အင်းဝ နှင့် ဟံသာဝတီ တို့ ၏ နှစ်လေးဆယ်စစ်ပွဲ

4 1 0
                                    

ပုဂံခေတ် ပျက်ပြီးနောက် ပင်းယ ၊ အင်းဝ ၊ စစ်ကိုင်းများ တည်ထောင်လာကြပါသည်။ ညီနောင် သုံးဦးတွင် အငယ်ဆုံးဖြစ်သော သီဟသူသည် ပင်းယကို တည်ထောင်ခဲ့ပါသည်။ မြောက်နန်းစံရတနာပုံမိဖုရားမှ ပါလာသော သားမှာ အသင်္ခယာစောယွန်းသည် စစ်ကိုင်းကို တည်ထောင်ခဲ့သူ ဖြစ်ပါသည်။ ထိုခေတ်ကာလမှာ စစ်ကိုင်း နှင့် ပင်းယ တို့သည် ခေတ်ပြိုင်နိုင်ငံ နှစ်ခု ဖြစ်ကြပါသည်။

ထိုခေတ်တွင် မြန်မာနိုင်ငံကို မြန်မာနိုင်ငံလို့ ကြည့်လို့မရပါ။ အပေါ်ပိုင်း မြောက်ပိုင်းတွင် ရှမ်းလူမျိုးစုများ ၏ ပြည်ထောင်ငယ်များ ရှိပါသည်။ အောက်ဘက်တွင် မွန်ပြည်ရှိပါသည်။ ပုဂံပြည်ကြီး ပျက်ပြီး ပင်းယလက်ထဲသို့ ရောက်ရှိသွားခဲ့သည်။ တောင်ငူသည် ပင်းယ ၊ စစ်ကိုင်းတို့နှင့် ခေတ်ပြိုင် နိုင်ငံတစ်ခုလည်း ဖြစ်ပါသည်။

ပင်းယ နှင့် စစ်ကိုင်းသည် အမြဲတမ်းလိုလို အားပြိုင်လေ့ရှိကြပါသည်။ တောင်ငူသည် ၎င်းတို့နှင့် ပြိုင်ဖက်နိုင်ငံ ဖြစ်သော်လည်း သူ့နဲ့သူ သီးသန့်ရှိသော နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါသည်။

အသင်္ခယာစောယွန်းသည် ၎င်း၏ သမီးတော် ဖြစ်သူ စိုးမင်းကိုယ်တော်ကြီးကို တကောင်းမင်းဆက် သတိုးမင်းသားနှင့် လက်ဆက် ထိန်းမြားပေးခဲ့ကြသည်။ သားတော်တစ်ပါး သမီးတော်သုံးပါး မွေးပါသည်။ တကောင်းမင်းဆက် သတိုးမင်းမှား နတ်ရွာလားပြီးတဲ့အခါမှာ တရုတ်ပြေးမင်း နရသီဟပတေ့မင်း ၏ မိဖုရား ဖွားစော ၏ အစ်မတော် ၏ မြေးတော်ဖြစ်သော မင်းပြောက် နှင့် လက်ဆက်ခဲ့ပါသည်။

မင်းပြောက်မှာ မင်းမျိုးမင်းနွယ်မှ မဟုတ်ဘဲ မင်းဖြစ်သွားခဲ့ပါသည်။ ထို့နောက် ပထမအိမ်ထောင်မှ သားဖြစ်သူ သတိုးမင်းဖျားကို တကောင်းကို မြို့စားပေးထားစေပါသည်။ ထိုအချိန်တွင် ပင်းယမင်း နရသူသည် စစ်ကိုင်းကို တိုက်ခိုက်ရန် ရှမ်းစော်ဘွားကြီး တစ်ဦးဖြစ်သော သိုချည်လွားကို တိုက်တွန်းစေပါသည်။

နရသူ သည် သိုချည်ဘွား ကို "သူ့ကို မြို့အခွံကိုသာ ပေးပြီး နောင်တော်က လိုအပ်သမျှကို ယူသွားပါ" ဟု ပြောခဲ့ပါသည်။ သိုချည်ဘွား မှာ စစ်ကိုင်းကို တိုက်ဖို့ ဆင်းလာစဉ်တွင် တကောင်းမှ သတိုးမင်းဖျားက ခံတိုက်ပါသည်။ ခံတိုက်ပေမယ့်လည်း တကောင်းဘက်က ကျရှုံးသွားခဲ့ပါသည်။ တကောင်းကျသွားသော အချိန်တွင် သတိုးမင်းဖျားသည် သိုချည်ဘွား နှင့် သွားရောက်၍ ဆွေးနွေးခဲ့ပါသည်။

ရေးသားခဲ့သော စာတမ်းများNơi câu chuyện tồn tại. Hãy khám phá bây giờ