ဂျီမင်းကိုအရမ်းလွမ်းပြီးတွေ့ချင်ပေမဲ့ ဂျီယွန်းဟာဂျီမင်းကိုသွားမတွေ့ခဲ့ပါဘူး...ဂျီမင်းမှာလဲဂျီယွန်းကို...ဘာလိုပြန်မလာတာလဲဆိုပြီးမမေးခဲ့ပါဘူး...ဂျီယွန်းမှာပြောလို့မရတဲ့အရာတွေရှိနေလောက်တယ်လို့ဘဲစဥ်းစားခဲ့ပြီး...ဂျီယွန်းကလဲသူ့အခက်အခဲပြဿနာတွေကိုဂျီမင်းကိုမပြောပြပါဘူး...ဂျီယွန်းကဂျီမင်းနဲ့အတူရှိနေတဲ့အချိန်တွေမှာပျော်ရွှင်စရာအချိန်ဘဲဖြစ်ချင်တာပါ.....
~~~~~~~~~~
ဂျီမင်းကိုမြင်လိုက်တဲ့အချိန် ဂျီယွန်းဟာတစ်ချက်ပြုံးလိုက်ပြီး "လွမ်းနေခဲ့တာ" လို့ပြောခဲ့ပါတယ်
ဂျီမင်းကလဲ "ဂျီယွန်းကိုဖြည်းဖြည်းလေးဖက်ရင်း ငါရော အရမ်းလွမ်းနေခဲ့တာ"
ဂျီယွန်းက "ဘယ်လိုလုပ်ပြီးရောက်လာတာလဲ ဘယ်သူနဲ့လာတာလဲ လို့မေးတော့"
ဂျီမင်းက "တစ်ယောက်ထဲလာတာ မျက်နှာလေးတွေ့ရအောင်လို့ အရမ်းလွမ်းလို့"
ဂျီယွန်းက "ငါလဲတွေ့ချင်တာပေါ့ အကြောင့်အမျိုးမျိုးကြောင့်ပါ လို့ပြောလာပါတယ်"
ဂျီမင်းက "ရပါတယ် မပြောလဲသိတယ် နင်လဲနင့်အကြောင်းနဲ့နင်ရှိမှာဘဲလေ"
ဂျီယွန်းဟာ "ဂျီမင်း နားလည်ပေးလို့ ပျော်သွားပါတယ် အာဒါနဲ့ ဂျီမင်း ဘယ်နှစ်ရက်နေမှာလဲ လို့မေးလာပါတယ်"
ဂျီမင်းက "သုံးလေးငါးရက်လောက် နေလို့တော့ရတယ် ဘာလို့လဲ"
ဂျီယွန်းက "နောက်နေ့ကစပြီးငါတို့ကျောင်းက ဆောင်းရာသီပွဲတော်လုပ်မှာကြောင့် ငါကခရစ္စမတ်မှာနင်နဲ့အတူရှိနိုင်မှာမဟုတ်လောက်ဘူး ထင်တယ်"
ဂျီမင်းက "ဆောင်းရာသီပွဲတော် နင်တို့ကျောင်းကအဲ့လိုဟာတွေရောရှိတာလား မကြားဖူးဘူး အားကျလိုက်တာ"
ဂျီယွန်းက "အားကျတာလား ငါတို့ဂျီမင်းလေးရောလိုက်ချင်သွားတာလား"
ဂျီမင်းက "ရပါတယ် အဲ့တာဆိုဒီနေ့ဘဲတွေ့ပြီးပြန်ရမှာပေါ့"
ဂျီယွန်းက "ဒါမှမဟုတ် မပြန်ဘဲ အတူသွားမလား"
ဂျီမင်းက "ဘယ်လိုလုပ်သွားမလဲနင်တို့ကျောင်းသူတွေဘဲသွားလို့ရတာမဟုတ်ဘူးလား"
ဂျီယွန်းက "ဟုတ်တယ်လေ နင်လဲကျောင်းသူဘဲလေ ကျောင်းဝတ်စုံကငါ့ဟာယူဝတ် အတန်းဖော်တွေကိုလဲပြောထားရင်ရမှာပါ
ဒါဆို အတူလိုက်မလား"
ဂျီမင်းက "ဒါဆိုအတူသွားကြမလား"
ဂျီယွန်းက "မအေးဘူးလား" ဂျီမင်းက "အေးတာပေါ့ ဒါမဲ့နင်နဲ့အတူရှိနေရင် အဆင်ပြေတယ်" .........ဂျီယွန်းက "ဘန်ဂျီမင်း...ဘာလဲဟ..... သွားကြမယ်"...
YOU ARE READING
ONLY YOU CAN SEE
Fantasiပန်းနာရင်ကျပ်ကြောင့် လေကောင်းလေသန့်ရတဲ့နေရာသွားနေတဲ့ တစ်ဦးတည်းသောသမီးလေးဂျီယွန်းနဲ့ ဂျီယွန်းချစ်မြတ်နိုးရတော့ ဂျီမင်းလေး ရဲ့ story လေးတစ်ပုဒ်....