ဒီလိုနဲ့ ဂျီယွန်းတို့ဟာ လေ့လာရေးခရီးထွက်ပြီးတာ နှစ်ပတ်တောင်ရှိပါပြီ
အဆောင်မှာနေ့လယ်စာစားနေရင်း ဂျီမင်းကဂျီယွန်းကို "ငါညနေပိုင်းအိမ်ပြန်မလို့ ဝတ်စရာလဲမရှိလို့သွားယူရမယ် လိုက်ခဲ့မလား"...
ဂျီယွန်းက "လိုက်ခဲ့မယ်လေ..သွားစရာနေရာမရှိဘူး..အိမ်လဲမပြန်ချင်ဘူး"....~~~~~
ဂျီမင်းအိမ်ရောက်တော့ ဂျီယွန်းက "အိမ်က..ဘာလို့ဒီလောက်ထိတိတ်ဆိတ်နေတာလဲ" ဂျီမင်းက "အာ..ငါနင့်ကိုမပြောမမိဘူးလားငါတို့အဖေအမေခရီးသွားတယ်..အမကကျောင်းပြန်သွားတယ်..အဒေါ်ကြီးကလဲနားရက်ပေးထားတော့မရှိဘူး"....
ဂျီယွန်းက "အဲ့တာဆို..ငါတို့နှစ်ယောက်ရှိတာပေါ့..ဘယ်လုပ်မလဲ..ငါတို့ညစာဘာစားရမှာလဲ"....
ဂျီမင်းက "ကိုယ့်ဖာသာ..လုပ်စားလို့ရတာဘဲ..မလုပ်တက်ရင်ငါကလုပ်ပေးမယ်...ဒါမှမဟုတ်..အချင်းချင်းစားလို့လဲရတယ်"...
ဂျီယွန်းက "ရား..ဘန်ဂျီမင်းရူးနေပြီ..အထက်တန်းကျောင်သူကအဲ့လိုစကားမျိုးပြောလို့ရလား"...
ဂျီမင်းက "ဘာလို့လဲ..နမ်းတောင်နမ်းပြီးပြီးကိုရှက်တာလား"....
ဂျီယွန်းက "ရှက်ရအုံးမယ်..ဘာကို"...~~~~~~~~
ညရောက်တော့
ဂျီယွန်းက ဂျီမင်းကို ဒီလိုပြောလာပါတယ် "ငါက...ငါ့အမေအဖေကိုချစ်တယ်...အဲ့တာကြောင့်ဘဝကိုသူတို့နေခိုင်းသလိုဘဲနေလာခဲ့တာ...သူတို့စီစဥ်ပေးတဲ့အတိုင်းနေရင်း.....အချိန်တစ်ခုကြာလာတော့...ငါကကိုယ့်ကိုယ်ကိုဘာမှမလုပ်တက်တော့ဘူး...ငါကဘယ်နေရာမှအသုံးမဝင်သလို...တစ်ယောက်ထဲဘာမှမလုပ်တက်သလိုခံစားရတယ်...ဒါပေမဲ့..နင်နဲ့အတူရှိတဲ့အချိန်မှာ..ငါကငါဆိုပြီးပီပီသသနေလို့ရတယ်...နင်နဲ့အတူရှိနေတဲ့အချိန်တွေမှာငါ့ကိုယ်ငါခံစားလို့ရတယ်...ငါကသက်တောင့်သက်သာရယ်နိုင်ပြီး...သက်တောင့်သက်သာအိပ်နိုင်တယ်...နင်ကငါ့ရဲ့အိမ်လိုမျိုး...နွေးထွေးတယ်...အဲ့တာကြောင့်...ငါ့အရှေ့မှာပေါ်လာပေးတာလဲကျေးဇူးတင်ပြီး..အရင်စကားပြောပေးလို့ကျေးဇူးတင်ပြီး...ငါ့ကိုဒီလိုလူဖြစ်အောင်ဖန်တီးပေးလို့ကျေးဇူးတင်ပြီး...ချစ်ပေးလို့ကျေးဇူးတင်တယ်"
ဂျီမင်းက "ငါလဲကျေးဇူးတင်တယ်...ငါ့ဆီပေါ်လာပေးလို့...အမှန်တော့ငါလဲလွန်ခဲ့တဲ့နှစ်ကစိတ်ဓာတ်ကျနေတဲ့အချိန်...မိသားစုကြောင့်တော့မဟုတ်ပေမဲ့...အရင်တစ်ခါကငါကကောင်လေးတစ်ယောက်နဲ့တွဲခဲ့တယ်အဲ့လိုအကြောင်းတွေရှိတယ်မဟုတ်လား....တကယ်တော့ငါကအဲ့ကောင်လေးနဲ့တွဲခဲ့တယ်...ဒါမဲ့ငါကသူ့ကိုကြိုက်စရာအကြောင်းမရှိဘူး..ငါကlesbianမို့လို့လေ...အဲ့အချိန်တုန်းကသူနဲ့အခုတွဲနေတဲ့ကောင်မလေးကိုသဘောကျခဲ့တာ...အဲ့ကောင်မလေးကငါနဲ့သူငယ်ချင်းလေ...ငါကသူသဝန်တိုအောင်လို့အဲ့ကောင်လေးနဲ့တွဲနေခဲ့ပေမဲ့သူကငါ့ကိုကြိုက်မှမကြိုက်တာ...အဲ့လိုနဲ့လမ်းခွဲလိုက်ပြီလအနည်းငယ်ကြာတော့သူတို့တွဲတယ်...ကျောင်းကလူတွေကသူ့အကြောင်းပြောကြတာပေါ့ဘယ်လိုလုပ်သူငယ်ချင်းရဲ့ရည်းစားဟောင်းနဲ့တွဲတာလဲဆိုပြီး...ငါကတော့သူငယ်ချင်းကြိုက်နေတဲ့သူကိုတွဲပြီးဖြတ်လိုက်သလိုဖြစ်သွားတာပေါ့..သူကလဲငါ့ဆီပြသနာလာရှာတာပေါ့"..
ဂျီယွန်းက "အာ....ဂျီမင်း...နင်အဲ့တာသိလားသူတို့နှစ်ယောက်ကပြတ်သွားပြီတဲ့"
ဂျီမင်းက "ဟုတ်လား..ဘယ်လိုလုပ်ပြီးသိတာလဲ"
ဂျီယွန်းက "အခန်းထဲမှာပြောနေတာဘဲ..သူကဖောက်ပြန်သွားတာတဲ့တစ်ခြားကောင်လေးနဲ့...အဲ့တာကြောင့်ဟိုကောင်မလေးကစိတ်ထားမကောင်းတာ...နင်ကမကောင်းတာမဟုတ်ဘူး...သူကတကယ်ချစ်တာမဟုတ်ဘဲနင့်ကိုချစ်တာကြောင့်လိုချင်တာ.."
ဂျီမင်းက "အခုတော့...ဘာမှမဟုတ်သလိုဘဲ..အဲ့ကိစ္စတွေကြောင့်တော်တော်ပင်ပန်းခဲ့တာ"...
ဂျီယွန်းက "အခုတော့အဆင်ပြေနေပြီမဟုတ်လား...ဇာတ်ညွှန်းတစ်ခုထဲမှာပါတယ်...လူတွေက...ပျော်စရာအဆုံးသတ်...ဝမ်းနည်းစရာအဆုံးသတ်ဆိုတာ..မရှိဘူး..နေရင်းထိုင်ရင်းပေါ်လာတဲ့အရာတွေတဲ့...ငါကတော့နင်ကတက်နိုင်သမျှများများပျော်နေရင်ကောင်းမှာဘဲလို့...တွေးမိတယ်.."
ဂျီမင်းက "အခုကတော့ငါ့အတွက်ပျော်စရာအချိန်ထင်တယ်...ငါ့အနားမှာနင်ကရှိနေတယ်လေ...."

YOU ARE READING
ONLY YOU CAN SEE
Fantasíaပန်းနာရင်ကျပ်ကြောင့် လေကောင်းလေသန့်ရတဲ့နေရာသွားနေတဲ့ တစ်ဦးတည်းသောသမီးလေးဂျီယွန်းနဲ့ ဂျီယွန်းချစ်မြတ်နိုးရတော့ ဂျီမင်းလေး ရဲ့ story လေးတစ်ပုဒ်....