0.5

154 23 54
                                    

[[ Unicode ]]

"ဒီပစ္စည်းတွေချပြီးတာနဲ့ အဲလူတန်းပြန်သွားတာလား?"

နားထင်နှစ်ဖက်ကို လက်ညှိုး,လက်ခလယ်ဖြင့်ဖိပွတ်ထားရင်း သူ့မှာ ထယ်ယောင်းအရူးထမှုကြောင့်ခေါင်းက်ိုက်သွားဟန်။ ပစ္စည်းတခြား လူတခြားဖြစ်နေပြီး ဘိုးတော်က သူပြန်အလာတောင်မစောင့်နိုင်တာ ကြောက်ပြေးများပြေးလေသလား။

"ဟုတ်တယ်လေ။ သူပြောသွားတာ သားကိုတွေ့ချင်ပေမဲ့ တဖက်မှာသူ့အလုပ်ကရှိသေးလို့ မအားတာနဲ့ နောက်မှစကားသေချာပြောတော့မယ်ဆိုပြီး အလျင်စလို ပြန်သွားတာပဲကွယ်"

အပိုတွေ။ သူ့လုပ်ရပ်သူ ယုံကြည်မှုမရှိလို့နေမှာ။

အလကား ဘိုးတော်က အလုပ်ကိစ္စအကြောင်းပြပြီး ဂျောင်ဂုအကြိုက်မတွေ့ရင် သူဆဲခံထိမှာစိုးလို့ သုတ်ခြေတင်ထွက်သွားတာ။ သူ့အကြောင်းမသိရင်ခက်မယ်။ အဟွန့် !

"သား ဒီအိပ်ရာကြီးကိုမကြိုက်ဘူး။ သူ့ကိုပြန်လာသယ်ခိုင်းမယ်"

"ဒါဆိုလည်း မကြိုက်ရင်မကြိုက်ကြောင်း ချိုချိုသာသာပြောလိုက်နော်။ ရန်လုပ်ဖို့တွေးမနေနဲ့ဦး"

"အင်းပါဗျာ"

သားဖြစ်သူစွာတေးလန်အကြောင်းသေချာသိတာကြောင့် မိခင်က ထယ်ယောင်းကိုရန်မလုပ်ဖို့သာအခေါက်ခေါက်မှာကြားတယ်။

တဖက်က စေတနာနဲ့ပေးထားတာကို ကျေးဇူးမတင်တဲ့အပြင် ရန်သွားတွေ့ရင် မျက်နှာပျက်စရာတွေဖြစ်ကုန်ကြရမှာ။ အဲတော့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နမ်ဂျွန်းမျက်နှာထောက်ပြီး သူ့သူငယ်ချင်းအပေါ်မှာ ကောင်းကောင်းဆက်ဆံသင့်သည်မလား။

အထူးသဖြင့် ဂျောင်ဂုက ခုချိန်ထိ ကလေးဆိုးလုပ်နေတာကြောင့် ထစ်ခနဲဆို ရန်ဆောင်ဖို့ချည်းသာ။

သူအကြိုက်မတွေ့ရင် စိတ်ဆိုးမယ် စိတ်ကောက်မယ်။ ကလေးဆန်ဆန်ဖြစ်နေတုန်းမို့ အိမ်သားတွေအတွက် ဒါဟာကိစ္စမရှိပေမဲ့ အပြင်လူအဖို့ဆို တော်ရုံနားလည်ဖို့ထက် အမြင်ကပ်နိုင်နေပေ့မည်။

ထယ်ယောင်းအနေနဲ့လည်း ဂျောင်ဂုနဲ့ငယ်ငယ်တည်းက သိကျွမ်းလာတယ်ဆိုပေမဲ့ ကြားထဲမတွေ့ရတာနှစ်ချီခဲ့ပြီပင်။ သို့ဖြစ်၍ တသမတ်တည်းမရှိနိုင်တဲ့စိတ်ဆိုတာ ပြောင်းလဲကောင်းပြောင်းလဲနိုင်ရောပေါ့။

MOOD : YOUWhere stories live. Discover now