အခန်း၂၉(U+Z)

8.9K 275 9
                                    


နှစ်ဖက်မိသားစု အဆင်ပြေသွားတော့ ဘုန်းမင်းသွေးတို့လင်မယားနှစ်ယောက်လုံး အနေမခက်ကြတော့ပေ။သူမလေး မိဘအိမ်အလည်သွားမယ်ဆိုလည်း သူက ပေါ်ပေါ်ထင်ထင်လိုက်ပို့ရဲသလို၊ နွေအာရုံလည်း ထိုကိစ္စအတွက်စိတ်မဆင်းရဲရတော့ပေ။ဘုန်းမင်းသွေး၏ဖခင်နှင့် နွေအာရုံ၏ဖခင်ကတော့ အားတာနဲ့ ဟိုအတူတွဲသွား၊ဒီအတူတွဲသားနဲ့ မျက်စိနောက်ချင်စရာတောင်ကောင်းအောင်
တည့်နေကြ၏။

''ငါပြောသားပဲ ၊ နောက်ဆုံးကြရင် ဒါပဲဆိုတာ...
ဒါကြောင့် ရှေ့လူကြီးတွေကပြောကြတာ အစားကိုကုန်အောင်စားလို့ရပေမဲ့ စကားကိုကုန်အောင်မပြောနဲ့တဲ့။ အဲ့ဒါ သာဓကပဲကွ''

''အဖေကလည်း သူတို့ခမည်းခက် အဲ့ဒီလိုတည့်တော့မကောင်းဘူးလား...သမီးတို့ကတော့ ကိုယ့်တူလေးပဲသနားပါတယ်..ဘာဖြစ်လဲ..အခုအဆင်ပြေသွားပြီ''

ဆွေမျိုးတွေအိမ်ထဲမှ အကြီးအကဲအိမ်မှာ ဝါကျွတ်ကန့်တော့ပွဲလုပ်တာနဲ့ စကားတွေများကြပြီ။ ထိုအထဲမှ တူလေးဖြစ်သူဘုန်းမင်းသွေးအိမ်ထောင်ကျတော့ အရင်ကပြသာနာလည်းရှိခဲ့ဖူးတာကို သိကြတော့ လူဆုံတိုင်းပြောကြစမြဲ။ အခုအဖေတွေချင်းတပူးပူးတတွဲတွဲပြန်ဖြစ်တော့ပိုပြောကြတာပေါ့။ ဒီလိုသာဆို ပထမဆုံးခိုးပြေးကတည်းက ပြန်ဝေးဖို့မသင့်ပေ။

''ဘုန်းမင်းသွေးခဏနေရင်လာလိမ့်မယ်။ မိန်းမကိုကျောပိုးမလာရင်ကံကောင်း...''

''ဟိတ်.... ဟိတ်...တို့တူလေးက မိန်းမချစ်တာပါ''

''တို့ကလည်း အဲ့တာပြောတာပါ။ မိန်းမကို သိပ်ချစ်တော့သူ့မိန်းမလေးကံကောင်းတယ်လို့''

''ဟော...ပြောရင်း လာကြပြီ''

ခြံထဲသို့ ဘုန်းမင်းသွေးတို့ဇနီးမောင်နှံဝင်လာကြသည်။ ဘုန်းမင်းသွေးက ဆင်စွယ်ရောင်ရှပ်အင်္ကျီနဲ့ပုဆိုးခဲနက်ရောင်နဲ့ဖြစ်၏။နွေအာရုံက ဗိုက်ဖုံးအင်္ကျီ ဆင်စွယ်ရောင်လေးနဲ့ထဘီအဝါရင့်လေးကိုတွဲဝတ်ထား၏။ လင်မယားနှစ်ယောက် လိုက်ဖက်မှုရှိကာ ဘုန်းမင်းသွေးက တစ်မျိုးချောသလို
နွေအာရုံကလည်း ကိုယ်ဝန်နဲ့ပေမဲ့လှနေမြဲ။

နွေးထွေးသောနွေဦးလေး(Completed)Where stories live. Discover now