အခန်း၃(U+Z)

6K 226 3
                                    

ကျောင်းတက်လတွေ နှစ်ဝက်ကျိုး၍
ဒီဇင်ဘာလသို့ရောက်လာပြီဖြစ်သည်။ မြူနှင်းဝေနေတဲ့ ဒီဇင်ဘာလသည် ကျောင်းသားတိုင်းအတွက်ပိတ်ရက်အရှည်ကြီးရှိလို့ ပျော်စရာကောင်း၏။

''သမီးငယ်က အဖွားတို့ကို မလွမ်းဘူးလား၊ပြီးတော့ သမီးရဲ့အန်တီလင်းကလည်း သမီးလေးကိုသိပ်မျှော်နေတာနော်...''

''ဒါဆို ရုံက ကျောင်းအဖွဲ့တွေနဲ့သွားမဲ့ခရီးကို
ဖျက်ရမှာလား မေမေရဲ့''

''အဲ့လိုမဟုတ်ပေမဲ့ တစ်နှစ်တစ်ခါပိတ်ရက်ရှည်လေးကို ဘယ်လိုအသုံးချမလဲ သမီးဘာသာ
ရွေးချယ်လေ...''

''အဖွားတို့အန်တီလင်းတို့နဲ့က ကျောင်းနှစ်လပိတ်လို့ပြန်တဲ့အခါ တွေ့လို့ရတယ်လေ မေမေရဲ့၊
သူငယ်ချင်းတွေနဲ့ခရီးစဥ်က တစ်ခါပဲရမဲ့အခွင့်အရေး...ပြီးတော့ ဖေကြီးကိုယ်တိုင် ပြောထားတဲ့စကားလည်းရှိတယ်လေ...ဆယ်တန်းအတွက်
ရန်ကုန်ပြန်ပို့မယ်တဲ့...အဲ့ဒါ မေမေသိရဲ့လား...''

ငိုမဲ့မဲ့ မျက်နှာလေးနဲ့ ပြောနေသော သမီးငယ်လေးကို လှမ်းဖက်၍ ဒေါ်မျိုးသန္တာ ချော့ရသည်။

''သမီးဖေကြီးက သမီးကို ကောင်းစားစေချင်တာပါ၊ ဒီနယ်မှာဆို ပညာရေးက နည်းနည်းလိုတဲ့သဘောရှိတယ်တဲ့...သမီးကို သူ့လိုဆရာဝန်ကြီးဖြစ်ချင်တဲ့အတွက် ရန်ကုန်မှာပြန်ထားမယ်ပြောတာပါ''

''bioအသင်အပြကောင်းတဲ့ ကိုကြီးတစ်ယောက်လုံးရှိနေတာကို...မေမေရယ်''

''တော်စမ်း သမီး....ဒေါက်တာသက်နိုင်ဆိုတာ
သူ့အလုပ်သူလုပ်နေတဲ့ လူတစ်ယောက်ပဲ၊ ဘာမှအားကိုးစရာမရှိဘူး...သမီးမှတ်ထားရမှာက
နွေရာသီကျောင်းပိတ်တာနဲ့ အဖွားအိမ်ပြန်ပြီး
ဆယ်တန်းကို အဲ့ဒီကနေ တက်ရမယ်...''

''မေမေတို့ကရော.....''

''သမီးဖေကြီး ပြောင်းမိန့်ကျတော့မှာလေ...အကြာကြီးမနေရတော့ပါဘူး။ အမြန်ဆုံး မေမေတို့လိုက်ခဲ့မယ်''

ကိုကြီးနဲ့ပတ်သတ်၍ စိတ်ဆိုးသွားတဲ့ မိခင်၏ပုံစံကို တွေ့လိုက်ရပေမဲ့ သူမ ဘာမှမမေးလိုက်မိပါ။
ဒီအရပ်က ခွဲခွာရမယ်မှန်းသိတော့ စိတ်ထဲဝမ်းနည်းမိ၏။နောက်ထပ် ဝမ်းနည်းမိတဲ့ တစ်ချက်ရှိသေးသည်။ ဖေကြီးတို့မေမေတို့ဖြစ်စေချင်တဲ့ ဆရာဝန်အလုပ်ကို လုံးဝ စိတ်မဝင်စားဘဲ သူမရဲ့ဝါသနာအတိုင်း ရိုးရှင်းသောဘဝနဲ့ ဆရာမတစ်ဦးသာ ဖြစ်ချင်၏။ မိဘတွေ၏ သဘောထားကို
ဆန့်ကျင်ရအုံးမည်တွေးမိတော့ ရင်ထဲမှာ မွန်းကြပ်သွား၏။
.
.
.

နွေးထွေးသောနွေဦးလေး(Completed)Where stories live. Discover now