အခန်း၁၅(U+Z)

8.7K 301 8
                                    

''အဓိပ္ပါယ်မရှိလိုက်တာ....ဒီကိစ္စကို ဘာလို့ငါတို့ကိုမပြောခဲ့တာလဲ။ တကယ်ဆို အဲ့ဒီနယ်ဘက်ကို ခြေဦးသမ်းဖို့ကို မသင့်တာ''

ဦးသီဟ၏ ဒေါသအသံကိုနားထောင်ရင်း ဒေါ်လင်းလင်းနှင့် ဒေါ်မျိုးသန္တာတို့မျက်စိပျက်မျက်နှာပျက်ဖြစ်နေတော့သည်။

''သမီးငယ်ကို နေရာတိုင်း ချုပ်ချယ်လို့မရဘူး အစ်ကို၊သူ့အသက် နှစ်ဆယ့်ခြောက်နှစ်ပြည့်ပြီလွှတ်ထားလိုက်စမ်းပါ''

''မင်းကတော့ လွယ်လွယ်လေးတွေးမှာပေါ့၊ တကယ်လို့များ သူတို့အချင်းချင်းပြန်တွေ့ရင်
ဘယ့်နှယ့်လုပ်မလဲ....ငါ သဘောမတူနိုင်ဘူးနော်''

''မတွေ့ပါဘူး၊ ခရိုင်တူပေမဲ့ တစ်နယ်စီဖြစ်နေမှ တွေးပူမနေပါနဲ့''

''မဖြစ်ပါဘူး....ဒီကိစ္စကို လွှတ်ထားလို့မဖြစ်ဘူး။သေချာမေးမြန်းစုံစမ်းထားမှကွ။ အရေးမသာရင်သမီးကို အိမ်ထောင်ချပေးရမယ်''

''ခက်လိုက်တာ အစ်ကိုရယ်''

ဒီနေ့မှ မန္တလေးကို အလည်လာရင်း သိသွားတော့တာဖြစ်သည်။ ဒေါ်လင်းလင်းကလည်း မြို့နာမည်ပါ လွှတ်ခနဲပြောမိတော့ အုပ်၍မရတော့ပေ။ဘယ်လိုဖြစ်ဖြစ် ပြီးခဲ့တဲ့ပြသာနာတွေကို ထပ်ပြီးမဆွတော့တာ အကောင်းဆုံးဟုထင်သည်။ သူလည်းသူ့ဘဝနဲ့သူ နေသားကျမှာဖြစ်နေသလို၊ကိုယ့်တူမလေးလည်း အေးချမ်းနေပါသည်။
.
.
.

ညနေစောင်းတော့သူမကိုသူ လိုက်ပို့သည်။ မှောင်ရိပ်သမ်းတော့မှ ဒီဘက်မြို့ကို ပြန်ရောက်၏။ ကားကိုရပ်လိုက်ပြီး ဘုန်းမင်းသွေးက သူမ၏ လက်ဖဝါးလေးကို ဖိဆုပ်လိုက်သည်။ရှက်ဝဲဝဲမျက်နှာလေးနဲ့ မျက်လွှာချနေသည့် သူမကို ပခုံးချင်းထိကပ်သွားတဲ့အထိ အနားကိုတိုးလိုက်ပြီး။

''တကယ်ဆို မောင်တို့က လက်မှတ်မထိုးလိုက်ရလို့နော်။ တစ်ယောက်နဲ့တစ်ယောက်ပိုင်ဆိုင်ဖူးကြတယ်''

သူမလေးနဲ့ မခွဲချင်၍ မချင့်မရဲဆိုမိသည်။

''အင်း''

''အချိန်မဆွဲချင်တော့ဘူး။ မင်းနဲ့အတူနေချင်ပြီမို့ မောင်တို့လက်ထပ်ကြမယ်ကွာ''

နွေးထွေးသောနွေဦးလေး(Completed)Where stories live. Discover now