7

124 20 37
                                    

[[ Unicode ]]

ဂျောင်နဲ့ ဘိုးတော်ပြဿနာဖြစ်ပြီးနောက်ပိုင်း တစ်ယောက်နဲ့တစ်ယောက်မခေါ်မပြောဘဲ နေလိုက်ကြတာ တစ်လတင်းတင်းရှိနေပြီဖြစ်တယ်။

ထိုအချိန်အတွင်း ကိုကြီးနဲ့ သူ့အကိုဆော့ဂျင်ဟျောင်းကတော့ရည်းစားတွေဖြစ်ပြီး သာယာနေကြတယ်။ တစ်ရက်ကြတော့ ကိုကြီးက ဆော့ဂျင်ဟျောင်းကို အိမ်ခေါ်လာပြီး မာမားနဲ့မိတ်ဆက်ပေးတယ်။

သူတို့ရည်းစားဖြစ်ကြောင်းဘာညာဖွင့်ပြောပြလိုက်တော့ မာမားကလည်းကြည်ကြည်ဖြူဖြူပဲ လက်ခံပေးတယ်။ နောက်ပြီး ကိုကြီးတို့အတွဲက Public ချပြထားတာပင်။

ဒီတော့ ဆော့ဂျင်ဟျောင်းနဲ့ ဂျောင်ဂုက ပိုပြီးရင်းနှီးလာပြီး စိမ်းသက်သွားတာမှာတော့ သူ့ညီကင်မ်ထယ်ယောင်းနဲ့ပဲဖြစ်တယ်။

ဂျောင်ဂုက ဘိုးတော်ကိုအမြင်မကြည်ဘဲ အပေါင်း အသင်းမလုပ်ချင်မှန်းသိတဲ့ ဂျင်ဟျောင်းကလည်း ဂျောင်ဂုကို သူ့ညီနဲ့ပြန်ခေါ်ဖို့ရန် ဖိအားမပေးချေ။ ကိုယ့်သဘောဆန္ဒအရနေစေလိုပြီး ကင်မ်ထယ်ယောင်းအကြောင်းနဲ့ပတ်သတ်လို့ တခွန်းမျှဟခြင်းမရှိ။

ထိုနည်းတူစွာ ကိုကြီးကလည်း အဲဘိုးတော်အကြောင်းကို ဘာမှမပြောပါပေ။

သို့သော်ငြား တခါတလေမှာ ဂျောင်ဂုက ဘိုးတော်ရဲ့စနောက်ကျီစယ်သံတွေနဲ့ ​ထိုဘိုးတော်ကိုတော့လွမ်းမိသား။

ပျင်းတိပျင်းရွဲဖြစ်နေတဲ့အ​ချိန်မျိုးမှာဆို ဘိုးတော်ရဲ့တချို့သောစကားတွေက ဂျောင်ဂုရင်အတွင်းရှိန်းတက်သွားစေပြီး မရိုးမရွဖြစ်စေတဲ့ခံစားမှုတွေ ပြန်ခံစားချင်သလိုလို။

ထို့အပြင် အဲဒီနေ့ ကားထဲမှာဖြစ်ခဲ့တဲ့ပုံရိပ်တွေ ဘိုးတော်နဲ့ပတ်သတ်တဲ့ဖြစ်ရပ်တွေက ခုချိန်ထိ သူ့စိတ်က ထုတ်မရနိုင်သေးပါ။

ပါးစပ်ကငြင်းဆိုပြီး သူ့ကိုမမြင်ချင်မတွေ့ချင်ဘူးသာပြောနေတာ။ မသိစိတ်မှာတော့ ကိုယ့်ရှေ့ပေါ်လာရင်ကောင်းမယ်ဆိုပြီး တွေးနေမိတာတွေ။

တကယ်တမ်း ထိုလူ့ဘက်က စိမ်းကားလိုက်တဲ့အခါမှာတော့ ဂျောင်ဂု ကိုယ့်အပြောတွေကိုမှားသွားပြီလားဟုပင် အကြိမ်ကြိမ်ပြန်သုံးသပ်နေမိတယ်။

MOOD : YOUWhere stories live. Discover now