ပူပင်စရာတွေအကုန်မေ့ပြီးပျော်ခဲ့ရတဲ့အချိန်
ဖြေးဖြေးလေးတိုက်နေတဲ့လေ ဖြည်းဖြည်းချင်း ပြုံးနေတဲ့သူ့ရဲ့ အပြုံလေး အချင်းချင်းကြည့်နေတဲ့ ချိုသာတဲ့အကြည့်
ငါတို့ရဲ့အချိန်ရောက်နေတာဘဲ......~~~~~~~~
မနက်ရောက်တော့ ဂျီမင်း နဲ့ ဂျီယွန်း အဆောင်ကိုပြန်ကြပါတယ်
ဂျီမင်းက "ယွန်းလေး ငါတို့ခနနေ စျေးသွားကြမလား ငါကဝယ်စရာလေးတွေရှိလို့ "
ဂျီယွန်းက "ဘာမှလုပ်စရာမရှိတာ သွားကြတာပေါ့ "
ဂျီမင်း ဂျီယွန်းက စျေးအတူသွားပြီး
အတူ စုံတွဲပစ္စည်းလေးတွေဝယ်ကြတာပေါ့
ဂျီမင်းက "ဂျီယွန်း ဒါလေး အရမ်းမလှဘူးလား ငါတို့coupleဝယ်ကြမလား"
ဂျီယွန်းက "ကောင်းတယ်ကောင်းတယ် အရောင်လေးသဘောကျတယ် အစိမ်းနုရောင် ခွက်လေးပေါ့"
ဂျီမင်း "ငါတို့ယွန်းလေးက ဒီလိုအရောင်သဘောကျတာလား"
ဂျီယွန်းက "အင်းငါက mint green သဘောကျတယ် တစ်ခြား mintဖြစ်တဲ့colourလဲသဘောကျတယ်"
ဂျီမင်း "ဟုတ်လား အဲ့တာဆိုငွေရှင်းပြီး မုန်သွားစားကြမလား ဘာစားချင်လဲ ကိတ်စားကြမလား"
ဂျီယွန်း "ကိတ်လား ကောင်းတယ်"ဂျီယွန်းက မုန့်စားနေရင်း "ဂျီမင်းရေ မေးစရာရှိတယ် နင် အခုပျော်လား"
ဂျီမင်းက "ငါက အခုဒီအချိန်က အပျော်ဆုံးဘဲ ငါ့အရှေ့မှာ ကိတ်ရှိတယ် ပြီးတော့ ဂျီယွန်း ရှိတယ်လေ
ငါက အခုဒီအချိန် သဘောကျတယ်"
ဂျီယွန်းက "ငါရောဘဲ နင့်ကိုသဘောကျတယ် အဲ့တာဆို အခုပြန်ကြမလား"~~~~~~
အဆောင်ကိုရောက်တော့ ဆရာမက ဂျီယွန်းကို အိမ်ကဖုန်းဆက်ခေါ်တယ်လို့ပြောလာတယ် အဲ့လိုနဲ့ ဂျီယွန်းက အိမ်ပြန်သွားခဲ့တယ်
အိမ်ရောက်တော့ အိမ်မှာဂျီယွန်းအမေဟာရောက်နေပြီး ဂျီယွန်းကို ဒီလိုပြောလာတယ်
ဂျီယွန်းက "အမေဘယ်လိုရောက်လာတာလဲ"
ဂျီယွန်းအမေက
"ငါတို့ ဂျီယွန်းလေး အဆင်ပြေလား သက်သာလား "
ဂျီယွန်းက "ရာသီဥတုလဲကောင်းပြီး လေကောင်းလေသန့်လဲရတော့ အရင်ကထက်ပိုသက်သာပါတယ်"
ဒီလိုနဲ့ဂျီယွန်းအမေဟာ သူဘာလို့ရောက်လာကြောင်းပြောလာပါတယ်
"နောက်အပက်ကျရင် သမီးအလုပ်ရှိတယ် ဒါရိုက်တာကြီး က အကူအညီတောင်းထားတယ် သမီးရုပ်ရှင်တစ်ခုမှာပါဖို့ ပြီးတော့ပွဲတစ်ခုတက်ရမယ် အဲ့တာသမီးခွင့်ယူပြီးလိုက်ခဲ့ရမယ် နောက်နေ့ညနေလောက် ဆိုလ်း ကိုသွားရမယ် အဖွားက လိုက်မပို့နိုင်လို့ အမေကလာခေါ်တာ ကျောင်းခွင့်ကယူပြီးသားမို့ လိုအပ်တာရှိရင် မနက်မှ အဆောင်မှာသွားယူလို့ရတယ် အခုတော့ဒီမှာအိပ်လိုက်တော့"
ဂျီယွန်းက "ဟုတ်ကဲ့" လို့ပြောပြီးသူ့အခန်းထဲဝင်သွားပါတယ်
ဂျီယွန်းက မသွားချင်ပါဘူး သာမန်ကျောင်းသူလိုဘဲနေချင်ပေမဲ့ ဒါမဲ့ဘာမှာပြောလို့မရသလို့ ပြောလို့မဖြစ်ဘူး ပြီးတော့မပြောရဲတာပေါ့ မိသားစုကစီစဥ်ပေးတာဘဲအမြဲလိုက်လုပ်တာက ပုံမှန်လိုဖြစ်နေပါပြီ~~~~~~~
မနက်ခင်းရောက်တော့ ဂျီယွန်းဟာမနက်စာစားပြီးတာနဲ့အဆောင်ကိုသွားပါတယ် ဘာပစ္စည်းမှ ယူစရာရယ်မရှိပေမဲ့ ဂျီမင်းကိုတွေ့ပြီး ပြောပြချင်လို့ သွားတာပါ
ဂျီမင်းက "ပြန်လာပြီလား မနေ့က အဆင်ပြေလား မေးတော့"
ဂျီယွန်းက "အဆင်ပြေတာ ငါ ဆိုလ်း ကိုသွားရမယ် တစ်ပတ်နှစ်ပတ်လောက်"
ဂျီမင်း က "အာ ဟုတ်လား ဘာလို့လဲ ဘယ်တော့လဲ"
ဂျီယွန်းက "အလုပ်လေး နဲနဲရှိလို့ အမေနဲ့သွားမှာ ဒီနေ့ညနေကျရင်"
ဂျီမင်းက "လွမ်းနေတော့မှာဘဲ ယွန်းဂျီယွန်း အသံလေး"
ဂျီယွန်းက "ငါရောဘဲ ချစ်တယ်နော်"
ဂျီမင်းက "နေ့တိုင်းဖုန်းခေါ်မယ်နော် ပြီးတော့ နေ့တိုင်းနင့်အကြောင်ဘဲတွေးနေမယ် ချစ်တယ် "ဒီလိုနဲ့ ဂျီယွန်းက သွားလိုက်တော့ ဂျီမင်းက
သူ့ကိုယ်သူ ယွန်းဂျီယွန်း သွားလိုက်တော့ ဘယ်လိုနေရမလဲ ဆိုပြီးတွေးနေမိပါတယ်....7 september 2024
Saturday
chapter 12 commingAbigail
![](https://img.wattpad.com/cover/371795831-288-k253304.jpg)
YOU ARE READING
ONLY YOU CAN SEE
Fantasyပန်းနာရင်ကျပ်ကြောင့် လေကောင်းလေသန့်ရတဲ့နေရာသွားနေတဲ့ တစ်ဦးတည်းသောသမီးလေးဂျီယွန်းနဲ့ ဂျီယွန်းချစ်မြတ်နိုးရတော့ ဂျီမင်းလေး ရဲ့ story လေးတစ်ပုဒ်....