ရိုဇယ့်ရင်ထဲဘယ်လိုခံစားနေရလဲ ဘယ်သူမှနားမလည်။
ဘေးနားမှာအိပ်ပျော်နေတဲ့သခင်မလေးဟာ အပြစ်မသိသူ အမှားမပြုသူလို အေးငြိမ်စွာအိပ်ပျော်နေပေသည်။
ပြေလျော့နေတဲ့ခါးစည်းကြိုးကို ပြန်လည်တင်းနှောင်ရင်း သခင်မလေးပါးကို လက်ဖဝါးတို့ဖြင့်အသာအုပ်ကိုင်မိလိုက်သည်။
ချစ်ရလွန်းသူ ရိုဇယ့်ဘဝရဲ့သခင်။
ရိုဇယ်လိုချင်တာ ဒီလိုအခြေအနေပေမဲ့ ဒီလိုပုံစံမျိုးမဟုတ်။
မိမိကိုထိတွေ့နေပြီး သူ့နှုတ်ဖျားက တပါးသူရဲ့အမည်နာမကိုရေရွတ်တောင့်တနေခဲ့သည်။
ဘဝတစ်ခုလုံးသာမက နှလုံးသားတွေပါစုတ်ပြတ်ကြေကွဲခဲ့ရတယ်လေ။
"ရိုဇယ်"
ကိုယ့်ကိုမြင်တာနဲ့ အခန်းပြင်ရောက်လုလုဖြစ်သွားတဲ့သခင်မလေးဟာ သရဲမြင်လိုက်ရသလိုပုံမျိုး။
ဝဲလာတဲ့မျက်ရည်တွေကိုသိမ်းလိုက်ပြီး
"နိုးလာပြီလား သခင်မလေး"
"ငါ ညက..."
"တအားမူးနေလို့ ငါ့အခန်းထဲမှာခေါ်သိပ်လိုက်တာပါ သခင်မလေးကိုအိပ်ပြန်ပို့ပေးဖို့ ငါမနိုင်ဘူးလေ"
"နင်နဲ့..နင်နဲ့.."
"မဟုတ်ပါဘူး ငါက အပြင်ဘက်မှာအိပ်လိုက်တာ ဒီမနက် သခင်မလေးနိုးပြီလားသိချင်လို့ငါဝင်လာရုံပါ"
"ဟူး...တော်သေးတာပေါ့"
ကြေပြီးရင်းကြေရပါသော ရိုဇယ်ပေါ့ သခင်မလေးရယ်။
အငိုမျက်လုံးအပြုံးမျက်နှာက တကယ်ကို လက်တွေ့မှာ ရိုဇယ် ကနေရ တဲ့ဇာတ်ရုပ်။
"မနက်စာ စားသွားပါလား"
"နေပါစေတော့ ငါပြန်တော့မယ် ရိုဇယ် တစ်ညလုံးအခန်းငှားပေးထားလို့ကျေးဇူးပါပဲ"
အပြင်အင်္ကျီရှည်ကိုမဝတ်ဘဲ လက်ဖျံပေါ်တင်ကာ ခြေလှမ်းတော့မယ့်သခင်မလေးကိုရိုဇယ်လှမ်းတားလိုက်သည်။
"နေပါဦး"
သခင်မလေး ဆောင်းနေကျ နွားသားရည်ဦးထုပ်ကလေးဟာ သခင်မလေးခေါင်းပေါ်မှ မဟုတ်ရင် ကြည့်မကောင်းဘူးလေ။
YOU ARE READING
Birds of a feather
Short Story"အကြောင်းအမျိုးမျိုးရှိတဲ့အခါ ငါ့ကိုလာရှာပါ ဂျေရူ" "အကြောင်းမရှိခဲ့ရင်ရော?" "မင်းဖြစ်နေလို့ကို ငါ့ကိုလာရှာပါ အချိန်မရွေး မင်းဖြစ်နေလို့ပါ" 🌻🌻🌻