ဂျီယွန်းဟာ အလုပ်တွေလုပ်နေရင်း
ဂျီမင်းနဲ့လဲ နေ့စဥ်ဖုန်းပြောမယ်လိုက် စဥ်းစားထားပေမဲ့ ဂျီမင်းပို့ထားတဲ့ စာတွေကိုတောင် ဖတ်ဖို့မအားတော့ပါဒီလိုနဲ့ သုံးပတ်လောက်ကြာပြီးတော့ ဂျီယွန်းဟာ အမေဖြစ်သူကို အော်လိုက်ပြီး အိမ်ကထွက်သွားပါတယ်
ဂျီယွန်းဟာ ကားဂိတ်ကို အပြေးသွားပြီး ကားလက်မှတ်ဖြတ်ကာပြန်သွားပါတယ်
နောက်နေ့ အိမ်ပြန်ရောက်သွားတော့ ဂျီယွန်းက အခန်းထဲဝင်ပြီးဘဲနေပါတယ်
ဂျီယွန်းရဲ့အဖွားဖြစ်သူကတော့ ဂျီယွန်းရဲ့အမေဖုန်းဆက်ပြောလို့ ဂျီယွန်းဘာဖြစ်ခဲ့လဲသိနေတာပေါ့
ဂျီယွန်းရဲ့မိသားစုတွေကတော့ ဂျီယွန်းက အရင်ကနဲ့မတူတော့တာကို သတိထားမိလာကြတယ်
~~~~~~~နောက်နေ့မနက် ရောက်တော့ ဂျီယွန်းဟာဂျီမင်းနဲ့အတူ ပုံမှန်ကျောင်းတက်ပါတယ်
မိုင်က "ဂျီယွန်း ကျောင်းတက်လာပြီလား"
ဂျီယွန်းက "အင်း မနေ့ညက ပြန်ရောက်တာ"
ယူရီက "ငါတို့ကျောင်းလေ့လာရေးခရီးထွက်ရမယ်တဲ့ နင်ရောလိုက်မယ်မဟုတ်လား"
ဂျီယွန်းက "အော် အင်းလေ"
ဂျီမင်းကတော့ ဂျီယွန်းကို ကြည့်ရင်း ကိစ္စတစ်ခုခုရှိခဲ့တာကိုခံစားမိပါတယ်
ဂျီယွန်းကသူ့ဆီရင်ဖွင့်လာမဲ့အချိန်ကိုစောင့်နေတာပေါ့.....ဒီလိုနဲ့ကျောင်းလေ့လာရေးခရီးထွက်လာကြပါတယ်
ဆရာမက "တဲအိမ်ကလေးယောက်တစ်ခုဆိုတော့လေးယောက်တစ်ဖွဲ့ဖွဲ့ပြီးလာယူနော်"
ဒီလိုနဲ့ တဲအိမ်သွားယူနေချိန် လူတစ်ယောက်က ဂင်ယူရီကို ရူဆားရန်း မတွေ့ရတာကြာပြီ နင်ဒီကျောင်းဘဲတက်တာလား ငါတို့မတွေမိကြဘူးနော် ဆိုပြီးပြောတော ဂင်ယူရီက အင်းနောက်မှတွေ့မယ် လို့ပြန်ပြောခဲ့တယ်
မိုင်နဲ့ဂျီယွန်း ဂျီမင်း ကတော့ ဒီအတိုင်းကြည့်နေကြတာပေါ့
ညနေရောက်တော့ မိုင်က "ငါတို့ လေးယောက် အချင်းချင်း ကိုသေချာသိပေမဲ့အသိသလိုဘဲနော် တစ်ခါတစ်လေ".....
အဲ့လိုနဲ့ဂျီမင်းက "ခက်ခဲနေတဲ့ကိစ္စတွေရှိရင် အချင်းချင်း ပြောပြပြီးတိုင်ပင်ကြမလား"
လို့ပြောတော့
ဂင်ယူရီက "မွေးစားခံခဲ့ရတာ....အဖေအမေကမိဘအရင်းမဟုတ်ဘူးငါကမွေးစားခံခဲ့ရတာ...ညနေကတွေ့တဲ့သူကငါတို့မိဘမဲ့ဂေဟာကသူငယ်ချင်း...အရင်ကနာမည်အရင်းကရူဆားရန်း..အခုကဂင်ယူရီ..သူတို့ရဲ့သမီးနာမည်တဲ့...သေသွားပေမဲ့"....
မိုင်က "အရမ်းပင်ပန်းခဲ့မှာဘဲ"...
ယူရီက "ထင်ထားသလောက်တော့မပင်ပန်းရပါဘူး..အဖေအမေက.. အလုပ်ခရီးအမြဲထွက်နေပေမဲ့.. ကောင်းပေးတယ်.. အဆောင်စရိတ်ကျူရှင်ခ.. ကျောင်းလခတွေအကုန်ပေးတယ် ..တစ်ဖက်ကကြည့်ရင်အလုပ်ခရီးထွက်တာလဲကောင်းတယ်ငါတစ်ယောက်ထဲနေရတာပေါ့သူတို့နဲ့ဆိုအရိပ်အခြေကြည့်နေရပြီးအနေခတ်နေမှာ....ပြီးတော့.....
အခုချိန်ဂေဟာမှာဆိုရင် ငါကကျောင်းတောင်တက်ရမှာမဟုတ်ဘူး"..
အဲ့လိုနဲ့မိုင်က "ငါလဲအတူတူလောက်ဘဲ...အမေအဖေဆီသွားနေတုန်းက...သူတို့ကအမြဲရန်ဖြစ်နေတာ...အခုအမေကအဖေနဲ့ကွာရှင်းပြီး...တစ်ယောက်ထဲအလုပ်လုပ်နေတယ်...ငါ့ကျောင်းလခ...အဆောင်ခနဲ့အသုံးစရိတ်အကုန်အမေကဘဲပေးတာ...အဖေကတော့ ဘယ်ရောက်နေမှန်းမသိပေမဲ့...အဲ့တာကြောင့်အဒေါ်အိမ်မှာလာနေတာ"...
ဂျီမင်းက "နင်လဲအရမ်းပင်ပန်းခဲ့မှာဘဲ"...
ဂင်ယူရီကတော့
"တော်တယ်..မိုင်..ကောင်းကောင်းကြီးပျင်းလာခဲ့တယ်"..လို့ပြောခဲ့တယ်
အဲ့လိုနဲ့ ဂျီယွန်းက "အား..ငါတို့အာလုံးသူ့ဇာတ်လမ်းနဲ့သူဘဲ..အခုငါ့အကြောင်းပြောပြရမလား...ငါကမိဘတွေကတင်းကျပ်ပြီးငယ်ငယ်ထဲနဲ့မိဘခင်းပေးတဲ့လမ်းကိုဘဲလျှောက်လာခဲ့ပေမဲ့...ပထမဆုံးအနေနဲ့ဆန့်ကျင်ခဲ့တယ်...ဟိုတစ်နေ့ကပေါ့..အိမ်ကနေထွက်ပြီး..ငါ့ကိုယ်တိုင်ကားလက်မှတ်ဝယ်ပြီးလာခဲ့တာ...အမေတို့အမြဲတိုင်းသမီးကိုပိတ်လှောင်ထားတာလဲလို့...ပြောခဲ့သေးတယ်...တကယ်တော့ငါကောင်းဖို့လုပ်နေတာလားသူတို့ကောင်းဖို့လုပ်ပေးနေရတာလားမသိတော့ဘူး"...
မိုင်က "ငါကသိတယ်နင် နင့်အမေနဲ့ရန်ဖြစ်ခဲ့တာ..ငါ့အဒေါ်ကိုနင့်အမေဖုန်းဆက်ပြောတာကြားလိုက်တာ... နင်ငယ်ငယ်ကသူငယ်ချင်းကငါဘဲရှိတာမဟုတ်လား..ငါတို့အဒေါ်ကနင့်အမေသူငယ်ချင်းဖြစ်နေလို့လေ...ကျန်တဲ့သူတွေနဲ့သူငယ်ချင်းမလုပ်ခိုင်းဘူးလေနင်တို့အိမ်က...အဲ့အချိန်တုန်းကငါတို့ကငယ်သေးတော့ဘာလို့မပေါင်းခိုင်းတာမှန်းမသိခဲ့ဘူး...အခုတော့သိသွားပြီ"...
အဲ့လိုနဲ့ဂျီမင်းက "ငါက ဂျီယွန်းနင်ကငါတို့အပေါ်အမြဲပွင့်လင်းပေးရင်ကောင်းမယ်လို့စဥ်းစားတယ်...ပင်ပန်းနေတာတွေရှိရင်ပြောလို့ရတယ်...ငါတို့ကနားထောင်ပေးမယ်ပြီးတော့နှစ်သိမ့်ပေးမယ်"...
ဂင်ယူရီက "မှန်တယ်..ငါတို့ကသူငယ်ချင်းမဟုတ်လား..သူငယ်ချင်းဆိုတာအချင်းချင်းနားလည်ပေးပြီး နှစ်သိမ့်ပေးရတာ...မဟုတ်ရင်သူငယ်ချင်းဘာလုပ်ဖို့ထားမှာလဲ..မဟုတ်ဘူးလား...ဂျီမင်း"....
ဂျီမင်းက "မှန်တယ်...ဒါနဲ့စကားပြောနေရင်း..ဒီအသားကတော်တော်အရသာရှိတာဘဲနော်"....
မိုင်က "ဘန်ဂျီမင်း...စကားပြောနေတာ အသားကဘယ်ကပါလာတာလဲ"....
ဂင်ယူရီက "ဝါး...ကလေးတို့အပေါ်ကိုမေ့ကြည့်လိုက်ကြ...ကြယ်တွေနဲ့ပြည့်နေတဲ့ကောင်းကင်ကြီးလှလိုက်တာ"....
ဂျီမင်းက "ဟုတ်သားဘဲ...ငါတို့ရဲ့ညဘဲ"...
ဂျီယွန်းက "ဘာလို့..ငါတို့ရဲ့ညလဲ"...ဆိုပြီးမေးတော့ ဘန်ဂျီမင်းဟာ "ကြယ်တွေရှိပြီ...အသားကရှိပြီး...အချိန်ရှိပြီး..ပြီးတော့ငါတို့ကရှိတယ်မဟုတ်လား..ငါတို့ရဲ့ညပေါ့"...
ဂျီယွန်းက ဂျီမင်းကိုကြည့်ရင်း "ပြုံးကာ..ဟုတ်သားဘဲ... ငါတို့ရဲ့ည"...
ခနအကြာ ယူရီက"မိုင် ငါနဲ့အတူပန်ကန်သွားဆေးမလား...ဂျီယွန်းနဲ့ဂျီမင်းကဒီမှာသန့်ရှင်းရေးလုပ်ပေးထားနော်"...
ဂျီမင်းက "အင်း...ဂရုစိုက်ပြီးသွား"....
ဂျီမင်းနဲ့ဂျီယွန်းက သန့်ရှင်းရေးလုပ်နေကြစဥ် ဂျီယွန်းဟာ "ငါတို့ကျောင်းလေ့လာရေးခရီးပျော်စရာကောင်းတယ်...ထပ်ပြီးသွားချင်သေးတယ်..ငါတို့လေးယောက်အတူ"....
ဂျီမင်းက "ဟုတ်သား... နောက်ပိုင်း အတူသွားကြမလား"...
မိုင်နဲ့ဂင်ယူရီက ပြန်ရောက်လာပြီး "ဆေးကြောပြီးပြီဆိုတော့ ...ငါတို့အိပ်ကြမလား.. တခြားသူတွေလဲအိပ်နေပြီထင်တယ်"
ဂျီယွန်းက "ကောင်းသားဘဲ...အိပ်ကြမယ်လေ"..~~~~~~
ဂျီယွန်းဟာကျောင်းလေ့လာရေးခရီးသွားနေစဥ် တစ်ဖက်မှာတော့ ဂျီယွန်းရဲ့အဖွားဖြစ်သူဟာဂျီယွန်းပြောင်းလဲနေတာတွေသတိထားမိကာ အကြောင်းအရင်းကိုရှာပါတော့တယ်
ဂျီယွန်းအခန်းထဲတွေရှာပေမဲ့ မိုင် ဂျီမင်း ယူရီ တို့နဲ့ရိုက်ထားတဲ့ဓာတ်ပုံတွေအပြင် ဘာမှမတွေ့ခဲ့ပါ....ဂျီယွန်းဟာမိန်းကလေးတစ်ယောက်ကိုသဘောကျလိမ့်မယ်လို့..ဂျီယွန်းအဖွားဟာမတွေးမိခဲ့ပါတကယ်တော့ဂျီယွန်းပြောင်းလဲလာရခြင်းက ဘယ်သူနဲ့မှမသက်ဆိုင်ဘဲ လွတ်လပ်စွာနေချင်တဲ့ဂျီယွန်းရဲ့ဆန္ဒတာဖြစ်ပေမဲ့ ဂျီယွန်းမိသားစုကလက်မခံနိုင်ခဲ့ပါ....
11 Sep 2024
Wednesday
Chapter 13 coming soon...Abigail
ရေးထားတာတော့ကြာပြီညမတို့ဘက်ရေတွေကြီး Wifiတွေပျက်လို့မတင်ဖြစ်တာပါ ကြာသွားရင်တောင်းပန်ပါတယ်နော်
YOU ARE READING
ONLY YOU CAN SEE
Fantasíaပန်းနာရင်ကျပ်ကြောင့် လေကောင်းလေသန့်ရတဲ့နေရာသွားနေတဲ့ တစ်ဦးတည်းသောသမီးလေးဂျီယွန်းနဲ့ ဂျီယွန်းချစ်မြတ်နိုးရတော့ ဂျီမင်းလေး ရဲ့ story လေးတစ်ပုဒ်....