Chapter 2

60 7 5
                                    

အခန်းထဲဝင်လာခဲ့တဲ့ ဂျီမင်းကဂျီယွန်းကို မှတ်မိနေခဲ့တယ် ဂျီယွန်းကတော့ မမှတ်မိပါ (လက်ကိုဘဲ​ ကြ​ည့်မိပြီးမျက်နှာကိုသေချာမမြင်လိုက်ရတာကြောင့်) ....သို့သော်ဂျီမင်းကိုတွေ့ပြီး ထူးခြားတယ်လို့ ခံစားလိုက်ရတယ်... ဒါပေမဲ့ ဘာတုံ့ပြန်မှုမှမရှိတော့ဂျီမင်းက သူနဲ့သိပ်မရင်းနှီးချင်တာလို့ ထင်နေတယ်...ဒါ့ကြောင့် သူတို့နှစ်ယောက်က အနေမနီးမဝေးလေးဖြစ်နေတာပါ...
(ဂျီယွန်းကအနေအေးလို့ပျော်ပေမဲ့သိပ်မပြုံးတာပါ)

ခနအကြာ... ဘေးခန်းကကောင်မလေးတွေကလာခေါ်ပါတယ်...

"ဟဲ့ဒီဘက်အခန်းကလူတွေ...ငါတို့အောက်မှာ မာလာရှမ်းကော လုပ်စားမလို့ လာထွက်ခဲ့ကြ...
ဆိုပြီး အီမီနာ ကပြောလိုက်ပါတယ် ယူရီကလဲ
ကောင်းတယ်သွားကြရအောင်လေ"

ဆိုပြီး ဦးဆောင်ခေါ်သွားတာ လေးယောက်လုံးပါသွားပါတော့တယ် အောက်မှာနောက်ထပ်ကောင်မလေးတွေစောင့်နေကြတာပေါ့ အချင်းချင်းမိတ်ဆက်စကားပြောတာပေါ့ အဆာင်မှာနေတဲ့ကောင်မလေးက ကိုးယောက်ပါ ဆရာမသမီးဖြစ်သူ အီမီနာနဲ့ဆိုဆယ်ယောက်ပေါ့
မိန်းခလေး စုစုပေါင်း ဆယ်တစ်ယောက်နေပါတယ်
ဂျီယွန်းတို့အခန်းကလေးယောက်နေပြီး နောက်တစ် ခန်းမှာ  အီမီနာ နမ်ဂျီအွန်း ပတ်အွန်းဂျီ နမ်ယူဂျောင်း ဆိုပြီး စာတော်တဲ့ ​လေး ယောက်ပေါ့ ကျန်တဲ့အခန်းမှာ အီဘစ်နာ အိုယွန်းချယ် ဂင်ချယ်အွန်း တို့သုံးယောက်နေတာပေါ့

ဒါမဲ့ ဂျီယွန်းကတော့နေရာအသစ် ပုံစံအသစ်မှာသိပ်ပြီးအံဝင်ဂွင်ကျမဖြစ်နေပါဘူး အရင်ကတစ်ခဲ့တဲ့ကျောင်းနဲ့ အခုနဲ့ကအရမ်းကွာခြားနေလို့ပါ သူငယ်ချင်းအချင်းချင်းစကားပြောကြတာ ပြုံးရယ်နေကြတာတွေသူ့အတွက်ဆန်းသစ်နေပြီ သူ့ဘဝမှာမရခဲ့ဘူးတဲ့အရာတွေလိုဖြစ်နေပါတယ် အဲ့တာကိုသိတဲ့ မိုင်ကတော့ ဂျီယွန်းကိုကြည့်ပြီး ပြုံးပြလိုက်ပါတယ် (နင်လဲပျော်လို့ရတယ်ဆိုတဲ့အပြုံးနဲ့ပါ)...
မိုင်ကဂျီယွန်းကိုတော်တော်လေး နားလည်ပါတယ် ငယ်ငယ်ထဲကလဲ အရိပ်တကြည့်ကြည့်ပါ မိုင်ကနဲနဲပိုကြီးတော့ ဂျီယွန်းကချစ်စရာညမလေးလိုမြင်နေတာပါ မတွေ့တာကြာပေမဲ့ အခုပြန်ပြီးတွေ့တော့လဲအရင်အတိုင်းအရိပ်တကြည့်ကြည့်ပါဘဲ....

ONLY YOU CAN SEE Where stories live. Discover now