My Stalker (မင်းရဲ့အရိပ်ကလေး)
အပိုင်း(၃၂)ညှို့အကယ်ဒမီရတဲ့အထိန်းအမှတ်ဖြင့် အေဂျင်စီက ညစာစားသောက်ပွဲကြီးကို ဟော်တယ်မှာ ခမ်းခမ်းနားနား ကျင်းပပေးသည်။ ပွဲထဲ ညှို့တို့ဝန်ထမ်းတွေအကုန်ပါသလို သူဌေးအစ်မကိုယ်တိုင်က လိုက်လာပေးသည်။ ညှို့ကတော့ ခရမ်းရောင်ဂါဝန်လေးဖြင့် လှချင်တိုင်းလှနေ၏။
“ကဲ... ငါတို့ရဲ့မင်းသမီးလေးအတွက်...”
အားလုံးက ခွက်တွေကို ကိုယ်စီမြှောက်ကိုင်လိုက်ကြသည်။ ကုမ္ပဏီဝန်ထမ်းအကုန်မို့ လူအယောက်ရာကျော်ကာ လူအင်အားများသည်ကြောင့် ဟော်တယ်ရဲ့တတိယထပ်ကို တစ်ထပ်လုံးအပြတ်ငှားပေးထားသည်။ လက်ထဲမှာတော့ အရက်၊ သို့မဟုတ် ဘီယာ Alcohol.ပါဝင်သည့်ခွက်တစ်ခွက်ခွက်ကို ကိုင်မြှောက်ထားကြသည်။
ညှို့တစ်ယောက်သာ သံပုရာဖက်လေးပါဝင်သော ခပ်ဝါဝါလိမ္မော်ရည်ခွက်လေးကို ကိုင်ထား၏။
“နေဦး... နေဦး... ဒီညရဲ့အဓိကဇာတ်လိုက်မင်းသမီးလေးက ဘာလို့လိမ္မော်ဖျော်ရည်ကြီးကိုင်ထားတာလဲ? အသက်မပြည့်တာလဲမဟုတ်ဘဲနဲ့...”
သူဌေးအစ်မတို့ရဲ့အရစ်တော်ပုံက စလေပြီ။ ထိုအမျိုးသမီးမှာ ညှို့နဲ့ အလုပ်ရှင်၊အလုပ်သမားဆက်ဆံရေးထက် သူငယ်ချင်းလို၊ ညီအစ်မလို ဆက်ဆံရေးမျိုး။
သူ့ဘာသာ ဘယ်လောက်ဒေါသထွက်လို့ ပေါက်ကွဲပေါ်ကွဲ ညှို့အပေါ်ကိုတော့ လေသံမာမာနဲ့တောင် စကားမဟဖူးသူဖြစ်သည်။ စီးပွားရေးအရ အနိမ့်အမြင့်၊ အတက်အကျရှိသော်လည်း ညှို့အပေါ်ကိုတော့ စေတနာအရင်းခံနဲ့သာ ဆက်ဆံတာများသည်။
ညှို့က သူတို့ကုမ္ပဏီအတွက် ငွေအဝင်ကြမ်းတဲ့စင်ဒရဲလားမင်းသမီးလေး၊ သူတို့ကုမ္ပဏီရဲ့ပုံရိပ်မို့ဆိုတဲ့အကြောင်းပြချက်တွေပါပေမယ့် သူ့ရဲ့ဖြစ်ထွန်းစေချင်တဲ့စေတနာတွေကို ညှို့မြင်နေရသောကြောင့်ဖြစ်သည်။
အစ်မက တစ်ခါက ညှို့ကိုပြောဖူး၏။
“ညှို့ မင်းနဲ့အစ်မက စီးပွားဖက်တွေဆိုရင်တောင် ခွဲထားလို့မရတဲ့ဆက်ဆံရေးမျိုးပဲ... မင်းရဲ့နေထိုင်မှုဘဝပုံစံ၊ မင်းရဲ့လုပ်ပုံကိုင်ပုံအရည်အချင်းတွေက မင်းဘဝကိုတင်မဟုတ်ဘူး... အစ်မတို့ရဲ့ကုမ္ပဏီကိုလည်း အများကြီးအကျိုးသက်ရောက်မှုရှိစေနိုင်တယ်...
![](https://img.wattpad.com/cover/372012731-288-k647639.jpg)
YOU ARE READING
My Stalker (မင်းရဲ့အရိပ်ကလေး) Completed
Romanceခဲမှန်ဖူးတဲ့စာသူငယ်မို့ အချစ်ကို နောက်တစ်ခါထပ်မယုံကြည်နိုင်တော့တဲ့ညှို့... အဲ့လိုဆုံးဖြတ်ခဲ့တာတောင် ရင်နဲ့ရင်းပြီးမောင့်အပေါ် ထပ်ချစ်ခဲ့တာလည်း ညှို့ပါပဲ... နှလုံးသားတစ်ခုလုံးက အတိတ်ရော၊ ပစ္စုပ္ပန်ရော ဒဏ်ရာဒဏ်ချက်အပြည့်နဲ့... အနာဂတ်မှာဘယ်လိုရှိမယ်မသ...