သာလွန်မင်း

2 1 0
                                    

သာလွန်မင်း ကို ၁၇ ဇွန် ၊ ၁၅၈၄ ၊ မြန်မာသက္ကရာဇ် ၉၄၆ (နယုန်လဆန်း ၁၀ ရက်) ၊ တနင်္ဂနွေနေ့ တွင် မွေးဖွားခဲ့ပါသည်။ ဖခမည်းတော်မှာ ညောင်ရမ်းမင်း ဖြစ်ပြီး မယ်တော်မှာ ခင်ဘုန်းမြတ် ဖြစ်ပါသည်။

သတိုးဓမ္မရာဇာဘွဲ့ဖြင့် နန်းတက်သည်တိုင် သာလါန်မင်း ဟု ခေါ်ကြခြင်းမှာ "တိုင်းကားပြည်ရွာ သာလွန်သောကြောင့် လည်းကောင်း ၊ ရွှေနန်းတော်ထက်တွင် သာယာစွာ လွန်ရသောကြောင့်လည်းကောင်း သာလွန်မင်း ဟု ခေါ်ခြင်း ဖြစ်ပါသည်" ဟု ဆိုကြပါသည်။

ငယ်အမည်အရင်းမှာ မင်းရဲသင်္ခသူ ဖြစ်ပါသည်၊ ခရစ်နှစ် ၁၆၃၃ ၊ ဒီဇင်ဘာ ၁၄ တွင် ဟံသာဝတီနန်းတွင် ဘိသိက်ခံကာ မင်းအဖြစ်ခံယူသည်။ ဘိသိက်တင်ရာတွင် ဖွင့်ပွဲအခမ်းအနားများတွင် မြန်မာအမတ် ၊ မွန်အမတ် ၊ ယွန်းအမတ်များ ခြံရံကာဖြင့် ဆင်ယင်ကျင်းပခဲ့သည်။ ထို့နောက် ယိုးဒယားသို့ သံတမန်စေလွှတ်ခဲ့သည်။ သို့သော် ဟံသာဝတီတွင် နန်းတက်၍ မကြာမှီတွင် ပုန်ကန်မှုများ နှင့် ရင်ဆိုင်ရသည်၊ ပုန်ကန်သူများ မော်လမြို့သို့ ပြေးသည်ကို လိုက်လံ၍ နှိမ်နှင်းရသေးသည်။

၁၆၃၄ တွင် သာလွန်မင်းသည် မင်းနေပြည်တော်ကို ဟံသာဝတီမှ အင်းဝသို့ တဖန်ပြန်လည် ပြောင်းရွှေ့စံမြန်းသည်။ နန်းတော် ၏ အစီအရင်များ စီရင်ပြီး ၁၆၃၅ တွင် မှ အင်းဝနန်း ကို သိမ်းပိုက် စိုးစံပါသည်။ ညီတော် မင်းရဲကျော်စွာကို အိမ်ရှေ့စံအရာပေးကာ မူးမတ်များကို ဘွဲ့အမည် နှင့် တကွ ချီးမြှင့်လေသည်။ ၁၆၃၆ တွင် ကောင်းမှုတော် ရာဇစူဠာမဏိစေတီ (စစ်ကိုင်းကောင်းမှုတော်) ကို အုတ်မြစ်ချခဲ့သည်။

သာလွန်မင်း ၏ မိဖုရားများမှာ ခင်မျိုးစစ် ၊ ခင်ထက်နှင်း နှင့် ခင်မြတ်ဆက် တို့ ဖြစ်ကြပါသည်။ သားသမီးများမှာ ပင်းတလဲမင်း ၊ ပြည်မင်း ၊ နေမျိုးရဲကျော် ၊ ခင်မမင်းစစ် အပါအဝင် သားတော် (၁၁) ဦး နှင့် သမီးတော် (၂၀) ဦး တို့ ရှိကြပါသည်။ နန်းတွင်း ပုန်ကန်မှုများအပြီး တစ်နှစ်အကြာ ၁၆၄၈ ခုနှစ်တွင် သာလွန်မင်း သည် အင်းဝနန်းတော်၌ နတ်ရွာစံခဲ့ပါသည်။ နန်းသက် (၁၉) နှစ် ၊ သက်တော် (၆၅) နှစ် အဝင်တွင် ဖြစ်ပါသည်။ သာလွန်မင်း နတ်ရွာစံပြီးသော် သားတော် အိမ်ရှေ့စံ ပင်းတလဲမင်း က ဆက်လက်၍ ထီးနန်းကို ဆက်ခံခဲ့ပါသည်။



ဆက်ရန်ရှိသည်.......


..................

တကယ် မှန်ရာကို ပြောတာပါ။ အရင်ခေတ် ဘုရင် တစ်ပါး ဖြစ်ချင်မိတယ်။ 

မိန်းမတွေ အများကြီး ယူချင်လို့ TuT 

မင်းတုန်းမင်း ကတော့ idol ကြီးပါ <3

Lavender June💜

ရေးသားခဲ့သော စာတမ်းများNơi câu chuyện tồn tại. Hãy khám phá bây giờ