My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၃၅)ဟော်တယ်အခန်းတစ်ခုတည်းက မွေ့ယာပေါ်မှာ ငြိမ်သက်စွာအိပ်ပျော်နေသော အမျိုးသမီးတစ်ယောက်။ မှေးမှိတ်ထားသောမျက်တောင်ရှည်ကော့ကော့တွေက တော်ဝင်မင်းသမီးလေးတစ်ပါးလို ညမီးဆိုင်းအောက်အရိပ်ထင်နေပေမယ့် သူမက အလွန်နူးညံ့သိမ်မွေ့စွာရှိနေလေသည်။
သူ့ဘေးမှာတော့ အားကောင်းမောင်းသန်နဲ့ သက်လတ်ပိုင်းလူရွယ် အမျိုးသားတစ်ယောက်။ ထိုသူရဲ့နှုတ်ခမ်းပါးတွေက လိုချင်တာရတော့မယ့်သူလို ပြုံးယောင်သမ်းနေပြီး အလိုရမ္မက်အပြည့်နဲ့မျက်ဝန်းနေကတော့ မွေ့ယာပေါ်အိပ်စက်နေသောအမျိုးသမီးငယ်ကို တစိုက်မတ်မတ် စူးစိုက်ကြည့်လျက်ရှိသည်။
ထိုအမျိုးသားမျက်နှာက လုပ်ငန်းကြီးတစ်ခုကို အောင်မြင်တော့မယ့်ဟန်မျိုး မာန်လည်းဝင်နေပြီး လေတချွန်ချွန်ဖြင့် သူ့ကိုယ်ခန္ဓာပေါ်ကအဝတ်တွေကို တစ်လွှာချင်းခွာချသည်။ မျက်လုံးတွေက အိပ်ယာပေါ်ကအမျိုးသမီးဆီက အကြည့်မခွာ။
“ငါ မင်းကို ဘယ်လောက်တောင် ပိုင်ဆိုင်ချင်နေခဲ့ရသလဲညှို့လမင်း...”
ချောမွေ့သောမျက်နှာက ရှင်းသန့်ကြည်လင်နေသည်။ သို့ပေမယ့် အိပ်ချင်စိတ်မပြယ်သောညှို့က ဝိုးတဝါးသာမြင်ရ၏။ အသံဩရှရှက နားထောင်လို့ကောင်းနေပြီး တစ်စုံတစ်ယောက်နဲ့တူနေသလို....
သူက ညှို့မျက်နှာနားကို ငုံ့ကိုင်းလာပြီး နှုတ်ခမ်းကိုနမ်းဖို့ပြင်သည်။ နီးကပ်လာသည်နှင့်အမျှ သူ့မျက်နှာကို မြင်ရမည့်အခွင့်အရေးပိုရလာ၏။
ရှင်းရှင်းလင်းလင်းမြင်ရတော့မည့်ဆဲဆဲမှာ အိပ်ချင်စိတ်ကြောင့် ညှို့မျက်လုံးတွေ ပိတ်ကျသွားရသည်။ နောက်ပြီး ချောက်နက်ကြီးထဲကို ပြုတ်ကျသလို အမြင့်ကနေ လွှတ်ချလိုက်သော ရင်ထဲ လှစ်ဟာဟာ ခံစားချက်...။
ညှို့ကိုယ်လေး ဆတ်ခနဲဖြစ်ကာ နိုးလာရသည်။ သို့ပေမယ့် ခေါင်းကမူးဝေဝေ။
ညှို့ အရက်သောက်လိုက်မိတာလား?မက်တဲ့အိမ်မက်တွေကလည်း တောင်ရောက်လိုက်၊ မြောက်ရောက်လိုက်နဲ့ ဘာတွေ မက်မှန်းမသိ။
![](https://img.wattpad.com/cover/372012731-288-k647639.jpg)
YOU ARE READING
My Stalker (မင်းရဲ့အရိပ်ကလေး) Completed
Storie d'amoreခဲမှန်ဖူးတဲ့စာသူငယ်မို့ အချစ်ကို နောက်တစ်ခါထပ်မယုံကြည်နိုင်တော့တဲ့ညှို့... အဲ့လိုဆုံးဖြတ်ခဲ့တာတောင် ရင်နဲ့ရင်းပြီးမောင့်အပေါ် ထပ်ချစ်ခဲ့တာလည်း ညှို့ပါပဲ... နှလုံးသားတစ်ခုလုံးက အတိတ်ရော၊ ပစ္စုပ္ပန်ရော ဒဏ်ရာဒဏ်ချက်အပြည့်နဲ့... အနာဂတ်မှာဘယ်လိုရှိမယ်မသ...