ညောင်ရမ်းခေတ် (တောင်ငူခေတ် ဒုတိယပိုင်း)

2 1 0
                                    

မြန်မာနိုင်ငံ ၏ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံသည် ပျူမြို့ပြနိုင်ငံများမှ ဆင်းသက်လာပါသည်။ မြို့ပြနိုင်ငံဆိုသည်မှာ လူမျိုးစု အချင်းချင်း စုစည်းနေထိုင်လာကြသည်ကို ဆိုလိုပါသည်။

ကြေးဝါခေတ်တွင် ကြေးဝါဖြင့် ပြုလုပ်သော ပစ္စည်းများ စတင်ဖြစ်ပေါ်လာပါသည်။ ထိုအခါတွင် အမျိုးသားကြီးစိုးသောဝါ စတင်ဖြစ်ပေါ်လာခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ပန်းပဲ ၊ အမဲလိုက်ခြင်း တို့သည် အဓိက ကျသော အရာများ ဖြစ်လာသောကြောင့် ဖြစ်ပါသည်။ ပန်းပဲ အဓိက ကျရခြင်းမှာ အမဲလိုက်ရာတွင် အသုံးပြုသော လက်နက်ကိရိယာများကို ပန်းပဲပညာဖြင့်သာ လုပ်ရခြင်းများကြောင့် ပန်းပဲသည် အဓိကကျရခြင်း ဖြစ်ပါသည်။

ပန်းပဲလုပ်ခြင်း ၊ အမဲလိုက်ခြင်းတို့သည် ကိုယ်ခွန်အားကို အဓိက အားထားရသော ပညာရပ်များလည်း ဖြစ်ပါသည်။ ထိုခေတ်ကာလနောက်ပိုင်းများတွင် ၎င်းတို့က လက်နက်အင်အားများဖြင့် ကျွန်များ ၊ မြေယာများကို စတင်ပိုင်ဆိုင်လာကြပါသည်။ ၎င်းတို့သည် ကိုယ့်လူမျိုးစုဖြင့် အစုအဖွဲ့နေ၍ ထိုခေတ်ကာလတွင် စတင်ပြီး မြို့ပြနိုင်ငံများ ဖြစ်ပေါ်လာပါသည်။ ထို့ကြောင့် ကြေးဝါးခေတ်နှောင်းပိုင်းတွင် မြို့ပြနိုင်ငံများ စတင်ဖြစ်ပေါ်လာပါသည်။

မြန်မာနိုင်ငံတွင် အစောဆုံး နှင့် မှတ်တမ်းအကျန်ရှိဆုံး မြို့ပြနိုင်ငံမှာ ပျူမြို့ပြနိုင်ငံ ဖြစ်ပါသည်။ ပျူမြို့ပြနိုင်ငံ ပျက်သုဉ်းသွားပြီးနောက် မင်းကြီး သမုဒ္ဒရာဇ်မင်း (ပျူနောက်ဆုံးဘုရင် ၏ တူတော်) သည် ပုဂံ ၏ ပတ်ဝန်းကျင်ရှိ မြို့ ၊ ရွာငယ်များကို စုဆောင်းပြီး ပုဂံနိုင်ငံကို တည်ထောင်ခဲ့ပါသည်။ အနော်ရထာမင်းစော လက်ထက်တွင် ၎င်းသည် စစ်အင်အားကို ချဲ့ထွင်နိုင်ခဲ့ပါသည်။

စစ်အင်အားတိုးချဲ့ခဲ့ရခြင်းမှာ စီးပွားရေးအင်အားကောင်းခဲ့သောကြောင့် ဖြစ်ပါသည်။ စီးပွားရေး နှင့် နိုင်ငံရေးသည် ဆက်စပ်မှုရှိပါသည်။ စိုက်ပျိုးရေး အထွက်တိုးမှုများလာခြင်းကြောင့် မင်းဘဏ္ဍာလည်း တိုးလာပါသည်။ ဘဏ္ဍာတိုးပွားလာသည်နှင့်အမျှ စစ်အင်အားဘက်ကိုလည်း ဖြည့်စွက်ပေးနိုင်ပါသည်။ ထို့ကြောင့် ထိုနိုင်ငံမှ စစ်အင်အားသည် တိုးတက်လာပါသည်။ ထိုအခါ အနော်ရထာမင်းစောသည် ၎င်း ၏ ပုဂံအင်ပါယာကို စတင်၍ ချဲ့ထွင်လာပါတော့သည်။

ရေးသားခဲ့သော စာတမ်းများOù les histoires vivent. Découvrez maintenant