ရှမ်းလူမျိုးများအကြောင်း

4 1 0
                                    

ရှမ်းလူမျိုးများသည် အရှေ့တောင်အာရှဒေသတွင် နေထိုင်ကြသည့် တိုင်လူမျိုးနွယ် တစ်ခု ဖြစ်ပါသည်။ ရှမ်းလူမျိုးတို့သည် တရုတ်ပြည် ၊ ယူနန်ပြည်နယ်တွင် ရှိခဲ့သော နန်ကျောင်ပြည်တွင် နေထိုင်ခဲ့သော လူမျိုးစု ဖြစ်ပါသည်။ ရှမ်းလူမျိုးတို့မှာ တိဘက် - တရုတ်မျိုးရင်း ဖြစ်ကြသည်။

နန်ကျောင် (နန်ကျောင်း ဟုလည်း အရေးအသားရှိ) အနွယ်ဝင် (ရှမ်း - တိုင်း) များ ဖြစ်ကြသည်။ အေဒီ (၉) ရာစု အစဦးတွင် တရုတ်ထန်မင်းဆက် ၏ တန်ခိုးထွားလာမှုအောက်တွင် နန်ကျောင်ပြည်ကြီး (ယခု ယူနန်ပြည် ၊ တာလီဒေသ) ပြိုလဲပြီး အင်အားနည်းပါးသွားခဲ့ရသည်။

သို့သော် အလုံးစုံ ပျက်စီးသွားသည်ဟု မဆိုနိုင်ဘဲ ထန်မင်းဆက်ကုန်၍ စုန်မင်းဆက် လက်ထက်ထိတိုင် ရပ်တည်နေထိုင်ခဲ့သေးသည်။ မွန်ဂိုဘုရင် ဂျင်ဂစ်ခန် မှာ ပြည်မကို ဝင်သိမ်းခဲ့ကြသည်။ မွန်ဂိုတို့သည် ပြည်မကို ဝင်သိမ်းရန်ကို အမြဲချောင်းနေခဲ့ကြသည်။

ထို့ကြောင့် တရုတ်ပြည် ၏ ပထမဆုံးဘုရင် ချင်စစ်ဟွမ်တိ သည် မဟာတံတိုင်းကြီးကို ဆောက်ခဲ့ပါသည်။ မွန်ဂိုများ ဝင်လာလို့ မရအောင် မဟာတံတိုင်းကြီးကို ဆောက်လိုက်ခြင်း ဖြစ်ပါသည်။ မဟာတံတိုင်းကြီးကို တည်ဆောက်ရာတွင် လူအများအပြား‌ သေဆုံးခဲ့ကြသည်။

ဒါပေမယ့် မွန်ဂိုများဟာ ပြည်မကို သုံးပြည်ထောင်ခေတ်အလွန်တွင် သိမ်းပိုက်နိုင်ခဲ့ပါသည်။ ထို့နောက် တရုတ်ပြည်ရှိ တိုင်းရင်းသား ပြည်ထောင်ငယ်များ အင်အားကျဆင်းလာခဲ့ကြသည်။ တရုတ်ပြည် တစ်ခုလုံးကို မွန်ဂိုများ အာဏာလွှမ်းမိုးသွားသောအခါ နန်ကျောင်ပြည်ရှိ လူများသည် ထွက်ပြေးလာခဲ့ကြပါသည်။ (ထိုအချိန်တွင် မြန်မာနိုင်ငံ ခေတ်မှာ ဗိဿနိုးပျူခေတ် မတိုင်မီခေတ် ဖြစ်ပါသည်။)

နန်ကျောင်ပြည်သူများသည် မြန်မာနိုင်ငံ ၊ ထိုင်းနိုင်ငံ ၊ လာအိုနိုင်ငံ နှင့် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးလာခဲ့ကြသည်။ ထိုသို့ဖြင့် နေထိုင်လာရာမှ လူမျိုးများ ရောထွေးလာကြသည်။ ထိုသို့ဖြင့် မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်မှ ရှမ်းလူမျိုးများအဖြစ် လည်းကောင်း ၊ လာအိုနိုင်ငံတွင် မှုန်း လူမျိုးများအဖြစ် လည်းကောင်း ၊ ထိုင်းနိုင်ငံတွင် ထိုင်းလူမျိုးများ အဖြစ်လည်း ကောင်း ပျံ့နှံ့သွားခဲ့ကြသည်။

သို့သော် ရှမ်းလူမျိုးများမှာလည်း ကချင်လူမျိုးများကဲ့သို့ပင် တောတောင်ထူထပ်သည့် ဒေသတွင် အခြေချခဲ့ကြသည့်အတွက် လူမျိုးစု အများအပြား ကွဲပြားခဲ့ပြီး ယဉ်ကျေးမှု ဘာသာစကားတို့ပါ အနည်းငယ်စီ ကွဲပြားကြပါသည်။ ထိုကဲ့သို့ လူမျိုးစုများ ၊ ဘာသာစကားများ ကွဲရာတွင် ရှမ်းလူမျိုးစု (၃၄) မျိုး ပေါ်ပေါက်လာကြသည်။

၎င်းတို့မှာ - ရှမ်း ၊ ယွန်း (လာအို) ၊ ကွီ ၊ ဖျင် ၊ သအို ၊ ဓနော ၊ မလေး ၊ အင် ၊ စုံ(ဆံ) ၊ ခမူ ၊ ကော် (အခါ-အီကော) ၊ ကိုးကန့် ၊ ခန္တီရှမ်း ၊ ဂုံ ( ခွန် ) ၊ တောင်ရိုး ၊ ဓနု ၊ ပလောင် ၊ မြောင်ဇီး ၊ ယင်းကြား ၊ ယင်းနက် ၊ ရှမ်းကလေး ၊ ရှမ်းကြီး ၊ လားဟူ ၊ အင်းသား ၊ အိုက်ဆွယ် ၊ ပအိုဝ်း ၊ တိုင်းလွယ် ၊ တိုင်းလျမ် ၊ ထိုင်းလုံ ၊ တိုင်းလေ့ ၊ မိုင်းသာ ၊ မောရှမ်း ၊ ဝ တို့ ဖြစ်ကြပါသည်။

ထင်ရှားသော ရှမ်းလူမျိုးများမှာ - မြန်မာနိုင်ငံ ၏ ပထမဆုံး သမ္မတကြီး စဝ်ရွှေသိုက် ၊ အာဇာနည်ဝန်ကြီး မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း ၊ လဲချားစော်လွားကြီး သရေစည်သူစဝ်နွံ ၊ ဗိုလ်စောနောင် (ရဲဘော်သုံးကျိပ်) ၊ ဗိုလ်စောအောင် (ရဲဘော်သုံးကျိပ်) ၊ ဗိုလ်မိုးညို (ရဲဘော်သုံးကျိပ်) ၊ တေပြုစာဆို ဒေါက်တာ စိုင်းခမ်းလိတ် ၊ တေးရေးဆရာ အဆိုတော် စိုင်းထီးဆိုင် ၊ တေးရေးဆရာ အဆိုတော် ဆိုင်မောဝ် / စိုင်းဆိုင်မောဝ် ၊ ရောခ် အဆိုတော် လေးဖြူ ၊ အဆိုတော် စိုင်းအောင်ထီးခမ်း ၊ အဆိုတော် ဘိုဖြူ ၊ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ၊ သရုပ်ဆောင် ဝတ်မှုန်ရွှေရည် တို့ ဖြစ်ကြပါသည်။



ဆက်ရန်ရှိသည်.......


..................


Lavender June💜

ရေးသားခဲ့သော စာတမ်းများWhere stories live. Discover now