တစ်ချို့လူတွေက ပြောခဲ့တယ် လူတွေအတွက် အချစ်ဆိုတာ ခဏတာ ပျော်ဖို့ဘဲတဲ့ အဲ့လိုနဲ့ ထပ်ပြီးတော့ တစ်ချို့လူတွေက ပြောပြန်တယ် အချစ်ကြောင့် အသက်ဆက်ရှင်နေနိုင်တာလို့
တစ်ချို့ မိသားစုတွေက အရမ်းနွေးထွေးပြီး ချစ်တဲ့သူတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေကြပြီး
တစ်ချို့ မိသားစုတွေက ပျော်ပျော်ရွှင်ရွှင် နေလို့ရအောင် ကြိုးစားပြီးအလုပ်လုပ်ပေမဲ့ အေးစက်သွားတယ်
အချစ်က တကယ်ရှိပါ့မလား အခုလုပ်နေတာ ငါတို့မိသားစုက အချင်းချင်း ချစ်ကြပါ့မလား .......~~~~~~~
မနက်စောစော ဂျီမင်းက အိပ်ယာထပြီး ဂျီယွန်းကို နိုးကာ "ငါတို့ ယွန်းလေး ဒီနေ့ အရင်ကပြောထားတဲ့ ငါတို့အိမ် သွားကြမလား "
ဂျီယွန်းက "အင်း ဒီနေ့လား ငါတို့သွားလို့ဖြစ်ပါ့မလား"
ဂျီမင်း က "ဖြစ်တာပေါ့ မဖြစ်စရာအကြောင်းမရှိဘူး"
ဂျီယွန်းက "အဲ့တာဆို သွားကြတာပေါ့"အဲ့လိုနဲ့ နှစ်ယောက် အတူ ဂျီမင်းတို့အိမ်သွားကြတာပေါ့
"ဒါနဲ့ ဂျီမင်း ရေ ငါတို့ဘာနဲ့သွားမှာလဲ"
ဂျီမင်းက "မော်တော်ဆိုင်ကယ် နဲ့"
"ဂျီမင်းမော်တော်ဆိုင်ကယ်စီးတက်တာလား
ဟော မိုက်တယ်"ဂျီမင်းအိမ်ရောက်တော့
ဂျီမင်းက "အမေ သမီးလာတယ် သူငယ်ချင်းလဲပါလာတယ်" လို့အော်ပြီးပြောတော့
ဂျီမင်း အမေက ထွက်လာပါတယ် ရင်း
"ဟော သမီးကဂျီမင်းသူငယ်ချင်းလား
ငါတို့သမီးတီဗီထဲက အလှလေးကို သူငယ်ချင်းတော်ထားတာဘဲ အဆင်ပြေသလိုနေနော်သမီး"
"ဟုတ်ကဲ့ အန်တီ"
ဂျီမင်းက "မင်းသမီးက ရောက်လာတော့ သမီးတောင် ဂရုမစိုက် တော့ဘူး ငါတို့အမေကတော့"
ထိုအချိန် ဂျီမင်း အမကရောက်လာပြီး "နင်က ဘာလို့လာတာလဲ မုန့်ဖိုးကုန်သွားလို့လား"
ဂျီမင်းက "အဲ့လိုဖြစ်ပါ့မလား အမေလွမ်းလို့ပေါ့ ဟမ် ဒါနဲ့ နင်ကဘယ်အချိန်ကရောက်နေတာလဲ ဘယ်လိုရောက်လာတာလဲ"
ဒီတိုင်း "နားရက်ယူလာတာ ဟိုဟိုဒီဒီ အကြောင်းရှိလို့"ဂျီမင်းအမေက "ငါတို့ ဒီနေ့ခြံထဲမှာ ဘာဘီကျူ့ လုပ်စားကြမယ် "
ဂျီမင်းက "စျေးသွားပြီးဒါတွေဝယ်ခဲ့နော် ဂျီယွန်းက လိုက်သွားချင်သွားလို့ရတယ် မလိုက်ချင်ရင်လဲ အန်တီနဲ့ကူလို့ရတယ်နော်"
ဂျီယွန်းက မြန်မြန်လေး "လိုက်သွားမှာပါ" လို့ဖြေတော့ ဂျီမင်းအမေနဲ့ အမက ရယ်ကြတာပေါ့ ဂျီမင်းအမက "လိုက်တားလို့ရပါတယ် အမကြီးရေ မတားပါဘူး"လို့ စနှောက်ပါသေးတယ်
စျေးသွားရင် ဂျီမင်းက "ဂျီယွန်းရေ ငါတို့အိမ်အဆင်လား အနေမခက်ဘူးလား "
ဂျီယွန်းက "ငါက အဆင်ပြေတယ် နေရတာအရမ်းသက်တောင့်သက်သာရှိတယ် ဒါနဲ့ နင်က မောင်နှမရှိတာလား ငါမသိခဲ့ဘူး"
"အာ ငါကမပြောခဲ့မိဘူးလား ငါ့အထင်မှာ လေးယောက်တောင်ရှိတယ် အကိုနှစ်ယောက် အမနှစ်ယောက် အမတစ်ယောက်က ယောကျ်ားလေးလိုနေတယ် ပြီးတော့ သူ့မှာ ချစ်သူမိန်းကလေး လဲရှိတယ်".....
ဂျီယွန်းက "နင့်အမေအဖေရော သိလား "
ဂျီမင်းက "အမေအဖေလဲ သိတယ် သူတို့က အချစ်ကအချစ်ဘဲ လို့သက်မှတ်ကြတယ် ငါတို့ မိသားစုအတွက် တော့ လိင်တူဖြစ်ဖြစ် လိင်ကဲဲဖစဖြစ် ကိစ္စ မရှိဘူး အချင်းချင်း သာ တကယ် ချစ်နေရင်ပေါ့ ငါတို့ တွဲနေတာလဲ သိရင်သိနေလောက်တယ်"
ဂျီယွန်းက "အယ် တကယ်လား မဖြစ်နိုင်တာ"
ဂျီမင်းက "ဖြစ်နိုင်တာပေါ့ အကုန်ဝယ်ပြီးပြီဆိုတော့ အိမ်ကိုပြန်ကြမလား အချစ်လေး"ဂျီမင်းနဲ့ဂျီယွန်းက အသားကင်နေရင်
ဂျီမင်းက "အသားက ငါကဆက်ကင်လိုက်မှာမို့ အမေနဲ့အတူ အသားသွားစား ပြီးမှပြန်လာခဲ့နော် သဲသဲလေး"
ဂျီယွန်းက ဂျီမင်းအမေဘေးနားထိုင်လိုက်ပါတယ် ဂျီမင်းအမေက ဂျီယွန်းရဲ့ ပန်းကန်ထဲအသားထည့်ပေးနေပြီး ဂျီယွန်းက ပြုံးပြီး ဂျီမင်းအမေ ထည့်ပေးတဲ့အသားကို စားနေပါတယ် ဂျီမင်းကလဲ အဲ့မြင်ကွင်းကိုကြည့်ရင်း ပြုံးနေတာပေါ့ ဒီလိုနဲ့ ဂျီမင်းအမက အနားနာလာပြီး "နင် ကြိုက်နေတာလား" လို့မေးလာတော့ဂျီမင်းကနဲနဲလန့်သလိုဖြစ်သေး ဒါမှမဟုတ် "တွဲနေတာလား" လို့ပြောတော့ ဂျီမင်းက "အမ နင် သရဲလား ဘာလို့ အကုန်သိနေတာလဲ"
"ငါတို့အိမ် အငယ်ဆုံးလေးတောင် ရီးစား အိမ်ခေါ်လာပြီဘဲ ငါဘဲကျန်တော့တယ်"...
ဂျီမင်း အမေက "ဂျီယွန်းကို ဒီည အိမ်မှာဘဲအိပ်သွားတော့ မနက်ကျမှပြန်ကြ ဆရာမကို ဖုန်းဆက်ပေးမယ် နော်"
ဂျီယွန်းက "အဲ့လိုလုပ်လဲရလား ကျေးဇူးတင်ပါတယ် အန်တီ"
ဂျီမင်း က ဂျီယွန်းကို ဒီမှာ ငါ့ရဲ့ အခန်း
ငါ့မိသားစုနဲ့ အလုပ်လုပ်တဲ့သူတွေအပြင် ငါ့အခန်းထဲကိုရောက်တဲ့သူ နင်ကပထမဆုံးဘဲ အပြင်လူမခေါ်ဖူးဘူး
ဂျီယွန်းက "ဘာလို့မခေါ်တာလဲ ကျောင်းမှာ နာမည်ကြီးတော့ သူငယ်ချင်းတွေများမယ်ထင်ာ"
ဂျီမင်းက "ဒီလိုဘဲ အိမ်ကိုမခေါ်ဖြစ်ဘူး.....အဲ့တာထက် ဒီကိုလာအိမ်ရအောင် နင် တနေ့ကုန် ပင်ပန်းနေပြီ"
ဂျီယွန်းက "မဟုတ်ပါဘူး နည်းနည်းလေးတောင်မပင်ပန်းဘူး နင်တို့အိမ်လာရတာ လုံးဝ Healing ဖြစ်တယ် ငါက လိုချင်တဲ့မိသားစုလို ပုံစံမျိုးနဲ့ အချိန် အခိုက်အတန်တစ်ခုစီတိုင်းက ပျော်ရွှင်နေရတာ ဆန်းကြယ်တယ် ငါတို့အိမ်လဲ BBQအများကြီး လုပ်စားခဲ့တယ် ဒီလောက်ပျော်စရာမကောင်းဘူး "
ဂျီမင်းက "အခုကစပြီးငါ့ဆီကိုသာ မှီခိုလိုက် အမြဲ ပျော်စရာကောင်းတဲ့အရာတွေဖန်တီးပေးမယ် ဖက်ထားပေးမယ်လာ"
ဂျီယွန်းက "နင်ရှိနေလို့ တော်ပါသေးရဲ့ "ဂျီယွန်းရဲ့ မိသားစုက ဂျီယွန်း ကို အရမ်းချစ်ပြီး ဂရုစိုက်တဲ့ပုံစံဖြစ်နေပေမဲ့ အမှန်က ထိန်းချုပ်ထားတာပါ အဖွား ဖြစ်ချင်တဲ့အရာ အဖေလိုချင်တဲ့အရာ အမေကလုပ်ခိုင်းတဲ့အရာ တွေကို အမြဲ အတွန့်မတက်ဘဲလုပ်နေရတဲ့ ဂျီယွန်းက အဆင်ပြေနေပါ့မလား စိတ်က မနာကျင်ဘဲနေပါ့မလား.....
ဂျီမင်းတစ်ယောက်ကတော့ သိနေခဲ့တယ်
ဂျီယွန်းက မလိုအပ်တဲ့ ဂရုစိုက်မှု ကို ခံနေရတယ်ဆိုတာကို
ဘယ်သူ့ကိုမှမပြောနိုင်ဘဲ ပြောလို့မရခဲ့တဲ့အရာ ဂျီယွန်းရဲ့ စိတ်က ဘယ်လောက်တောင်တင်းကျပ်နေမလဲဆိုတာ ဂျီမင်းက ပထမဆုံး ဂျီယွန်းအိမ်ရောက်သွားထဲက သိနေခဲ့တယ် ဒါကြောင့်မို့ ဂျီယွန်းရဲ့စိတ်ထွက်ပေါက်လေးဖြစ်ပေးချင်ခဲ့တယ်...28 8 2024
Wednesday
Chapter 11 coming...Abigail

YOU ARE READING
ONLY YOU CAN SEE
Fantasyပန်းနာရင်ကျပ်ကြောင့် လေကောင်းလေသန့်ရတဲ့နေရာသွားနေတဲ့ တစ်ဦးတည်းသောသမီးလေးဂျီယွန်းနဲ့ ဂျီယွန်းချစ်မြတ်နိုးရတော့ ဂျီမင်းလေး ရဲ့ story လေးတစ်ပုဒ်....