6

120 18 30
                                    

[[ Unicode ]]

နမ်ဂျွန်း အိမ်ထဲဝင်သွားပြီး ဧည့်ခန်းရှိစားပွဲပေါ်တွင်အစားအသောက်ဘူးတွေတင်ပြီး ဂျင်ဟျောင်းအလာကိုစောင့်နေလိုက်တယ်။ စောနက ထယ်ယောင်းနဲ့တွေ့တော့ ဂျင်ဟျောင်းရေချိုးနေတုန်းဆိုပြီး ထယ်ယောင်းကပြောထားတာဖြစ်တယ်။

ဒီတော့ နမ်ဂျွန်း ဖုန်းကြည့်ရင်းစောင့်နေစဥ် မကြာမီ ဂျင်ဟျောင်းကရောက်လာတယ်။

Pajamas ဝတ်ထားပြီး ရေမခြောက်သေးသောသူ့ဆံပင်ကို Towel ဖြင့်သုတ်ရင်း ဆော့ဂျင်ဟျောင်းက သူ့အရှေ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်တယ်။

စားပွဲပေါ်က အစားအသောက်တွေကိုမြင်တော့ ဆော့ဂျင်မျက်လုံးတွေကလက်ခနဲ။ သူခုမှရေချိုးပြီးတာဖြစ်သလို ဘာမှလည်းမစားရသေးတော့ ဗိုက်ဆာနေတာနဲ့အတော်ပဲလေ။ နမ်ဂျွန်းက တကယ်အလိုက်သိပါ့။

သူ့အကြည့်တွေက အစားအသောက်တွေကိုသာဝဲပြီး နမ်ဂျွန်းကိုတော့ ဂရုမပြုနိုင်။ ထိုအချိန် ဗိုက်ကလည်း တဂွီဂွီထမြည်လာတာ နမ်ဂျွန်းကြားလိုက်ရတော့

"ဟျောင်းအတွက် ကျွန်တော်ကိုယ်တိုင်လုပ်လာတာလေ။ ကျွန်တော့်လက်ရာဆိုပါတော့"

"Wow !! မင်းကိုယ်တိုင်လုပ်ထားတာလား? တော်လိုက်တာ"

ဆော့ဂျင်က အံ့အားသင့်သွားဟန်။ လက်မလေးထောင်ပြီး ချီးမွန်းပြောဆိုလိုက်တော့ နမ်ဂျွန်းထိုင်နေရင်းနဲ့ လေပေါ်မြောက်တက်သွားချင်သလို။

ကိုယ့်လက်ရာကိုမစားရသေးခင်မှာပဲ မြင်ရုံနဲ့တင် တော်ကြောင်းပြောခံနေရတော့ နမ်ဂျွန်းခမျာအပြုံးတွေက နှစ်လိုဖွယ် ဖုံးမရဖိမရနိုင်ပါပေ။

ဒီလိုမျိုးလုပ်နိုင်ဖို့ Cooking Class ကိုဒုက္ခသွားပေးခဲ့ရတာ။ ပြောရရင် ပညာသင်တာနည်းနည်း ဖျက်ဆီးတာများများဖြစ်နေလို့လေ။ Master ကြီးကို တနေ့တခြားစိတ်ဒုက္ခပေးနေမိတာ။ သင်တန်းသားတွေလည်း လှောင်လိုက်ပြောင်လိုက်နဲ့။

နမ်ဂျွန်းအရှက်ကွဲခံပြီး ဂျင်ဟျောင်းစိတ်နဲ့ရှေ့ဆက်ခဲ့တာ အခုလိုနေ့ရောက်မလာမချင်း ဟျောင်းဆီက ချီးကြူးမခံရမချင်းပင်။ ဟျောင်းကလည်းအကြိုက်တွေ့တော့ နမ်ဂျွန်းသင်တန်းတက်ရကျိုးနပ်ခဲ့ပြီလေ။

MOOD : YOUWhere stories live. Discover now