ရေချိုးခန်းထဲ ဝင်နေသည့် မောင့်ကိုစောင့်ရင်း
နွေအာရုံ ကြိတ်၍မျက်ရည်ကျနေသည်။ မောင်ကတော့ ဘာကိုမှ ဂရုမစိုက်သူပီပီ သူမကိုပိုင်ဆိုင်ရတဲ့စိတ်တစ်ခုတည်းနဲ့ ကျေနပ်နေတာဖြစ်သည်။ရုံကတော့ မိဘတွေ၏ပဋိပက္ခကိုတွေးရင်း အသက်ရှုကြပ်သည်။ရှေ့လျှောက်ဘာတွေဖြစ်လာအုံးမလဲမသိ။ မောင့်ကို အဆုံးအရှုံးမခံချင်လို့တာ ဒီလမ်းကိုရွေးချယ်ခဲ့တာ၊ တကယ်တမ်း ရင်ဆိုင်ရမှာတွေက
မသေး။လျှောက်တွေးကြည့်ပြီး အတွေးလွန်သွားတာကို
သတိကပ်မိတာနဲ့ စိတ်ကိုဖျောက်လိုက်သည်။
ထို့နောက် မောင်ထွက်လာလျှင်သုတ်ဖို့မျက်နှာသုတ်ပဝါကြီးကို ကိုင်ကာ ရေချိုးခန်းနားမှာသွားစောင့်နေလိုက်သည်။''မောင့်မိန်းမက လိမ်မာလိုက်တာ ''
မျက်နှာသုတ်ပဝါကြီးနဲ့အသင့်စောင့်နေသော
သူမလေးကိုကြည့်ပြီး ဘုန်းမင်းသွေးက ရေချိုးခန်းထဲက ထွက်လာရင်း သဘောတကျဆိုသည်။''မောင်က ရေချိုးတာကြာလိုက်တာ ''
''အဟွန်း...ဒီနေ့ညက အထူးလေ။ မိန်းမရဲ့''
''မောင်နော် မျက်နှာမပြောင်နဲ့ ''
မျက်နှာနီနီလေးဖြင့်အော်ရင်း အနားကလှည့်ထွက်လာသည်။ မောင်တစ်ယောက် ဘာကိုအူမြူးနေသလဲဆိုတာ သူမသိတာပေါ့။ ရုံကတော့ မိန်းမသားပီပီ စိတ်ထဲမှာ စိုးရွံမိသလို ကြောက်နေမိသည်။
မိန်းမလို့ ခေါ်သံကြားလျှင်ကို ရင်ထဲမှာ တလှပ်လှပ်နဲ့ လူက အယောင်ယောင်အမှားမှား။ထိုကိစ္စကို ဆက်မတွေးတော့ဘဲ သူမ ဟင်းတွေဝင်နွေးနေလိုက်သည်။မနက်က လက်မှတ်ထိုးပြီးတော့ အိပ်ယာခန်းဝင်ပစ္စည်းတွေသွားဝယ်၊ပြင်ဆင်နေတာနဲ့ မအားရပေ။ ဒီတစ်ညတော့ရှိတာနဲ့အိပ်မယ်ဆိုတာ မဟုတ်ရဘူး၊ မောင်တို့အတွက်
အဓိပ်ပါယျရှိတဲ့နေ့မှာ မင်္ဂလာဦးနဲ့ပတ်သတ်တဲ့အသုံးအဆောင်တွေ ဝယ်ပြီး မင်္ဂလာဦးနဲ့တူရမှာပေါ့တဲ့လေ။''မောင်....အဲ့ဒါဘာလုပ်တာလဲ။ ရုံ ထမင်းပြင်တော့မှာလေ ''
အိမ်ရှေ့မှာ ပုလင်းထောင်နေသည့်မောင့်ကြောင့်လှမ်းအော်လိုက်သည်။ ဒီနေ့တစ်ရက်သောက်ပါရစေဟု ခွင့်တောင်းထားမှန်းသိသော်လည်း စားခံနီးသောက်ခံနီးတော့ မသောက်စေချင်ပါ။