Chapter 9

20 5 0
                                    

လူဆိုတာ တစ်ခါတစ်လေ အနားယူဖို့အချိန်လိုအပ်ပါတယ် လူတစ်ယောက်အတွက် အကောင်းဆုံးသောအနားယူမှုကတော့ တစ်ခြားလူတစ်ယောက်က အနားမှာအမြဲရှိနေပြဖိး ဂရုစိုက်ပေးပြီး မှီခိုစရာလေးဖြစ်ပေးနေတာပေါ့
ငါတို့က အချင်းချင်း အတွက် မှီခိုစရာအိမ်လေး ဖြစ်နိုင်ပါ့မလား.....

~~~~~~~~

ဂင်ယူရီက "ငါတို့မနက်ဖြန် အသင်းလှုပ်ရှားမှု ပြရမဲ့နေ့နော် မျှော်လင့်မိနေပြီ"
ဂျီယွန်းက "ဘာလို့လဲ တစ်ခုထူးထူးဆန်းဆန်းရှိလို့လား"
ယူရီ  "မဟုတ်တာ ဒီအတိုင်းမျှော်လင့်တာပေါ့"
ယူရီက မိုင်ကိုကြည့်ပြီးပြုံးကာပြောပါတယ်....

ဂျီယွန်းက "ငါတို့ ကန်တင်းသွားကြမလား ငါက ဝယ်ကျွေးမယ်"
ယူရီက "ကောင်းတာပေါ့ ကောင်းတာပေါ့"
ဂျီယွန်းက"ဂျီမင်းကိုရော သွားခေါ်ကြမလား"
မိုင်က "သွားမယ်လေ" ဂျီမင်း ကိုသွားခေါ်ကြတာပေါ့ သွားခေါ်ရင်းလမ်းမှာ
ဂျီမင်း  တို့နဲ့အတန်းတူတူကောင်မလေးတစ်ယောက်က ယူရီအား "ဆားရန်း ရေ မတွေ့ရတာကြာပြီ  နင်လဲဒီကျောင်းမှာတက်တာလား" လို့မေးသွားပါတယ် ယူရီကလဲ "အင်း ဟုတ်တယ် နောက်မှတွေ့မယ်လို့ပြောလိုက်တာပေါ့"
မိုင်နဲ့ဂျီယွန်းက ကြားလိုက်ပေမဲ့ဘာမှမမေးပါ

ဂျီယွန်းက "ဂျီမင်းရေ ငါတို့ ကန်တင်းသွားမှာ အတူတူ သွားကြရအောင်" လို့ပြောလိုက်ပါတယ်  ဂျီမင်းကလဲ "အင်းသွားမယ်"လိူ့ပြောပြီး အခန်းထဲကထွက်လာပါတယ်
မုန့်စားနေကြရင်း "ငါတို့မနက်ဖြန်အတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ရအောင် ဓာတ်ပုံအခန်းကိုသွားရမယ်ထင်တယ် ဂျီယွန်းရေ" လိူ့ပြောတော့ ဂျီယွန်းကလဲ "ခနနေ ဒါစားပြီးရင်သွားကြမလား"...
ယူရီက "မိုင်နင်ရောသွားမှာလား" မိုင်က  "ငါကမသွားလုပ်စရာ မရှိဘူး" ယူရီက "ကောင်းတယ် ငါနဲ့အတူတူနေ"....

~~~~~~~~~~

ဂျီမင်းက "ဂျီယွန်းရေ ဒီဓာတ်ပုံတွေက ငါတို့ အရင်နေ့က သွားခဲ့တဲ့နေရာတွေ မဟုတ်ဘူးလား"
ဂျီယွန်းက  "အင်းဟုတ်တယ် အဲ့ဒီပုံတွေသုံးမလို့ ငါစိတ်ထဲမှာ အရမ်းလှလို့"
ဂျီမင်း က "ဟုတ်တာပေါ့ အရမ်းလှတယ်"
ဂျီယွန်းက "ဓာတ်ပုံ တင်မကဘူး နင်နဲ့အတူရှိတဲ့ အခိုက်အတန့်တိုင်းက လှပနေတာ"....

ONLY YOU CAN SEE Where stories live. Discover now