အခန်း၂(U+Z)

6.6K 262 6
                                    

''နွေအာရုံ....နွေအာရုံ....''

''ဟင်''

စာငုံ့ရေးနေရာမှ မော့ကြည့်လိုက်သည်။အတန်းထဲက အသင်းတွေ၏ မိန်းကလေးခေါင်းဆောင် မျိုးမမဖြစ်သည်။ လက်ထဲမှာ စာအုပ်တစ်အုပ်ကိုင်ထား၍ ယူလာတော့ ရန်ပုံငွေလား၊ တံမြတ်စည်းဖိုး
ကောက်ခံမလားမသိပေမဲ့စာရင်းပဲမှတ်ဖို့၊ တစ်ခုခုတော့ဖြစ်မည်။

''စာရေးနေတာလား...ငါက ကျူရှင်တက်မလား
မေးမလို့၊ နင်တက်ရင် စာရင်းတစ်ခါတည်းမှတ်သွားမယ်...ဘယ်လိုလဲ''

''ကျူရှင်လား...''

''အင်းလေ...စာသင်ဝိုင်းတွေရှိပေမဲ့ တို့တွေကတော့
ဝိုင်းသပ်သပ်လုပ်မလို့လေ...အကောင်းဆုံးဆရာတွေပဲခေါ်သင်မှာ ''

မျိုးမမက တက်ချင်အောင် အမျိုးမျိူးဆွဲဆောင်သည်။ အာရုံလည်း တက်ချင်ပေမဲ့
မိဘတွေ၏ သဘောထားက ရှိသေးတော့ကြည့်ကောင်းအောင်ပဲပြော၍ အကြောင်းပြန်မယ်ဟုသာပြောလိုက်ရသည်။ တက်ချင်ပေမဲ့ လူအရမ်းများ၍
နေရာဝေးလျှင် ဖေကြီးတို့က ထားမှာမဟုတ်။ ဒါပေမဲ့ ကျူရှင်တော့ယူချင်သည်။

''ကျူရှင်ဆို အိမ်မှာ ခေါ်သင်ဖို့စီစဥ်ထားတယ်...
တခြားမှာ သွားမတက်နဲ့ ''

နွေအာရုံ အနားကို လာရပ်၍ ဘုန်းမင်းသွေးက
ခပ်တိုးတိုးပြောသည်။ သူတို့နှစ်ယောက်ကို စပ်စု
သယောင်လှမ်းကြည့်နေသော မိန်းကလေးတွေ၏
မျက်လုံးတွေကြောင့် သူ တစ်ချက်လှမ်းကြည့်ပြီး
ကျစ်သပ်လိုက်သည်။စကားရပ်ပြောတာနဲ့ ဘာလိုလိုအကြည့်တွေနဲ့ ထိုမိန်းကလေးတွေ သိပ်စပ်စုသည်ဟု ထင်သည်။

နွေအာရုံ စဥ်းစားသလိုရှိရင်း သူ့ဘက်က
သတိတရပြောပေးတော့ ကျေးဇူးတင်သွားမိသည်။ တကယ်လည်း ကျူရှင်ကိစ္စအတွက်ခေါင်းစားနေတာဖြစ်၏။ သူတို့အိမ်မှာဆို ဖေကြီးတို့က ခွင့်ပြုမှာကျိန်းသေပင်။ အခုကတည်းက စာရင်းပေးလိုက်လို့ရပေမဲ့ သူ့မျက်နှာကိုမော့ကြည့်ကာ လှစ်ခနဲပြုံး၍

''ဖေကြီးတို့ ခွင့်ပြုရင်လာတက်မယ်လေ...''

''အိုကေ...''

ကျောင်းမှာမို့ပဲလား မသိ၊ နွေအာရုံက ကြည်လင်သောမျက်နှာလေးနဲ့ ကောင်းကောင်းမွန်မွန်ပြန်ဖြေပြီး နှစ်လိုဖွယ်ပြုံးပြတာလေးက အသည်းယားစရာ။သူ ကြည့်ပြီး စိတ်ထဲ ကြည်နူးသွားသလို
နဖူးလေးကို ပိတ်သာထုပစ်လိုက်ချင်သည်။စိတ်ထဲမှာ အမျိုးမျိုးတွေးဆနေပေမဲ့ အပြင်မှာတော့
သူမလေးကို ပြန်ပြုံးပြဖို့နေနေသာ၊ ရယ်မြူးရိပ်သမ်းချင်နေတဲ့မျက်လုံးတွေကို ဘရိတ်အုပ်၍
ရုပ်တည်ကြီးနဲ့ဖြစ်သည်။ သူ ထိုအနားက ထွက်လာ
သည့်တိုင် ထိုမျက်နှာလေးကို မေ့ဖျောက်ဖို့ခက်နေ၏။ဆံပင်ကုတ်ဝဲတိတိလေးမှဆံပင်တွေကို နှစ်ဖက်ခွဲစည်း၍ အဖြူရင်ဖုံးခါးတင်လေးနှင့် ကျောင်းစိမ်းထဘီဝတ်ထားသောသူမ၏ပုံရိပ်လေးကို မျက်လုံးထဲစွဲညှိကပ်လာသည်။ ပါးမို့မို့လေးမှာ ပါးကွက်ရေးရေးလေးထင်နေတာကလည်း တစ်မျိုးချစ်ဖို့ကောင်းသည်။

နွေးထွေးသောနွေဦးလေး(Completed)Where stories live. Discover now