အဲ့လိုနဲ့ စကားပြောရင်း အိမ်ကို ပြန်လာခဲ့တယ်
ပြီးတော့ ဂျီယွန်းက ဂျီမင်းကို "နင်ဒီနေ့ အိမ်ပြန်မအိပ်ရင် အဆောင်မှာတစ်ယောက်ထဲဖြစ်နေမှာပေါ့" ဂျီမင်းက "အင်းဟုတ်တာပေါ့" ဂျီယွန်းက "အထီးကျန်ရင် ငါတို့အိမ်မှာအိပ်မလား" ဂျီမင်းက "အိပ်လို့ရလား အဲ့တာဆိုအတူတူ အိပ်ကြမလား"
အိပ်ရာဝင်ချိန် ဂျီမင်းက "နောက်အပတ်ပိတ်ရက်လဲ ငါတိုအတူလျှောက်လည်ကြမလား" ဂျီယွန်းက "အင်းကောင်းတယ်" ပြီးတော့ဂျီမင်းက "ငါတို့အတူ စက်ဘီးစီးကြမလား" လို့မေးတော့ ဂျီယွန်းက "အင်းကောင်းတယ် တောင်ကုန်းရှိတဲ့ဘက်ကိုသွားကြမလားထိုင်ပြီး ဂီတာတီးရင်းမုန့်စားကြမလား"
ဂျီမင်းက "နင်ဂီတာလဲတီးတက်တာလား ဝါးးမိုက်တယ်" လို့ပြောရင်း
ဂျီယွန်းက "ငါနင်နဲ့အတူရှိရတာပျော်တယ် ငါတို့တကယ်လိုက်ဖက်တယ်ထင်ပါရဲ့"
ဂျီမင်းက "ငါလဲအခုအခြေအနေကိုအရမ်းသဘောကျပြီး ငါ့အတွက်အဖိုးတန်တဲ့မှတ်ဥာဏ်တွေဖြစ်သွားမှာ ငါက တစ်သက်လုံးသိမ်းထားမှာ"
ဂျီယွန်းက "နင်လဲ ငါ့အတွက် အဖိုးတန်တယ် အဖိုးတန်တဲ့လူသားဘဲ"...
ဂျီမင်းနဲ့ဂျီယွန်းတို့စကာတွေပြောရင်း ဂျီယွန်းရဲ့အိပ်တဲ့အသံလေးကိုကြားလိုက်တဲ့ဂျီမင်းက တစ်ချက်ရယ်မိပြီး စောင်ကိုအသာလေးခြုံပေးပြီး အိပ်ကြပါတော့တယ်....~~~~~~~~~
ကျောင်းဖွင့်တဲ့ရက်... ကျောင်းမှာအထွေအထူးသတင်းတွေပါ...ဂျီမင်းနဲ့ပတ်သက်လို့ပေါ့... ဂျီမင်းက...ကျောင်းကစာတော်ပြီးအရမ်းချောတဲ့ကောင်လေးတစ်ယောက်နဲ့တွဲခဲ့ဖူးပြီး...အဲ့ကောင်လေးရဲ့အခုလက်ရှိကောင်မလေးက..ဂျီယွန်းတို့အခန်းထဲကတော်တော်လေးလှပြီးကျောင်းမှာနာမည်ကြီးပါတယ်...သူ့မှာသူငယ်ချင်းတစ်ယောက်ရှိပြီး...ပြသနာကတော့အဲ့သူငယ်ချင်းကစတာပါ...တကယ်တော့ဂျီမင်းရဲ့အရင်ကောင်လေးကဂျီမင်းကိုမမေ့နိုင်သေးခင်..အခုကောင်မလေးနဲ့တွဲတာဖြစ်ပြီး...အဲ့ကောင်မလေးရဲ့သူငယ်ချင်းဖြစ်သူကတော့...ဂျီမင်းအရင်ကောင်လေးကိုကြိတ်ကြိုက်နေတော့...သူတို့အချင်းချင်းပြဿနာထဲမှာဂျီမင်းနာမည်ပါဆွဲထည့်တာပေါ့...
~~~~~~
အဲ့ကိစ္စတွေ ကိုနေရင်ထိုင်ရင်သိသွားတဲ့ဂျီယွန်းကတော့ ဂျီမင်းကိုသဝန်တိုနေတဲ့ပုံစံလေးတွေ ဖြစ်နေပေမဲ့ သူကိုယ်တိုင်သူဘာပုံစံဖြစ်နေမှန်းမသိဖြစ်နေပါပြီ အခန်းထဲမှာ ဂျီမင်းအကြောင်း ကိုပုတ်ခက်ပြောနေတာကြားလိုက်ရတဲ့ ဂျီယွန်းဟာ ခုံကိုလက်နဲ့ရိုက်ပြီး ဒေါဒထွက်နေတဲ့ပုံစံနဲ့ အတန်းထဲကထွက်သွားချိန် ဘာဖြစ်သွားမှန်းမသိတဲ့ ယူရီနဲ့မိုင် တို့နောက်ကလိုက်သွားပါတယ် ဂျီယွန်းကို ဘာဖြစ်တာလဲလို့မေးကြပေမဲ့ ဂျီယွန်းကတော့မဖြေခဲ့ပါ~~~~~~
ညနေကျောင်းကဆင်းပြီး အဆောင်ကိုရောက်တော့ ဂျီယွန်းကဂျီမင်းကို ပြောခဲ့တယ် "ဘာလို့ နင့်အကြောင်းမသိဘဲပြောတာကို ခံနေတာလဲ နင်နဲ့မဆိုင်တဲ့ကိစ္စကို နင်နင့်အရင်ကောင်လေးကိုချစ်သေးလို့လား" လို့မေးတော့ ဂျီမင်းက "ငါက ဂရုမစိုက်ဘူး ဘယ်သူဘာပြောပြော ငါ့ဘဝကအရေးကြီးဆုံးဘဲ ပြောနေတဲ့သူတွေကလဲကွယ်ရာမှာဘဲပြောတာငါ့ရှေ့ရောက်ရင်မပြောရဲတော့ဘူး သူတို့ပြောနေတာငါ့အကြောင့်ပေမဲ့ သူတို့ကိစ္စဖြစ်သွားပြီ ငါ့ကိစ္စမဟုတ်တော့ဘူး"အဲ့လိုပြောနေတဲ့နင်ရောဂျီယွန်း နင်ရောအဆင်ပြေလား" ဂျီမင်းကမေးခဲ့တယ်...ဂျီယွန်းကဒီလိုဖြေခဲ့တယ် "ငါကငယ်ငယ်ထဲကကြိုက်တဲ့သူမုန်းတဲ့သူရှိလာပြီး ပုံမှန် လိုပါဘဲ ဒါမဲ့နင်ကမတူဘူးလေ နင်ကအဲ့လိုပြောခံစရာဘာအကြောင်းမှမရှိဘူး နင်က ငါ့အတွက်အဖိုးတန်တဲ့လူမို့ နင့်ကိုတော့အထိမခံနိုင်ဘူး"
ဂျီမင်းကတော့ဂျီယွန်းပြောတဲ့စကားကိုကြားပြီး အရမ်းပျော်နေပါတော့တယ်...~~~~~~~
နောက်သုံးလေးရက်အကြာမှာတော့ ရာသီဥတုက အပြောင်းအလဲကြောင့် ဂျီယွန်းလဲ နေမကောင်းဖြစ်ခါ အိမ်ပြန်ပြီးအနားယူပါတယ် ဂျီမင်းတို့ကတော့ညနေကျောင်ဆင်းပြီးရင် ဂျီယွန်းတို့အိမ်ကို သွားမယ်လို့စီစဥ်ထားပါတယ်....
ဂျီယွန်း တို့အိမ်ရောက်တော့ ဂျီယွန်းအဖွားနဲ့ အရင်တွေ့ပြီး အဖွားကတော့ ဂျီယွန်းက ငယ်စဉ် ထဲက ပန်းနာရင်ကျပ်ရှိပြီး ထိလွယ်ခိုက်လွယ်တဲ့ခလေးမလေးဖြစ်လို့ ဂျီယွန်းလေးကိုဂရုသိုက်ပေးဖို့ ပြောရင်းဂျီယွန်းအကြောင်းလေးတွေပြောပြဖြစိတေပါတယ် စကားပြောရင်း အပေါ်ထက်မှာရှိတဲ့ဂျီယွန်းဆီ သွားဖို့ပြောလိုက်တော့ ဂျီမင်းတို့အတူတူအပေါ်တက်သွားကြပါတယ် အပေါ်ထပ်မှာအိပ်နေတဲ့ဂျီယွန်းကိုတွေ့ပြီး စကားပြောရင်းကျောင်းမှာသင်တဲ့စာတွေကူးပေးရင်း ဂင်ယူရီ က တော့ ဂျီယွန်းကို "မြန်မြန်သက်တာ အတူတူ ပေါက်ကရတွေလုပ်ရအောင် ငါတို့လေးယောက်"...လို့ပြောခဲ့တယ်...ဂျီမင်းကတော့ဂျီယွန်းလေးကို အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်နေခဲ့တယ်...ဂျီယွန်းလေးနေမကောင်းဘူးဆိုတာနဲ့တင်ဂျီမင်းလေးမှာမပျော်တော့ပါ...ပြီးတော့ သုံးယောက်လုံး ဂျီယွန်းအိမ်မှာ အိပ်ဖို့ ဂျီယွန်းအဖွားက အဆောင်ကဆရာမကိုဖုန်ဆက်ပေးခဲ့တယ် အဲ့လိုနဲ့ဂျီယွန်းအခန်းထဲလေးယောက်လုံး စကားတေွပြောရင်းအတူအိပ်ခဲ့ကြတယ်.....~~~~~~~
Tue 6 August
Chapter 7 soon...
Abi
YOU ARE READING
ONLY YOU CAN SEE
Fantasyပန်းနာရင်ကျပ်ကြောင့် လေကောင်းလေသန့်ရတဲ့နေရာသွားနေတဲ့ တစ်ဦးတည်းသောသမီးလေးဂျီယွန်းနဲ့ ဂျီယွန်းချစ်မြတ်နိုးရတော့ ဂျီမင်းလေး ရဲ့ story လေးတစ်ပုဒ်....