0.4

306 30 72
                                    

[[ Unicode ]]

မုန့်ဝယ်ကျွေးမယ်ဆိုပြီးခေါ်လာတဲ့ ကိုကြီး တကယ် တမ်း ကားမောင်းသွားတဲ့လမ်းက ဘိုးတော်ရှိတဲ့ Gym ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်။ အရောက်ပို့ပေးလိုက်တာပဲဖြစ်တယ်။ ဒီတိုင်းခေါ်ရင် ဂျောင်ဂုငြင်းမယ်မှန်းသိလို့ လိမ်ပြီးခေါ်လာတာ သိလိုက်ပါပြီ။

ကိုယ့်ညီစင်းလုံးချောလေးကို အဲမျက်နှာရူးဘိုးတော်ဆီ ထိုးကျွေးနိုင်တာ ကိုကြီးမကောင်းပါဘူး။ ကိုကြီး သိပ်ရက်စက်ပါတယ်။

"စိတ်ဆိုးချင် နောက်မှဆိုးတော့။ အခု ကိုကြီးနဲ့လိုက်ခဲ့ဦးနော်။ သိပ်မကြာပါဘူး။ ခဏပါပဲ။ အပြန်ကျရင် ကိုကြီး ဂျွန်ငယ်စားချင်တာတွေ ဝယ်ကျွေးမှာပါ"

"ကတိနော်။ ကျွန်တော့်ကို ထပ်ပြီးမလိမ်နဲ့"

"အေးပါကွာ။ မလိမ်ပါဘူး။ အထဲကိုသာလိုက်ခဲ့ပါ"

နှုတ်ခမ်းတစူစူနဲ့ စိတ်ကောက်နေတဲ့ ကိုယ်တော်လေးကို နမ်ဂျွန်းက ယောက်ဖလောင်းလေးဆီ သေချာပင့်ဆောင်သွားရတယ်။

အကယ်လို့ ခေါ်မလာမိရင် ယောက်ဖစိတ်ဆိုးမှာကြောက်ရသလို ဒီဘက်မှာလည်း အမှန်တိုင်းပြောပြီးခေါ်လိုက်ရင် ငြင်းမှာသိနေတာကြောင့် သူ့မှာ ကလိမ်ကကျစ်ကြရပါတယ်။

ညီစိတ်ဆိုးတာက ကိစ္စမရှိ မုန့်နဲ့ပြန်ချော့လို့ရပေမဲ့ ယောက်ဖစိတ်ဆိုးသွားရင်တော့ ဂျက်ကောင်းကိုင်မှာစိုးတာ​မို့ ယောက်ဖအလိုကျ ဖြည့်ဆည်းပေးရတာပဲ။ ဘယ်တတ်နိုင်မလဲ။ ယောကျာ်းကြိုက်တော့ ဆိုက်ဆိုက်လာရတာပေါ့။

ရုံထဲရောက်သွားတဲ့အခါ ကိုကြီးခေါ်ရာနောက်လိုက်ရင်း ဂျောင်ဂုတန်းတွေ့လိုက်ရတာ အချိန်ပြည့်ပြုံးဖြီးနေတဲ့ ဘိုးတော်ကိုပါ။ အမျိုးသမီးတစ်ယောက်ကို train ပေးနေတာဖြစ်မယ်။ လက်ကိုင်လိုက် ခါးကိုင်လိုက်နဲ့ ဘာတွေပြောပြီး ရယ်နေမှန်းလည်းမသိ။ တော်တော်ကိုသဘောကျနေဟန်။

Weightlifting လုပ်နေတဲ့ ထိုအမျိုးသမီးကလည်း
ခပ်ချောချော။ ကပြားမလေးလို့ပြောရမလား။ သွား တိုက်ဆေးကြော်ငြာသလို နှစ်ယောက်သား ပြုံးဖြီးပြနေတာ တစ်ကမ္ဘာတည်နေသလားမှတ်ရတယ်။

MOOD : YOUWhere stories live. Discover now