ကျွန်းပင်ရှိရာ နယ်စပ်သို့ ဂျေရူတစ်ယောက် မာဖလာကိုကိုင်ကာ ရောက်လာခဲ့သည်။
အင်း...မောင်ကတော့ ရှိမနေခဲ့။
သို့သော် မောင်လာမယ်လို့ယုံကြည်ကာ မျက်လုံးများကို မှိတ်ချလျှက် မောင် လာပါစေဟု ဆန္ဒပြုလိုက်တယ်။
နှလုံးသားက မောင့်ကိုတောင့်တနေချိန်မှာပဲ မထင်မှတ်စွာမောင်ကရောက်လာခဲ့တာ စိတ်ချင်းဆက်သွယ်မှုများလား။
"ဂျေရူ"
မောင့်အသံဟာ အေးမြမြ။
"မောင်"
ရင်ခွင်ထဲပြေးဝင်လိုက်မိသည်က အိန္ဒြေမဆယ်နိုင်စွာ။
"ဘယ်လိုဖြစ်တာလဲ ဂျေရူ ငါထွက်မပြေးပါဘူး"
"ငါနင့်ကိုသိပ်လွမ်းနေခဲ့တာ နင်သိရဲ့လားမောင်ရဲ့...ဒီမှာ ငါ နင့်အတွက်မာဖလာထိုးလာတယ် ငါဝတ်ပေးမယ်နော်"
ပရန့်ပြန်အဖြေတောင်မစောင့်ဘဲ ကိုယ်တိုင်ဝတ်ဆင်ပေးနေတဲ့ဂျေရူကို ပရန်ပြုံးပြီးသာကြည့်နေလိုက်တော့သည်။
"ရပြီ နင်နဲ့သိပ်ကြည့်ကောင်းတာပဲ"
"အင်း ဂျေရူ ငါလည်းသိပ်သဘောကျတယ်"
"ဒါနဲ့ မောင် နင်ဘယ်လိုလုပ်ပြီးဒီကိုရောက်လာတာလဲ"
"ငါ့နှလုံးသားက ဒီကိုလာဖို့လမ်းညွှန်နေလို့လေ"
"မဟုတ်ဘဲနဲ့"
ခပ်ဖွဖွမျက်စောင်းကိုလည်း ဂျေရူဟာ လှလှပပ ထိုးတတ်ပါသတဲ့။
"တကယ်ပါ ငါနင့်ကို တွေ့ချင်တဲ့ ဆန္ဒတွေပြင်းပြနေလို့ ငါအလွမ်းပြေလိုပြေငြား ငါဒီကိုထွက်လာခဲ့တာ"
ဂျေရူဟာ ပရန့်ရင်ခွင်ထဲကိုခပ်ဖွဖွ တိုးဝင်ရင်း ခါးကိုဖက်ကာ
"မောင် ငါနင့်ကိုပြောပြစရာရှိတယ်"
"ဘာများလဲ"
"ငါ ညကအိပ်မက်မက်တာ ငါ့နှလုံးသားကိုဆွဲထုတ်ခံရတယ်ဆိုပြီးတော့လေ အဲ့ဒါ ငါစိတ်ထဲထင့်နေ တယ်"
"ဒီအတိုင်းအိပ်မက်ပဲနေမှာပါ ဂျေရူရယ်"
"ပေါ့ပေါ့လေးမပြောနဲ့မောင် နင့်မှာအန္တရာယ်တစ်ခုခု ဆို....."
YOU ARE READING
Birds of a feather
Short Story"အကြောင်းအမျိုးမျိုးရှိတဲ့အခါ ငါ့ကိုလာရှာပါ ဂျေရူ" "အကြောင်းမရှိခဲ့ရင်ရော?" "မင်းဖြစ်နေလို့ကို ငါ့ကိုလာရှာပါ အချိန်မရွေး မင်းဖြစ်နေလို့ပါ" 🌻🌻🌻