ဆေးရုံမှာ ဆေးစာရွက်ကိုကိုက်ထားတဲ့ကောင်မလေး တစ်ယောက်...
အတွေးတွေထဲနှစ်မျောနေတဲ့ ကောင်မလေး..."ယွန်းဂျီယွန်း ဝင်လာလို့ရပါပြီ" သူမ၏အဖွားဖြစ်သူနှင့်အတူ ဆရာဝန်အခန်းထဲသို့ ဝင်သွားသည်...
"ယွန်းဂျီယွန်း က အသက်ရှုကျပ်တာနဲ့ပတ်သက်ပြီး ပန်းနာရင်ကျပ်လို့ပြောလို့ရတဲ့ရောဂါဖြစ်နေတာပါ တောင်ပေါ်ဒေသ အောက်ဆီဂျင်များတဲ့ နေရာမျိုးမှာသွားနေတာ ကောင်းပြီး လက်တလောအနားယူရင်ကောင်းမှာပါ"
နောက်တစ်နေ့...မှာ ဂျီယွန်းကို သူ့မိဘတွေနဲ့အဖွားက သူ့အဖေရဲ့မွေးရပ်မြေကို အဖွားနဲ့အတူသွားရန်ဆုံးဖြတ်လိုက်ကြတယ်...
ဂျီယွန်းကတော့ ငယ်ငယ်ထဲက ကလေးသရုပ်ဆောင်ဖြစ်ပြီး လူအများရဲ့စိတ်ဝင်စားခြင်းခံခဲ့ရတာကြောင့် လွှတ်လွှတ်လပ်လပ်မနေခဲ့ရပါဘူး အလုပ်လုပ်ရင်း ကျောင်းတက်တော့ နားချိန်မရှိတဲ့အတွက် ပင်ပန်းပြီး စိတ်ဓာတ်ကျမှုတွေကို အောင်မြင်မှု ကျော်ကြားမှုနဲ့အတူ ရရှိလာခဲ့တာပါ ဖခင်ဖြစ်သူက ပညာရေးမှူးတစ်ယောက်ဖြစ်ပြီး အဖွားဖြစ်သူကလဲ ကျောင်းဆရာမဟောင်းဖြစ်လို့ တစ်ဦးတည်းသောသမီးဖြစ်တဲဂျီယွန်းကိုပညာရေးဘက်လဲလက်မလျော့စေချင်ဘူး မိခင်ဖြစ်သူ ငယ်စဥ်ကဝါသနာပါခဲ့သောသရုပ်ဆောင်အလုပ်ကို သမီးဖြစ်သူကိုလုပ်စေချင်ပါတယ်... အခုချိန်ကတော့ ဂျီယွန်အသက်16နှစ်ဖြစ်ပြီး အထက်တန်း ပထမနှစ်ပါ အရမ်းတိတ်ဆိတ်ပြီး မြိုသိပ်ထားတဲ့သူ ဂျီယွန်း...မိဘတွေရဲ့မွေးရပ်မြေကိုအဖွားနဲ့အတူ ရောက်သွားခဲ့ပါတယ်...
"မြေးလေးရေ...အရင်ကနေခဲ့တဲ့အခန်းဘဲပြင်ခိုင်းထားတယ်....မှတ်မိရဲ့လား ငယ်ငယ်ကနေခဲ့တဲ့နေရာတွေ"..."ဟုတ်"
ဂျီယွန်းက သူ့ရဲ့အခန်းလေးထဲ အိပ်ယာပေါ်တစ်ချက်လောက်လဲချလိုက်ပြီး တရေးအိပ် လိုက်တယ်...
ညနေပိုင်းလောက်မှာ သူတို့ဘေးအိမ်က ဆရာမ တစ်ဦးက လာ၍ နှုတ်ဆက်တယ် အဖွားဖြစ်သူရဲ့ တပည့်တစ်ယောက်လဲဖြစ် လက်ရှိလဲဆရာမတစ်ယောက် ဖြစ်တဲ့အပြင် ဂျီယွန်းတက်ရမဲ့အတန်းရဲ့ အတန်းပိုင်လဲဖြစ်နေတော့ အဖွားဖြစ်သူက ဂျီယွန်းကို ကျောင်းထားဖို့စီစဥ် တော့သည် ကျောင်းမှာ နောက်နှစ်လလောက်နေရင် ဖွင့်မည်ဖြစ်သောကြောင့် နောက်လ ဆိုရင် ဂျီယွန်း ဘော်ဒါဆောင်နေရမည်ဖြစ်သည် အဖွားကမိဘတွေအားကျောင်းထားဖို့ပြောသည့်အခါ မိဘတွေက စိုးရိမ်ပေမဲ့ အဖွားဖြစ်သူအားမလွန်ဆန်နိုင်သကြောင့် သဘောတူလိုက်ရပါတော့တယ်....
YOU ARE READING
ONLY YOU CAN SEE
Fantasyပန်းနာရင်ကျပ်ကြောင့် လေကောင်းလေသန့်ရတဲ့နေရာသွားနေတဲ့ တစ်ဦးတည်းသောသမီးလေးဂျီယွန်းနဲ့ ဂျီယွန်းချစ်မြတ်နိုးရတော့ ဂျီမင်းလေး ရဲ့ story လေးတစ်ပုဒ်....