ကားကို တရေကြမ်းမောင်းလာကာ ခြံရှေ့ရောက်တော့ ဆောင့်အောင့်ရပ်လိုက်သည်။ထို့နောက်
ခြံတံခါးကို ခြေထောက်နဲ့ဆောင့်ကန်ကာ အိမ်ရှေ့ထိ ဝင်သွားပြီး လူနှစ်ယောက်။ နှစ်ယောက်လုံ၏
လက်ထဲမှာ ကိုင်ထားတာက ဓားကိုယ်စီနဲ့ဖြစ်ကာ..''ကဲကွာ....''
''မင်း...''
နှစ်ယောက်လုံးပြိုင်တူထိုးလိုက်ပြီး သွေးတွေက
ပန်းထွက်လာတာမြင်၍မကောင်း။''အား!!!''
''ရုံ....ဘာဖြစ်တာလဲ''
နွေအာရုံ အိပ်ယာထဲက လန့်နိုးကာ ချွေးတွေလည်းရွှဲနေလျက်၊ ဘုန်းမင်းသွေး၏ ရင်ခွင်ထဲတိုးဝင်သည်။အသားတွေတုန်နေလျက် စိတ်ခြောက်ခြားနေမိသည်။ အိမ်မက်ထဲမှာ ဖေကြီးနဲ့သူ့ဖေဖေ။
သတ်ပွဲတွေဖြစ်နေကြတာ ဆွဲလို့မနိုင်။''အိမ်မက်တွေမက်နေတာလား...ရေသောက်လိုက်''
''ဟင့်အင်း...မောင်က မအိပ်သေးဘူးလား''
အိမ်မက်အကြောင်းပြောပြဖို့ပြင်လိုက်ပေမဲ့
မောင့်ကို စိတ်ဒုက္ခမပေးချင်တော့ပေ။''မောင် စာရင်းတွေစစ်နေတာ...ရုံလေးအစောကြီးအိပ်ပျော်နေတာတွေ့လို့ မနှိုးတော့တာ''
''အင်း....ရုံ အိပ်ချင်လို့၊ ညကလည်း နောက်ကျမှ
အိပ်ရတော့ မျက်လုံးကမရဘူး။ဒါပေမဲ့အခုအိပ်ရေးဝသွားပြီ...မောင် ညလယ်စာစားအုံးမလား''''ဒီအချိန်ကြီး ရုံက ကျွေးမလို့လား''
''အင်းလေ...မောင် ဗိုက်ဆာနေမှာဆိုးလို့''
''ဟုတ်တယ်....တကယ်က မောင်ဆာနေတာ''
''အင်း...''
ဘုန်းမင်းသွေး ပြောသော စကား၏အဓိပ်ပါယျကို သဘောမပေါက်ဘဲ အိပ်ယာထဲကထလာပြီး
စားပွဲခုံမှာတင်ထားသော ကလစ်ကိုလှမ်းယူလိုက်သည်။ နောက်မှာအနီးလေးရပ်နေသော ဘုန်းမင်းသွေးကို လှည့်ကြည့်၍....''ဘာစားမှာလဲ''
''မင်းကို''
''မောင်နော် အကောင်းမေးနေတာ''
''အကောင်းပြောတာလေ....မောင်စားချင်တာ
ပူစီလေး''''မောင်!!''