Chapter 14

9 2 0
                                    

ဂျီယွန်းဟာ ပထမဆုံးအနေနဲ့ ဘဝကိုအဓိပ္ပါယ်ရှိရှိနဲ့ဖြတ်သန်းနေပေမဲ့ သူမရဲ့မိသားစုကတော့နေ့တိုင်းပြသနာတွေဖြစ်နေခဲ့တာပါ.....

အရင်တစ်ခါဂျီယွန်းရုတ်တရက်ထွက်သွားတာကြောင့်ဂျီယွန်းအမေဟာ အလုပ်ကိစ္စတွေနဲ့ပတ်ဝန်းကျင်မှာအခက်တွေ့ခဲ့ရတာပေါ့
အဲ့ဒီနောက်ပိုင်းမှာလဲမိဘတွေဟာအခန့်မသင့်ဘဲစကားခနခနများပါတယ်
ဂျီယွန်းအမေကတော့ ယောက္ခမဖြစ်သူရဲ့သွန်သင်မှုမမှန်ဘူးဆိုပြီးအပြစ်တင်ပါတယ်
အဖွားဖြစ်သူကတော့ ဂျီယွန်းအမေရဲ့အဆင့်အတန်းကြောင့်ဖြစ်တယ်ဆိုပြီး အချင်းချင်းအပြစ်တင်ကြတာပေါ့

ဂျီယွန်းတို့မိသားစုကိုအေးချမ်းနေစေတာကတော့ဂျီယွန်းတစ်ဦးတည်းသာရှိပါတယ်
ဂျီယွန်းသာမိသားစုဝင်တွေရဲ့စိတ်တိုင်းကျနေပေးတဲ့အချိန်တွေမှာဘဲမိသားစုကအဆင်ပြေတာပါ အဲ့တာကလဲဂျီယွန်းဘဝတစ်လျှောက်မိသားစုအတွက်ဘဲကြိုးစားပေးခဲ့ရတဲ့အကြောင်းအရင်းတစ်ခုပေါ့

~~~~~~

ဂျီယွန်းဟာဆိုးလ်ကိုရောက်သွားတော့ဂျီယွန်းရဲ့အမေဖြစ်သူဟာအိမ်မှာဘဲကောင်းကောင်းမွန်မွန်နဲ့ရှိနေပါတယ်
အစထဲကဘာမှမဖြစ်ခဲ့တာပါ ဂျီယွန်းကိုခေါ်လို့မရမှာစိုးတဲ့ အဖွားရဲ့အစီအစဥ်တွေပါ
အဖွားကဂျီယွန်းကို "လက်တလောတော့ခနနားလိုက်....တစ်ပတ်လောက်နေမှကျောင်းသွားကျောင်းအပ်ထားပေးတယ်".....
ဂျီယွန်းအဖေက "ပြီးတော့...မနှစ်ကလန်ဒန်မှာကျောင်းသွားတက်တဲ့...ဂန်ဥက္ကထရဲ့သား...ဂျောင်ထယ်မင်းနဲ့စေ့စပ်မယ်...သူကျောင်းပြီးတာနဲ့လက်ထပ်ရမယ်"...
ဂျီယွန်းက "အဖေ....အဖေအခုသမီးကိုမျက်နှာတောင်မမြသ်ဖူးတဲ့သူနဲ့လက်ထပ်ဖို့ပြောနေတာလား....သမီးလက်မထပ်ဘူး...အဖေအသိတရားရှိလားချစ်မှမချစ်တာဘာကိုလက်ထပ်ရမှာလဲ"...ဆိုပြီးအဖေဖြစ်သူကိုအသံကျယိကျယ်နဲ့ပြောလိုပါတယ်
ဂျီယွန်းအဖေက "ယွန်းဂျီယွန်း.... ငါကအသိတရားဂှိတယ်အသိတရားမရှိတာကနင်...နင်သတိလေးပါလေးထား...မိဘတွေကသားသမီးနေမကောင်းလို့..ကျန်းမာရေး အဆင်ပြေစေချင်လို့နေရာကောင်းကိုပို့ပေးတာ...အဲ့တာကိုဘာရည်းစားထားရသလား...ထာတဲ့ရည်းစားကလဲ မိန်းကလေး တဲ့လားမိန်းကလေး...နင်ရူးသွားပြီလား...ငါတို့မိသားစုနာမည်ကိုဖျက်ချင်နေတာလား...ဖုန်းထားခဲ့ပြီးအခုချက်ချင်းနင့်အခန်းထဲသွားဘယ်တော့မှမထွက်လာနဲ့"....
ဂျီယွန်းဟာအခန်းထဲသွားပြီးတံခါးကို​ဆောင့်ပိတ်လိုက်ပါတယ်

ONLY YOU CAN SEE Where stories live. Discover now