Chapter 16 Final

14 2 0
                                    

ဒီလိုနဲ့ ဂျီမင်းတို့ဆောင်းရာသီပွဲတောင်ဟာ နှစ်ရက်လောက်ကုန်သွားပါပြီ
ဂျီမင်းကပြောလာပါတယ် "ခရစ္စမတ် ကိုနင်နဲ့အတူဖြတ်သန်းချင်ခဲ့တာ"...
ဂျီယွန်းက "ဟုတ်လား..အခုငါနဲ့အတူဖြတ်သန်းတော့ပျော်လား"...
ဂျီမင်းက "ပျော်တာပေါ့...အရမ်းအများကြီး"...

ဂျီယွန်းနဲ့ဂျီမင်းဟာ စကားပြောနေကြရင်း
ဂျီယွန်းက ဒီလိုပြောလာပါတယ် "ဂျီမင်း..သိလား..တကယ်တော့ဆောင်းရာသီပွဲတော်ဆိုတာ..အကြောင်းပြချက်တစ်ခုဘဲ...တကယ်တော့ငါကနင့်ကိုပိုပြီးများများတွေ့ချင်သေးတာမို့လို့အဲ့ဒီဆင်ခြေပေးလိုက်ရုံလေးဘဲ"....
ဂျီမင်းက "ငါ့ကိုတွေ့ချင်လို့..အဲ့လိုလုပ်လိုက်တာလား....တကယ်လား..ယွန်းဂျီယွန်း"..
ဂျီယွန်းက "ဘာလဲ..မကြိုက်ဘူးပေါ့"..
ဂျီမင်းက "မဟုတ်တာ..အရမ်းကြိုက်တယ်"..

ဂျီယွန်းက "အဲ့တာထက်....ငါတို့ပြောစရာရှိတာတကယ်ပြောရမယ်....ရှောင်လို့မရတော့ဘူးဂျီမင်း"..."ဒီအတောအတွင်း...ငါကိုဘဲကြည့်ပြီး..ငါကိုဘဲချစ်ပြီး...ငါ့အတွက်ဘဲစဥ်းစားပေးခဲ့တာကျေးဇူးဘဲ...အကြာကြီးငါ့ဆီကသတင်းမကြားတာတောင်ဘာအပြစ်မှမတင်ဘဲ...ဘာမှမမေးဘဲ...ငါ့ဆီကိုအရောက်လာပေးလို့...ကျေးဇူးပါဘဲ"...

ဂျီမင်းက "မဟုတ်တာ...မဟုတ်ပါဘူးး..မပြောနဲ့"...ဆိုပြီး ဂျီယွန်း စကားပြောနေတာကိုတားပါတယ်

ဂျီယွန်းက "မဟုတ်ဘူး...ငါ့ဆီဘဲလာပြီး..ဘယ်သူ့ထက်မဆိုငါ့ကိုပိုပြီးချစ်တဲ့နင့်ကို...အဲ့တာကြောင့်ငါကပိုပြီးပိုင်ဆိုင်ချင်လာတာ..ငါကဘဲသူများထက်ပိုချစ်ပေးချင်ပေမဲ့...ငါကနင့်ဆီမသွားခဲ့ဘူး...ဟိုဆင်ခြေဒီဆင်ခြေနဲ့နင့်အနားရောက်အောင်မလာနိုင်ခဲ့ဘူး..ငါလဲလုပ်ပေးချင်ပေမဲ့..နင့်အတွက်ငါကအားကိုးလိုရြတဲ့လူတစ်ယောက်မဖြစ်ပေးနိုင်တော့ဘူး...နင့်ကိုဘဲငါ့အနားလာခိုင်း...နင့်ကိုဘဲအနစ်နာခံခိုင်းပြီး...နင်ကိုအများကြီးပင်ပန်းစေခဲ့တယ်...တောင်းပန်ပါတယ်"...

ဂျီမင်းက "မဟုတ်ဘူးငါကလာချင်လို့လာတာဖြစ်ပြီး..နင့်မိဘတွေအတွက် အဆင်မပြေလဲငါကနင့်အတွက် တစ်သက်လုံးဘယ်သူ့ကိုမှမပြောဘဲနေပေးနိုင်တယ်"...

ဂျီယွန်း "မဟုတ်ဘူး...မဟုတ်ဘူး...နင်ကပင်ပန်းမယ်မဟုတ်လား..နင်ကအများကြီးပင်ပန်းနေရမှာ..အဲ့တာကြောင့်မို့......ငါက..နင့်ကိုအချစ်ခံပြီးပျော်ပျော်ရွှင်ရွှင်နေစေချင်တယ်...ငါ့လိုလူအတွက်နဲ့..နင်ကအဲ့လိုနေလို့မဖြစ်ဘူးလေ.....ငါကနင့်အတွက်အိမ်ဖြစ်ပေးနိုင်မှာမဟုတ်တော့ဘူး"....

...."ငါ့ကိုချစ်ရင်..နင့်ဘဝကိုကောင်းကောင်းဖြတ်သန်းပေးနော်...နင့်ဘဝကငါ့အသက်မို့လို့"...

ဂျီမင်းက "အဲ့တာဆိုရင်...အဲ့တာဆိုရင်လဲ...ငါကထွက်သွားပေးမယ်...ဒါပေမယ့်... ငါ့ကိုစောင့်နေပေး...ငါကနင့်ကိုအဲ့ဒီလှောင်းရိပ်ထဲက..ဆွဲထုတ်ပေးမှာမို့လို့..ငါ့ကိုစောင့်နေပေး.."...

ဂျီယွန်းက "ငါက..ရှေ့ရှောက်ဘာတွေဖြစ်မလဲဆိုတာမပြောနိုင်ပေမဲ့..ဒါတစ်ခုတော့ပြောနိုင်တယ်..ငါကနင့်ကိုတစ်သက်လုံးသတိရနေမှာ...အဲ့တာကြောင့်မို့..အရမ်းပင်ပန်းရင်မေ့လိုက်လဲရတယ်...ငါကမှတ်မိပေးနေမှာမို့လို့"...

ဒီလိုနဲ့ ဂျီယွန်း နဲ့ဂျီမင်းဟာ လမ်းခွဲခဲ့ကြပါတယ် လူတိုင်းမှာအရမ်းချစ်ခဲ့တဲ့လူတစ်ယောက်စိတော့ရှိကြမှာပါ

တစ်ခါတလေ လူတွေဟာ ပတ်ဝန်းကျင်ကြောင့် မိသားစုကြောင့် တစ်ဖက်လူကြောင့် ကိုယ့်အသဲကိုခွဲရတဲ့အချိန်မျိုးရှိတက်ပါတယ်
ကိုယ်အသဲကိုခွဲရတယ်ဆိုတာ အနာကျင်ဆုံးနဲ့ အပင်ပန်းဆုံးအရာတစ်ခုပါ ဂျီယွန်းဟာ ဂျီမင်းအပေါ်ကို အားနာလွန်းလို့ ကိုယ့်အသဲကိုခွဲလိုက်ပေမဲ့ သူကိုယ်တိုင်က နာကျင်ဆုံးလူပါ
တစ်ခါတစ်လေ...ကိုယ်အချစ်ဆုံးလူကို....ကိုယ့်ကြောင့်နဲ့ပင်ပန်းနေတာမျိုး.....မတွေ့ချင်တာကြောင့်... ထပ်ပြီးလောဘမကြီးနိုင် ဆုတ်ကိုင်မထားနိုင်ဘဲ .....လက်လွတ်လိုက်ရတာမျိုးရှိတက်ပါတယ်........

~~~~~~~~
20 11 2024
Abigail

ဖတ်ပေးကြလို့ကျေးဇူးပါနော်
အမှားပါတာလေးတွေလဲ ခွင့်လွှတ်ပေးကြပါနော်






ONLY YOU CAN SEE Where stories live. Discover now