နောက်နေ့မနက်... ဂျီယွန်းအိပ်နေတဲ့အချိန် ယူရီတို့အဖွဲ့ လာနိုးကြပါတယ် ဘာလို့ဆို မနက်စာအတူသွားစားဖို့ပါ ဂျီမင်းလေးရော ပါပါတယ် အကုန်ပါပါတယ် ဂျီယွန်းအိမ်ကို ပထမဆုံးရောက်ဖူးကြတာပါ... အိမ်က ဘော်ဒါနဲ့ နီးတော့လာနိုင်တာပေါ့... အိပ်ရတာကြိုက်တဲ့ ဂျီယွန်းကတော့မထသေးပါ... သူ့သူငယ်ချင်းတွေ လာမှ ထလာတာပါ...သနားပါတယ် ဂျီယွန်းခမျာကြောင်တောင်တောင်နဲ့...
စားသောက်ဆိုင်ရောက်တော့.....မုန့်တွေမှာရင် ဂျီမင်းက...ဂျီယွန်းကိုမေးပါတယ် "ဘာစားမှာလဲ" လို့ ဂျီယွန်းက "ဘာဖြစ်ဖြစ်အဆင်ပြေတယ် စပ်တာတော့မစားနိုင်ဘူး" လို့ဖြေပါတယ် အဲ့တာကိုကြည့်နေရတဲ့ ဂင်ယူရီတို့တစ်သိုက်ခမျာ..."ဟဲ့ ဂျီမင်း နင်ကဘာလဲ ဘာလို့ဂျီယွန်းကိုဘဲမေးတာလဲ" လို့မေးရော ဂျီမင်းက "မဟုတ်ဘူး အကုန်လုံးကိုမေးတာ" "နင်တို့ရောဘာစားကြမှာလဲ" ဆိုပြီး ပြာယာသလဲ ဖြေတော့တာပေါ့ ဂျီယွန်း က ဂျီမင်းကို ကြည့်ရင်း ပြုံးနေလေရဲ့...
စားသောက်နေတဲ့အချိန် ဂျီမင်း က ဂျီယွန်းကို ဂရုစိုက်နေတာကို မိုင်ကမြင်ပြီး တစ်ခုခုလား ဆိုပြီးထင်နေလေရဲ့...
ဂင်ယူရီက "ငါတို့မနက်ဖြန်ကျောင်းဖွင့်မှာနော် ဘယ်သူနဲ့အတန်းအတူတူကျချင်ကြလဲ ရွှေးကြမလား "
ဂျီမင်းအရင်ရွှေးမလား "ဟမ်ငါလား ငါအရင်လား ငါက ဂျီယွန်း" ဂင်ယူရီ က "ငါကျမရွှေဘူးနော်" မိုင်ကရော "အာငါက... နင်" လို့ပြောပါတယ် "ဟုတ်ပြီလေ အစထဲကငါဖြစ်မယ်မှန်း သိတယ်"...ဂျီယွန်းကရော ( ဘန်ဂျီမင်းက သေချာနားထောင် နေပါပြီ) "အွန်းငါက မိုင်ပေါ့" ဂင်ယူရီက"အဲ့လိုဖြစ်မှာပေါ့ ငါတို့ထဲ နင်အများဆုံးစကားပြောတာ မိုင်ဘဲလေ"
မိုင်က "အာ အဲ့တာ ငါတို့က ငယ်ငယ်ထဲကရင်းနီးလို့ပါ" ဆိုပြီး ရှင်းစရာမလိုဘဲရှင်းပါတယ်...
အီမီနာ ကရော "အင် ငါကအဲ့လိုမရှိပါဘူး ဒီထဲက ဘယ်သူဖြစ်ဖြစ်အဆင်ပြေတယ်"" နင်ကရော ယူရီ "ငါက ဂျီမင်း ဂျီမင်းဖြစ်ရင်ကောင်းမယ်"
ဂျီယွန်းက တော့ မပျော်တော့ပါ...အဲ့လိုနဲ့ ကျောင်းနောက်ဆုံးပိတ်တဲ့ ရက် လျှောက်လည်လျှောက်သွားကြပါတယ် ညနေကျ
မိုင်က "ဒီနေ့က အဆောင်မှာအိပ်မှာလားလို့" ဂျီယွန်းကိုမေးပါတယ် ဂျီယွန်းကလဲ "မင်းဒီနေ့တော့ အဆောင်မှာ အိပ်မယ်လေ "အာ့ဆို့မနက်ကျကျောင်းအတူသွားကြမလား" "အဖွားလိုက်ပို့မယ်ထင်တယ်လိုက်ခဲ့မလား" လို့ဂျီယွန်းကပြောပါတယ်
မိုင်က "အင်းပါ" လို့ပြောပါတယ် ဂျီယွန်းက အဲ့တာဆို"ငါအိမ်ပြန်တော့မယ် ညကျလာခဲ့မယ်လေ"
မိုင်က "အော်အင်း" ဂျီယွန်းက "ဒါဆိုပြန်ပြီနော်"
ဂျီမင်းက "ဟော ဂျီယွန်း ဘယ်သွားမလို့လဲ" ဂျီယွန်းက "အိမ်ပြန်မလို့" "အာဒီနေ့အိမ်မှာအိပ်မှာလား" ဂျီယွန်းက "မဟုတ်ပါဘူး မနက်အတွက်လိုအပ်တာသွားယူမလို့ ဒီမှာဘဲအိပ်မှာ" ဂျီမင်းက "အော်အင်းဘိုင်းဘိုင့်"ညရောက်တော့ ဂျီယွန်းပြန်ရောက်လာပါပြီ
ပြီးတော့ဆရာမက အားလုံးကိုခေါ်ပါတယ် ခေါ်ပြီး သူတို့ကျတဲ့အတန်းတွေကိုပြောပြဖို့ပါ ဂျီယွန်း ဂင်ယူရီ မိုင် အီမီနာ .........ကတစ်တန်းထဲကျပေမဲ့ ဂျီမင်းကတော့..... နဲ့အတူတစ်ခြားအတန်းပါ...ကျန်တဲ့နှစ်ယောက်တာတစ်ခန်းပေါ့ ကျန်တဲ့ကောင်လေးတွေကိုလဲ အတန်းခွဲပေးပြီး ဘော်ဒါတစ်ခုလုံအတန်းခဲဲပီးတဲ့အခါ ဆရာမ ကျောင်းတက်တဲ့အခါ ဘယ်လိုနေဘယ်လိုလုပ်ပြောပြီးတော့ သူ့အခန်းကိုယ့်အခန်းပြန်ကြပါတော့တယ်
ဘန်ဂျီမင်းတစ်ယောက်ကတော့ ဂျီယွန်းနဲ့ရော ကျန်တဲ့နှစ်ယောက်နဲ့ရောအတန်းကွဲသွားတော့ မပျော်တော့ပါ သူကလွဲရင် ကျန်တဲ့သုံးယောက်ကတစ်ခန်းထဲပါ အခန်းထဲမှာလေးယောက်သားစကားပြောကြရင်း ယူရီ့အကြံကြောင့် လေးယောက်သားကုတင်ပေါင်းအိပ်ဖို့ဖြစ်လာပါတယ် အတူအိပ်ရင်း ရှေးဟောင်းနှောင်းဖြစ်ပြောဖြစ်ကြပါတယ် ဘန်ဂျီမင်း နဲ့ဂျီယွန်းကဘေးချင်းကပ်ဖြစ်နေတော့ နှစ်ယောက်သားပြုံးပြုံးလေး ယူရီ့စကားကိုနားထောင်နေပါတယ်
ဂျီမင်းက "ဒီလိုပြောခဲ့ပါတယ် ငါဒီလိုအခြေနေလေးကို သဘောကျလိုက်တာ ငါတို့လေးယောက်အသက်တွေကြီးသွားလဲအတူတူရှိနေရင်ကောင်းမှာဘဲ# လို့ပြောပြီး
ဂျီယွန်းက "ငါက အခုကိုသဘောကျတယ် အခုပျော်နေပြီး ငါတို့အခုပြုံးရယ်တာလေးတွေကို ငါ့မှတ်ဉာဏ်ထဲမှာ သိမ်းထားမှာ" လို့ပြောခဲ့ပါတယ်
ယူရီက "ငါကတော့ အတူရှိနေတဲ့အတောအတွင်း ပျော်ပျော်ရွှင်ရွှင် နေချင်တယ်"
မိုင်က "နင်တို့ပျော်ရင် ငါလဲပျော်တယ် အသက်တွေကြီးတဲ့အထိ ငါတို့အချင်းချင်းအားပေးပြီး ရန်မဖြစ်ဘဲနေရအောင်"
ဒီလိုနဲ့တစ်ယောက်တစ်ခွန်းြောပြီး အိပ်သွားကြပါတယ်ဂျီယွန်းက တစ်ဦးတည်သောသမီးဖြစ်တဲ့အပြင် သူငယ်ချင်းလဲရှားတာကြောင့် အခုလိုမျိုးပျော်ရွှင်မှုဆိုတာကြုံတောင်ကြုံခဲပါ ဒါကြောင့်အခုအချိန်က သူ့အတွက်ဘဝမှာ ပျော်ရဆုံးအချိန်လို့ပြောရမလောက်ပါဘဲ သူငယ်ချင်းတွေနဲ့ သွားလည်တာ မုန့်သွားစားတာတို့လို့ ပုံမှန်ကိစ္စလေးတွေတောင် သူ့အတွက်က အဖိုးတန်နေတာပါ ဒါမဲ့ ငယ်ဘဝသူငယ်ချင်းတွေနဲ့ ဖြတ်သန်းခဲ့တဲ့အချိန်တွေဟာ ကမ္ဘာပေါ်ကလူတိုင်းအတွက်အဖိုးတန်နေမှာပါ ဒီလိုဘဲ ဒီကောင်မလေးတွေအတွက်လဲ အဖိုးတန်တဲ့ အတိတ်တွေ မှတ်ဉာဏ်တွေဖြစ်နေမှာပါ
21 July 2024
Sunday...Chapter 4soon...
ဂျီယွန်း နဲ့ဂျီမင်းလေးကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အိပ်သွားပါပြီ မရှိတဲ့ယောတောဘွန်းတို့ကတော့ ဖက်လုံးလေးနဲ့အတူ ချစ် ကြည်နူးနိုင်ကြပါစေ...
YOU ARE READING
ONLY YOU CAN SEE
Fantasyပန်းနာရင်ကျပ်ကြောင့် လေကောင်းလေသန့်ရတဲ့နေရာသွားနေတဲ့ တစ်ဦးတည်းသောသမီးလေးဂျီယွန်းနဲ့ ဂျီယွန်းချစ်မြတ်နိုးရတော့ ဂျီမင်းလေး ရဲ့ story လေးတစ်ပုဒ်....