Fic ပါ ဇာတ်ကောင်စရိုက် နေရာဒေသ ငွေကြေးများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာ ဖြစ်ပါသည်။ ။
🌻🌻🌻🌻🌻
1980 ဂွါဆာနယ်စပ်တစ်နေရာ။
ပရန်ရီယာဟာ အမဲလိုက်ရင်း သမင်တစ်ကောင်တွေ့လို့ လိုက်ပစ်ရင်းကနေ နယ်စပ်စည်းနားကိုရောက်လာခဲ့သည်။အနောက်ကလိုက်ပါလာတဲ့အဖွဲ့ကလည်း ဘယ်ပျောက်လို့ပျောက်ကျန်ခဲ့မှန်းမသိ။ နေလုံးကြီးဟာ တောင်စွယ်ကြားထဲ ပုန်းခိုသွားလို့ မှောင်စပျိုးလာပြီ။
အလိုက်ကမ်းဆိုးမသိတဲ့မိုးဟာလည်းတစ်ဖြောက်ဖြောက်ရွာလို့လာသည်။
"ဟာ ဒုက္ခပဲ မိုးကရွာလာပြီ ကောင်းကျိုးမပေးချက်ပါပဲလား ရွှေသမင်ရေ"
တစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်ပြီး မြင်းပေါ်မှဆင်းကာ ဇက်ကြိုးကိုဆွဲယူလိုက်သည်။မတတ်နိုင်။အိမ်ရောက်ဖို့ကြိုးစားရတော့မှာပဲ။
မိုးချိန်းသံဟာ တအုန်းအုန်း လျှပ်စီးကလည်း တလက်လက်နဲ့ ။လမ်းလျှောက်လာနေရတာ ချမ်း တောင်ချမ်းလာသလို။ ထိုအချိန် သစ်ပင်တစ်ပင်ဘေးကနေထွက်လာတဲ့ မိန်းကလေးတစ်ယောက်။ခေါင်းထက်မှာ ခြုံစောင်တစ်ထည်ကို လွှားခြုံထားပြီး မိုးရေတွေဟာလည်းရွှဲနစ်နေခဲ့သည်။
"ဒီမှာ"
"အမလေး မြတ်စွာဘုရား နင် နင်ကဘာကြီးတုန်း"
ပရန် ကအလန့်လန့် အဖြန့်ဖြန့်မေးသည်ကို သူမကလည်း မျက်မှောင်ကုပ်ကာ ပြန်ကြည့်လာပြီး။
"လူလေ နင်မမြင်ဘူးလား လူမြင်တာတောင်ဘာကြီးလဲမေးတဲ့နင်က ဦးနှောက်ကောင်းရဲ့လား"
အမလေး လူကလည်း။ အဲ့လို ခေါင်းမြီးခြုံပြီး ကိုင်းကိုင်းကိုင်းနဲ့ထွက်လာတော့ ရုတ်တရက်လန့်သွားတာပေါ့။
"ဒါဖြင့်ရင် နင်ကဒီမှာဘာလုပ်နေတာလဲ"
"လမ်းပျောက်နေလို့ ပြီးတော့ မိုးတွေတအားခြိမ်းနေတော့ ငါကြောက်လို့"
"နင်ကဘယ်ကလာတာလဲ"
ပြန်မဖြေတော့ဘဲ တစ်ဖက်ခြမ်းကိုလက်ညှိုးညွှန်ပြလာတာမို့ ပရန်သိလိုက်သည်။
YOU ARE READING
Birds of a feather
Short Story"အကြောင်းအမျိုးမျိုးရှိတဲ့အခါ ငါ့ကိုလာရှာပါ ဂျေရူ" "အကြောင်းမရှိခဲ့ရင်ရော?" "မင်းဖြစ်နေလို့ကို ငါ့ကိုလာရှာပါ အချိန်မရွေး မင်းဖြစ်နေလို့ပါ" 🌻🌻🌻