ညောင်ရမ်းမင်းတရားကြီး

2 1 0
                                    

ညောင်ရမ်းမင်းတရားကြီး ၏ ငယ်အမည်မှာ ရှင်သစ္စာ ဖြစ်ပါသည်။ ဘုရင့်နောင် အိမ်နိမ့်တွင် ရှိနေစဉ် အရပ်သူ ခင်ပြည့်စုံ နှင့် သင့်မြတ်ပေါင်းသင်းကာ ဖွားမြင်သည် ဟု ဆိုကြပါသည်။ ညောင်ရမ်းမင်း ၏ မိဖုရားမှာ သီရိမဟာဓမ္မရာဇာဓိပတိဒေဝီ ဖြစ်သည်။ ညောင်ရမ်းမင်း နှင့် အဖေတူ မအေကွဲ မောင်နှမ ဖြစ်သည်။

အရွယ်ရောက်လျှင် ရှင်သစ္စာ အား အခြား မင်းညီမင်းသားများနည်းတူ မြို့စား ၊ ရွာစား ပေးရန်စီစဉ်ကာ ညောင်ရမ်းမြို့ ကို စားစေသည်။ ထို့အပြင် ရှမ်းပြည်တစ်လွှားတွင်လည်း ဟံသာဝတီ ၏ ကိုယ်စားလှယ် အနေဖြင့် လှည့်လည်ရန် အာဏာပေးထားပါသည်။ ဘုရင့်နောင်လွန်၍ နန္ဒဘုရင် လက်ထက်တွင် ပုခန်းကြီးမှ ပုန်ကန်ရန် ကြံစည်သူတို့ကို နှိမ်နှင်းပြီး မင်းရဲနယ်မိမိတ်ဘွဲ့ ကို ခံယူခဲ့ပါသည်။ နန္ဒဘုရင် ၏ ဗဟိုအာဏာ အား အခြားလက်အောက်ခံတို့ ပုန်ကန်ခြားနားရာ ညောင်ရမ်းစား မင်းရဲနယ်နိမိတ် ကလည်း ပါဝင်ခဲ့သည်။

ဟံသာဝတီ ကျဆုံးပြီးနောက် တောင်ငူမှ မင်းရဲသီဟသူ နှင့် ပြည်မှ မင်းကြီးနှောင်း တို့ ပူပေါင်းကာ ညောင်ရမ်းကို တိုက်ရန်စီစဉ်သော်လည်း မင်းကြီးနှောင်း ကို အထိန်းတော်ရန်နိုင်စား က လှေပေါ်အတက်တွင် လုပ်ကြံသဖြင့် ပြည်တပ်များ မချီတက်နိုင်သကဲ့သို့ တောင်ငူတပ်များလည်း ပြန်လည် ဆုတ်ခွာသွားသည်။ ပြည်တပ် မှ စလင်းစား နှင့် ငွေတရဖျား တို့လည်း အင်အား အလုံးအရင်းနှင့် ညောင်ရမ်းသို့ ခိုလှုံသွားသည်။

ခရစ်နှစ် ၁၆၀၀ တွင် အင်းဝနန်းကို သိမ်းပိုက်ကာ မဟာသီဟသူရဘွဲ့ ဖြင့် မင်းအဖြစ်ကို ခံယူသည်။ သားတော် သခင်လတ် (နောင်တွင် အနောက်ဘက်လွန်မင်း) ကို ဥပရာဇာဖြင့် အိမ်ရှေ့အရာပေးသည်။ သခင်လတ် မှာ ညောင်ရမ်းမင်းတရား အတွက် အလွန်အားထားရသည့် စစ်ဗိုလ်ချုပ်လည်း ဖြစ်သည်။ ထိုစဉ်က အသက် (၂၃) နှစ်ခန့်သာ ရှိသေးသည်။ တစ်နှစ်ခန့်အကြာတွင် ရမည်းသင်းအား သိမ်းပိုက်သည်။

ထို့နောက် ညောင်ရွှေ ၊ ဗန်းမော် ၊ မိုးနဲ ၊ မိုးကောင်း ၊ သိန္နီ ၊ သီပေါ အစရှိသည့် ရှမ်းပြည် တစ်လွှားကို သိမ်းသွင်းသည်။ ထိုတိုက်ပွဲများအတွင်း သားတော် အိမ်ရှေ့မင်း က ဗိုလ်မင်း အဖြစ်နှင့် တိုက်ပွဲတိုင်းကို အစွမ်းပြအောင်နိုင်သည်။

ညောင်ရမ်းမင်းတရားကြီး သည် ၉၆၇ ခုနှစ် ၊ တပေါင်းလပြည့်ကျော် တစ်ဆယ့်တစ်ရက် သောကြာနေ့ ၊ သိန္နီ မှ စစ်ချီပြီး ပြန်အလာ ညောင်ရမ်းမင်းတရားကြီး သည် စစ်ခရီးတွင် လူ့ပြည်ငြီး၍ နတ်ပြည်စံတော်မူသည်။ ညောင်ရမ်းမင်းတရားကြီး သည် အင်းဝ သို့ နန်းတက်ချိန်မှစ၍ ၅ နှစ်မြောက်တွင် နတ်ရွာစံသွားရခြင်း ဖြစ်ပါသည်။ ညောင်ရမ်းမင်းတရား နတ်ရွာစံပြီးသောအခါ သားတော် အိမ်ရှေ့မင်း က မဟာဓမ္မရာဇာဘွဲ့ ဖြင့် အင်းဝနန်းကို ဆက်ခံခဲ့ပါသည်။



ဆက်ရန်ရှိသည်.......


..................

သမိုင်းကြောင်းတွေမှာလေ Timeline ကို အမုန်းဆုံးပဲ။ သူ့ထက် ပိုမုန်းတာက ဘာလဲသိလား။ 

ဆွေမျိုးတွေ လိုက်စပ်ရတာပဲ။ TvT 

Lavender June💜

ရေးသားခဲ့သော စာတမ်းများHikayelerin yaşadığı yer. Şimdi keşfedin