0.8

136 23 22
                                    

[[ Unicode ]]

San ကိုရှောင်ချင်လို့သာ သန့်စင်ခန်းဆီသွားမယ်ပြောခဲ့တာ။ သန့်စင်ခန်းက ဘယ်မှာရှိမှန်းသိမနေ။ ဂျောင်ဂု အိမ်ထဲတစ်ခါမှမရောက်ဖူးတာကြောင့် ဂျင်ဟျောင်းကို မေးပြီးသွားလိုက်ရတယ်။

ထိုသန့်စင်ခန်းရှိရာဆီသွားနေတုန်း နောက်ကခြေသံကြားရတာကြောင့် ဂျောင်ဂုလှည့်ကြည့်လိုက်မိတော့

"ခင်ဗျား!"

ရုတ်ချည်းပင် အသံထွက်ရေရွတ်မိကာ ထိတ်လန့်သွားရတယ်။

"ဘာလဲ? သရဲထင်နေလို့လား?"

လက်ပိုက်ထားလျှက် နံရံကိုကျောမှီပြီး ကင်မ်ထယ်ယောင်းက ခပ်ရွဲ့ရွဲ့ဆိုတယ်။ နောက်ပြီး ဂျောင်ဂုကိုမကျေမချမ်းကြည့်နေလိုက်သေး။

"ဟုတ်တယ်ဗျာ!"

"သွားစရာရှိရင်သွား။ မင်းဝင်ပြီး ငါဝင်မယ်"

စနောက်တာတွေမရှိတော့ဘဲ ခပ်ပြတ်ပြတ်ပြောလာတဲ့ဘိုးတော်။ မတွေ့ရတဲ့တစ်လအတွင်းမှာ လူစားလဲခံလိုက်ရတာလားမသိပါချေ။

ဂျောင်ဂု ထယ်ယောင်းကို ပေစောင်းစောင်းကြည့်ပြီး သန့်စင်ခန်းထဲဝင်သွားလိုက်တယ်။

ထယ်ယောင်း ဂျောင်ဂုနောက်ကိုလိုက်လာတာ တခြားမဟုတ်။ သူအပေါ့သွားချင်တာလည်းမဟုတ်ဘဲ ဂျောင်ဂုနဲ့စကားပြောနေတဲ့ ဟိုကောင် ဂျောင်ဂုနောက်လိုက်လာမှာစိုးလို့သာ။ ထယ်ယောင်း စိတ်မချတာနဲ့ အခုလိုလိုက်လာမိတာဖြစ်တယ်။

ခဏအကြာ ဂျောင်ဂုပြန်ထွက်လာပြီး

"ရပြီ။ ခင်ဗျားသွားတော့"

"အွန်း"

ဂျောင်ဂုပြောပြီးထွက်သွားတာနှင့် ထယ်ယောင်းက
အွန်းသာဆိုတယ် သန့်စင်ခန်းမဝင်ဘဲ ဂျောင်ဂုနောက်မှမသိမသာပြန်လိုက်လာပြီး သူ့ဝိုင်းသူပြန်ထိုင်နေလိုက်တယ်။

ထယ်ယောင်းက သူငယ်ချင်းတွေနဲ့သာစကားပြောနေတာ။ စိတ်ကတော့ ဂျောင်ဂုမလာခင်တည်းက မျှော်နေမိတာ။ ရောက်လာပြန်တော့လည်း ဂျောင်ဂုဆီက အကြည့်မခွာနိုင်။

အဖြူအနက်တွဲဝတ်ထားပြီးပေါ်လွင်နေတဲ့ သူ့ရဲ့ခါးသိမ်သိမ်လေး။ နားကပ်တွဲလောင်းလေးတွေ ဝတ်ထားတဲ့အပြင် နဖူးပေါ်ဝဲဖြာနေတဲ့သူ့ဆံပင်ခပ်အုပ်အုပ်လေး။ ခါလိုက်တိုင်း ထိုနားကပ်လေးတွေက လှုပ်လီလှုပ်နဲ့နှင့်။ ဂျွန်ဂျောင်ဂုက သိပ်လှတာလွန်ပါရော။

MOOD : YOUWhere stories live. Discover now