My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၃၁)ဆုပေးပွဲညမှာ ညှို့တို့အပျော်တွေကို နှစ်ထပ်ကွန်းဖြစ်စေခဲ့တာက မိုးသားလွှမ်းပါ ဒီနှစ်ရဲ့ဒါရိုက်တာဆုကို ထပ်မံရရှိခြင်းပင်။
သူက အကယ်ဒမီဆုကို ကိုယ်တိုင်တက်ယူသည်။ ညှို့နဲ့သူပွဲအတူတက်သည်မှာ Fan.တွေကြားကယက်ရိုက်နေတဲ့အပြင် အချို့အလုပ်ကြောင့် အကယ်ဒမီဆုပေးပွဲကို ဆုပေးမှ မှီရုံစကြည့်ကြသူတွေလည်း သူ့ရုပ်ကို မြင်တဲ့အခါ ပွဲဖြစ်ကုန်ကြတော့သည်။
“ဟ!... သူက ဘယ်သူလဲ?”
“မကြားဘူးလား? ဟိုက ကြေညာသွားတာကို... ဒါရိုက်တာမိုးသားလွှမ်းပါဆို...”
“တကယ်မကြားလို့မေးနေတာမဟုတ်ဘူး... ကိုယ့်မျက်စိကိုယ်မယုံနိုင်လို့... မင်းသားလည်းမဟုတ်ဘဲ ဒီလောက်ချောတဲ့ရုပ်ရည်နဲ့ဒါရိုက်တာကို ငါတစ်ခါမှ မမြင်ဖူးဘူး...”
“အပေါ်ထပ်ကလူမပြောလည်း သူချောမှန်း တစ်လောကလုံးသိပြီးသား...”
“ဘယ်တုန်းကလဲ? ကြားမှာ ငါမသိတဲ့ ပွဲတွေလွတ်သွားတာများလား?”
“အပေါ်ထပ်ကတစ်ယောက်ရေ... ရှင်က ပွဲလွတ်တာမဟုတ်ဘူး... အစမမီလိုက်တာ... အဲ့မှာ Link…”
ချပေးထားတဲ့ Link.ထဲဝင်ကြည့်လျှင် မိုးသားလွှမ်းနဲ့ ညှို့လမင်းတို့ရဲ့ပွဲအတူတက်လာတဲ့ ပုံတွေ၊ ဗွီဒီယိုတွေကို တွေ့ရမည်ဖြစ်သည်။ မန့်တွေမှာလည်း အဆိုးတွေထက် အကောင်းဘက်ကိုသာသွားသည့်စကားလုံးတွေကိုသာ တွေ့ရ၏။
Fan.တွေရဲ့လိုက်ဖက်ညီကြောင်း ကောင်းမွန်တဲ့ချီးကျူးစကားတွေ၊ ဆုတောင်းတွေ၊ အားကျမှုတွေနဲ့သာ မန့်တွေက ပြည့်နှက်နေ၏။
“အား ဘာတွေဖြစ်နေတာလဲ? ငါ့ကောင်မလေးက ယောက်ျားလေးတစ်ယောက်နဲ့ပွဲအတူတက်တယ်... ဘာတွေလဲ? ဘာတွေလဲ? ခပ်ချောချောကောင်လေးတစ်ယောက်လောက် လာရှင်းပြကြဦး...”
“သူနဲ့အတူပွဲတက်တဲ့အမျိုးသားကလည်း နယ်နယ်ရရလူမဟုတ်ဘူး... ရုပ်ရှင်လောကကြီးတစ်ခုလုံးကို လှုပ်ခတ်သွားစေမယ့် သုံးထပ်ကွန်းအကယ်ဒမီဆုရှင် ဒါရိုက်တာမိုးသားလွှမ်း....”
YOU ARE READING
My Stalker (မင်းရဲ့အရိပ်ကလေး)
Romanceခဲမှန်ဖူးတဲ့စာသူငယ်မို့ အချစ်ကို နောက်တစ်ခါထပ်မယုံကြည်နိုင်တော့တဲ့ညှို့... အဲ့လိုဆုံးဖြတ်ခဲ့တာတောင် ရင်နဲ့ရင်းပြီးမောင့်အပေါ် ထပ်ချစ်ခဲ့တာလည်း ညှို့ပါပဲ... နှလုံးသားတစ်ခုလုံးက အတိတ်ရော၊ ပစ္စုပ္ပန်ရော ဒဏ်ရာဒဏ်ချက်အပြည့်နဲ့... အနာဂတ်မှာဘယ်လိုရှိမယ်မသ...