9

298 25 42
                                    

[[ Unicode ]]

ဆော့ဂျင်နဲ့ရည်းစားဖြစ်ပြီးနောက်ပိုင်း နမ်ဂျွန်းတစ်ယောက် အိမ်မကပ်တော့။ အလုပ်အားချိန်တိုင်း ဆော့ဂျင်အိမ်ကိုသွားပြီး အချိန်ဖြုန်းနေတတ်တာ။

ဒေါ်လေးကလည်း ဘာမှမပြောဘဲ ခွင့်ပြုပေးထားတော့ သူ့မှာမြင်းဇောင်းထဲက မြင်းလွတ်သွားတဲ့အတိုင်း။ အလုပ်ကပြန်လာတဲ့အချိန်သာ အိမ်မှာနေပြီး အလုပ်ပိတ်ရက် အလုပ်နားချိန်တွေမှာတော့ ဆော့ဂျင်နဲ့တွေ့ပြီး ဆော့ဂျင်အိမ်မှာပဲ သွားနေလေ့ရှိတယ်။

ဒီတော့ ဂျောင်ဂုက အမြင်ကက်ကက်နဲ့ပြောမိတာ ကိုကြီးတို့ယူလိုက်ရင် ကျွန်တော်မျက်စိနောက်သက်သာသွားမှာပဲဆိုပြီး။ အားအားနေ ဆော့ဂျင်ကို ထမင်းဟင်းသွားချက်ကျွေးနေတာ သူ့မှာအိမ်ရှင်မကြီးလိုပဲမို့။

တခါတလေလေးများ အိမ်က ကိုယ့်အဒေါ်နဲ့ညီလေးကိုတော့ ချက်ကျွေးရကောင်းမှန်းမသိဘူး။ အဲဒီမတော်ရသေးတဲ့ သူ့ခင်ပွန်းလောင်းကိုပဲ ဦးထိပ်ပန်ဆင်နေလိုက်တာ။ တကယ်ယူပြီးမှအေးမဲ့ တော်တော်ဖြစ်အတွဲပါလေ။

အခုလည်း တစ်မနက်လုံး မီးဖိုချောင်ထဲက မထွက်တော့ဘူး။ Cooking Class တက်လိုက်တည်းက ဝင်လိုက်တဲ့မီးဖိုချောင်။ သူချည်းမောင်ပိုင်စီးထားတာ။ သဘောမနောကောင်းတဲ့မာမားကလည်း သူ့စိတ်ကြိုက်ဘာလုပ်လုပ်ပါကွယ် လွှတ်ထားလိုက်ဆိုပြီးပြောလေရဲ့။

ကြားထဲဂျောင်ဂုကတော့ ကိုကြီးနဲ့ဂျင်ဟျောင်းကို အမြန်ယူကြပါတော့ဗျာဆိုပြီး တိုက်တွန်းနေမိတယ်။ ဟုတ်တယ်လေ။ သူတို့ယူမှ သူတို့အရင်ယူမှ ဂျောင်ဂုလည်း ဘိုးတော်နဲ့ယူရမှာ။ မဟုတ်လို့ အကြီးကိုကျော်တက်ပြီး အငယ်ကယူရင် မကောင်းဘူးလေ။

အဲဒီလိုမကောင်းဘူးလို့ ဘယ်သူပြောလဲဆိုတော့ ဟော့ဒီက ဂျွန်ဂျောင်ဂုပဲ ပြောတာ။ အထူးသဖြင့် မာမားကိုအသိမပေးရသေးတာရယ် နောက် ကိုယ့်ထက်အကြီးဖြစ်တဲ့ ကိုကြီးတို့အတွဲကို လေးစားသမှုနဲ့ဦးစားပေးထားတာပဲဖြစ်တယ်။

ဒါပေမဲ့ ဂျောင်ဂုတို့က ဘယ်အချိန်ဖြစ်ဖြစ်ပါ။ ဘယ်အချိန်ယူရယူရ အရေးမကြီးဘူးပဲ။ ဘာလို့ဆိုအချိန်တန်ရင် ကင်မ်ထယ်ယောင်းကို ဒီဂျွန်ဂျောင်ဂုကပဲ ပိုင်ဆိုင်ရမှာမို့လို့လေ။ အဟွန်းး။

MOOD : YOUWhere stories live. Discover now