ပဲခူး (ဟံသာဝတီ)

2 1 0
                                    

ရှေးဟောင်းမြို့တော် ဟံသာဝတီသည် ယခု ပဲခူးမြို့ နေရာတွင် ရှိခဲ့သော ရှေးမွန် နှင့် မြန်မာ တို့ ၏ မင်းနေပြည်တော် ဖြစ်ခဲ့ပါသည်။ မြို့တော်ဟောင်းသည် ရန်ကုန်မြို့မှ မော်တော်ကားလမ်း အကွာအဝေး မိုင် ၅၀ ကျော်တွင် တည်ရှိပါသည်။ ရှေးနန်းတော်ရာဟောင်း နေရာများကို သမိုင်းဝင် ဗုဒ္ဓသာသနိက အဆောက်အဦးများ နှင့် စေတီပုထိုးများကို ယနေ့တိုင် တွေ့ရှိနိုင်ပါသေးသည်။

ဝါရီရူ သည် ယိုးဒယားဘုရင် ၏ လက်အောက်ခံ တစ်ယောက်ဖြစ်ပါသည်။ ဝါရီရူသည် ယိုးဒယား ဘုရင် ၏ လက်အောက်မှ ထွက်လာပြီး မုတ္တမ ကို သိမ်းပြီး မုတ္တမ မှာ နေပါသည်။ ပဲခူးမြို့စား သရဖျား နှင့် မိတ်ဖွဲ့ပြီး မြန်မာပြည် အောက်ပိုင်း တစ်ခုလုံးကို သိမ်းပါသည်။ သရဖျား နှင့် ဝါရီရူ က အာဏာလုကြရင်း ရန်ဖြစ်ကြပါသည်။

ဝါရီရူ က သရဖျား ကို လုပ်ကြံလိုက်ပါသည်။ ထို့နောက် ဟံသာဝတီပြည်ကို စတင်တည်ထောင်ခဲ့ပါသည်။ ၁၃၆၉ ခုနှစ်တွင် (ပုဂံမင်းဆက်ပျက်သုဉ်းသွားချိန်) ဝါရီရူ က မုတ္တမ မှ ဟံသာဝတီကို မြို့တော် ပြောင်းရွှေ့ခဲ့ပါသည်။ ထိုအချိန်တွင် အင်းဝမင်းဆက် နှင့် ဟံသာဝတီမင်းဆက်တို့က စတင်တည်ထောင်နေပါသည်။ ပဲခူးက ဝါရီရူပြောင်းရွှေ့လာတဲ့ အတွက်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းမှာ မွန်ပဒေသရာဇ်အင်ပါရာကို တည်ထောင်ခဲ့ပါသည်။

အင်းဝ နှင့် ဟံသာဝတီ နှစ်လေးဆယ် စစ်ပွဲဖြစ်သောကြောင့် မြန်မာအောက်ပိုင်းမှာ အပိုင်းပိုင်းကွဲသွားပြီး မွန်ပဒေသရာဇ် အင်ပါရာမှာလည်း အင်အား ကျလာခဲ့ပါသည်။ အင်းဝပြည် က ရှမ်းစော်ဘွားများ ၏ လက်အောက်ကို ကျရောက်သွားပြီး ဟံသာဝတီကလည်း တပင်ရွှေထီး ၏ လက်အောက်ကို ကျရောက်သွားခဲ့ပါသည်။

ဘုရင်မ ရှင်စောပု သည် အင်းဝဘုရင် ၃ ပါး ဆက်တိုက် ၏ မိဖုရားခေါင်ကြီး ဖြစ်ခဲ့ပါသည်။ ဘုရင် ၃ ဆက် ၏ မိဖုရားခေါင်ကြီး ဖြစ်ခဲ့သူ ဖြစ်ပါသည်။ ဘုရင်မကြီး ရှင်စောပု သည် သူမ အသက်ကြီးလာတော့ အင်းဝမှာ မနေချင်တော့ဘဲ သူမ ၏ တိုင်းပြည်ဖြစ်သော ဟံသာဝတီကို ပြန်သွားချင်ပါသည်။ ဘုရင်များကို ခွင့်တောင်းသော်လည်း မည်သူကမျှ ခွင့်မပြုပေ။ ဟံသာဝတီမှ ကိုယ်တော် ၂ ပါး က ဘုရင်မကြီးဆီကို အမြဲတမ်း ဆွမ်းစားကြွ ၊ တရားလာဟော ပေးလေ့ ရှိပါသည်။ ကိုယ်တော် ၂ ပါး ထဲမှ တစ်ပါး ၏ အမည်မှာ ဓမ္မစေတီ ဖြစ်ပါသည်။

ရေးသားခဲ့သော စာတမ်းများNơi câu chuyện tồn tại. Hãy khám phá bây giờ