်ပေါ်လာခြင်းလည်း ဖြစ်ပါသည်။ Sima လွှာမှာ အတွေ့များသလို ကမ္ဘာ့ကြားလွှာအပေါ်ပိုင်းတွင်လည်း တွေ့ရှိရပါသည်။ Basalt များကို သမုဒ္ဒရာ ကြမ်းခင်ပြင် ၊ သမုဒ္ဒရာချောင်ကမ်းပါး ၊ မီးတောင် ပေါက်ကွဲထားသည့် ကျွန်း ပတ်ဝန်းကျင်များ တွင် အများဆုံး တွေ့ရှိရပါသည်။

ရေးသားခဲ့သော စာတမ်းများDonde viven las historias. Descúbrelo ahora