ကျောင်းပိတ်တဲ့ မနက်ခင်း...
သူငယ်ချင်းတွေ အကုန် ကိုယ့်အိမ်ကိုယ်ပြန်ကြပါတယ် အဆောင်မှာ ဂျီမင်း နဲ့ ဂျီယွန်း ဘဲကျန်ပါတော့တယ်ဂျီယွန်းလဲအိမ်ပြန်မယ်လို့တွေးထားပါတယ်
ဂျီမင်းကတော့ အိမ်ပြန်လဲ အိမ်ကလူတွေခရီးသွားတာကြောင့် ဘယ်သူမှမရှိလို့ မပြန်ချင်ပါဘူးဂျီမင်းက ဂျီယွန်းကို မေးလိုက်တယ် "နင်အိမ်ပြန်မှာလား"
ဂျီယွန်းက "ပြန်မယ်လို့စဉ်းစားထားတယ်" လို့ပြန်ပြောခဲ့တယ်
ဂျီမင်းက "ငါရောလိုက်ခဲ့လို့ရလား" လို့မေးတဲ့အချိန်အခိုက်အတန့် မွာ နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆုံနေရင်းး
ဂျီယွန်းက "အင်း ရတာပေါ့" လို့ပြောခဲ့တယ်အဲ့လိုနဲ့ နှစ်ယောက်သားဆရာမကိုပြောပြီး ဂျီယွန်းအိမ်ကိုပြန်ကြတော့တယ်
~~~~~~
ဂျီယွန်း အိမ္ကိုသြားတဲ့
လမ်းမှာဂျီယွန်းက ပြောခဲ့တယ် "ဘာလို့ ရုတ်တရက်ကြီး သူ့အိမ်လာချင်တာလဲ"
ဂျီမင်းကဒီလိုပြန်ဖြေခဲ့တယ် "နင့်အကြောင်းသေချာသိချင်လို့"
ဂျီယွန်း ပြုံးလိုက်မိသည်~~~~~~
အိမ်ကိုရောက်တော့ ဂျီမင်းက အရင်တစ်ခါတွေ့တဲ့
ပုံစံနဲ့ အများကြီးကွာခြားနေတာကို သတိထားမိခဲ့တယ်
အရင်တစ်ခါ ဂျီယွန်းကိုမုန့်စားဖို့လာခေါ်တဲ့အချိန် အိမ်မှာ အိမ်ဟောင်းကြီးလို အဆောင်အယောင်ပစ္စည်းသိပ်မရှိပေမဲ့ အခုတော့ ထိုင်ခုံ စားပြဲ ဗီရို ဓာတ္ပုံ တွေကအစ ပြောင်းလဲသွားပြီးသစ်လွင် နေပါတယ် တကယ့်သူဋ္ဌေးအိမ်လို ပုံစံမျိုးပါ
~~~~~~~
ဂျီယွန်းက အိမ်မှာအဖွားမရှိဘူးထင်တယ် ခနနေပြန်လာလောက်တယ်လို့ပြောရင်း ဂျီမင်းကိုအပေါ်ထပ်ကသူ့အခန်းဆီခေါ်သွားတယ်
ဂျီမင်းက ဘာပြောရမှန်းမသိဖြစ်ပြီး ဂျီယွန်းကလဲဘာလုပ်ရမလဲမသ်ဖြစ်နေပါတယ်
ဒီလိုနဲ့ ဂျီယွန်းရဲ့အိမ်ယာနံဘေးက ဓာတ်ပုံတွေတွေ့လိုက်တယ် ကြည့်ရင်း နဲ့ ဂျီယွန်းငယ်ငယ်ကပုံတွေတွေ့လိုက်တယ် ဒါနဲ့
ဂျီမင်းက "ဒါကနင်လား" လို့မေးလိုက်တယ်
ဂျီယွန်းက "ဟုတ်မယ်ထင်တယ်"လို့ ပြောလိုက်တယ်
ဂျီမင်းက "မထင်ရဘူးနော်" လို့ ရယ်ရင်းပြောလိုက်တယ် ဂျီယွန်းက "မရယ်နဲ့" လို့ပြောပြီး ဓာတ်ပုံတွေ ကို လုပါတယ် ဒီလိုနဲ့ အိပ်ရာပေါ်မှာ စရင်းနှောက်ရင်း နှစ်ယောက်သားအကြည့်ချင်းဆုံကာ ဂျီမင်းက "ဂျီယွန်းပျော်နေတာလေးတကယ်ကောင်းတာဘဲ အရမ်းလှတယ်" လို့တွေးမိနေပါတယ်
YOU ARE READING
ONLY YOU CAN SEE
Fantasyပန်းနာရင်ကျပ်ကြောင့် လေကောင်းလေသန့်ရတဲ့နေရာသွားနေတဲ့ တစ်ဦးတည်းသောသမီးလေးဂျီယွန်းနဲ့ ဂျီယွန်းချစ်မြတ်နိုးရတော့ ဂျီမင်းလေး ရဲ့ story လေးတစ်ပုဒ်....