ပေါ်တူဂီ တို့နှင့် ဆက်ဆံရေး

2 1 0
                                    

ဗြိတိသျှ အင်္ဂလိပ်များသည် ၎င်းတို့ ၏ နေမဝင်အင်ပါယာကြီးအား ချဲ့ထွင်ချင်ကြပါသည်။ အင်္ဂလိပ်တွေသာမက ဥရောပသားတို့သည်လည်း ၎င်းတို့ကလည်း နယ်မြေကို ချဲ့ထွင်နေကြပါသည်။ အိန္ဒိယနိုင်ငံသည် အင်္ဂလိပ် လက်အောက်သို့ ကျရောက်သွားပြီး အိန္ဒိယတွင် ဥရောပသား အများစု နေထိုင်ကြပါသည်။

ဥရောပသားများ နယ်မြေချဲ့ထွင်ခြင်းမှာ ၎င်းတို့၏ စီးပွားရေး ပိုမိုပြီး ချဲ့ထွင်ခြင်းကြောင့် ဖြစ်ပါသည်။ ၎င်းတို့ အာဏာကို ရသောအခါ ငွေသည် အာဏာနှင့်တွဲ၍ ပါလာခြင်းကြောင့် ၎င်းတို့ နယ်မြေချဲ့ထွင်ရခြင်း အကြောင်းလည်း ဖြစ်ပါသည်။ ငွေနှင့် အာဏာသည် အမြဲပင် ဆက်စပ်လျက် ရှိပါသည်။

ဥရောပသားတို့၏ နှစ် (၁၀၀) စစ်ပွဲအပြီးတွင် ၎င်းတို့ ၏ ငွေအင်အား ၊ လက်နက်အင်အား အတော့် အတော်ကို ဆုံးရှုံးလိုက်ပါသည်။ အဲ့ဒီ့ခေတ် အချိန်အခါတွင် စက်မှုလုပ်ငန်းသည် ထွန်ကားနေသောအရာ ဖြစ်ပါသည်။ ထိုခေတ်တွင် စက်ရုံများ စတင်ပေါ်ပေါက်လာသည်။ ထို့ကြောင့် ၎င်းတို့၏ ကုန်ထုတ်စွမ်းအား ကောင်းလာပါသည်။ ထိုထွက်လာသော ကုန်ပစ္စည်းများကို တင်သွင်းရောင်းချဖို့အတွက် ၎င်းတို့အတွက် ဈေးကွက်လိုအပ်ပါသည်။ ထို့ကြောင့် ၎င်းတို့သည် နိုင်ငံရပ်ခြားများကို သွားရောက်၍ ကုန်စည်များကို ရောင်းချပါသည်။

နိုင်ငံရပ်ခြားသို့ သွားရောက်၍ ကုန်စည်များ ရောင်းချမည်ဆိုလျှင် ထိုနိုင်ငံ ၏ ဘုရင် ကို အခွန်ပေးရပြီး ၎င်းတို့ ကုန်စည်ရောင်းချမည့် နေရာတွင် အာဏာရှိသည့် သူကို ဘဏ္ဍာ ဆက်သရပါသည်။ ၎င်းတို့ ၏ ကုန်စည်များကို ရောင်းချပြီဆိုလျှင်လည်း ဈေးကွက်ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်လာပါသည်။ ၎င်းတို့ ကုန်စည်ရောင်းချသော တစ်နိုင်ငံပြီး တစ်နိုင်ငံမှာသာ ရှိသော ကုန်ကြမ်းများကို ၎င်းတို့ နိုင်ငံသို့ ယူသွားပြီး မျိုးစုံများစွာသော ကုန်ချောများကို တစ်ကမ္ဘာလုံးကို ပြန်၍ ဖြန့်ဖြူးရောင်းချပါသည်။

ပိုက်ဆံကြောင့်သာ ၎င်းတို့က နယ်ချဲ့ခြင်းတို့ ၏ အဓိက အရင်းအမြစ်ကြောင့် ဖြစ်ပါသည်။ ၎င်းတို့ တစ်နိုင်ငံပြီး တစ်နိုင်ငံကို သိမ်းပိုက်ပြီးလျှင် ထိုနိုင်ငံ ၏ ဥပဒေပြုရေး ၊ တရားစီရင်ရေးများကို ပြုပြင်ရပါသေးသည်။ ၎င်းတို့သည် စီးပွားရေးဈေးကွက်လုပ်ပြီးလျှင် ၎င်းစီးပွားရေး ဈေးကွက်များကို စတင်ခြယ်လှယ်အုပ်ချုပ်ပြီး ထိုစီးပွားရေးမှ ပိုက်ဆံများ နှင့် ကြေးစားများကို ရလာပါသည်။

ရေးသားခဲ့သော စာတမ်းများOù les histoires vivent. Découvrez maintenant