အခန်း၈(U+Z)

5.9K 250 5
                                    

နွေအာရုံ အမျိုးမျိုးစဥ်းစား၍ ရင်ထဲမှာ ပူပြင်းနေတော့သည်။မိဘတွေ၏ မျက်နှာကတဖက်၊ ဒီအထိလိုက်လာတဲ့ ဘုန်းမင်းသွေး၏ချစ်ခြင်းမေတ္တာတွေကိုလည်း အသိအမှတ်မပြုဘဲ မနေနိုင်။ အချိန်နာရီလက်တံတွေ တရွေ့ရွေ့သွားနေတာကိုမော့ကြည့်ရင်း သက်ပြင်းချည်းချမိတာ အခါခါ။ နောက်ဆုံး
ဆုံးဖြတ်ချက်ချမိတာက မှားမှန်းသိပေမဲ့ ကိုယ်ချစ်ရတဲ့သူနောက်ကိုသာလိုက်ဖို့ ရွေးချယ်လိုက်၏။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ ခြံထဲမှာ မီးလုံးဝါဝါလေးတွေထွန်းထားပေမဲ့ လင်းချင်းမနေပေ။ အချိန်အခါကို စောင့်နေတဲ့ နွေအာရုံလည်း အဝတ်ထုပ်လေးပိုက်လျက် အိမ်အပေါ်ထပ်ကနေ ခပ်ဖြေးဖြေးခိုးဆင်းလာသည်။

ခရီးက ပြန်ရောက်သည့်ဖေကြီးလည်း တစ်နေ့လုံးကားမောင်းထားရတော့ ပန်းပြီးအိပ်ပျော်နေမှာကျိန်းသေသည်။မေမေကတော့ ခေါင်းချတာနဲ့အိပ်ပျော်မှန်းသိသည်။ အန်တီလင်းကတော့
ပြောမနေနဲ့တော့။ အခြေအနေက ကိုယ့်ဘက်ပါမှန်းသိပေမဲ့ စိတ်လှုပ်ရှားနေမိသည်။

''ကျွီ....''

တံခါးဖွင့်ပြီးတော့မှ စိတ်ထဲဝမ်းနည်းသွားကာ
အိမ်ပေါ်ကို မော့ကြည့်လိုက်သည်။ ထို့နောက်
ကျလာသော မျက်ရည်ကိုလက်ခုံလေးနဲ့ခပ်ကြမ်းကြမ်းသုတ်၍ အိမ်အပြင်သို့ထွက်လိုက်သည်။

''ဟာ...''

ဘုန်းမင်းသွေး တချိန်လုံး ဆုတောင်းနေမိကာ
ထွက်လာသောအရိပ်လေးကိုမြင်တာနဲ့ ဘယ်လိုပျော်သွားမှန်းမသိပေ။ ကိုယ့်ကို ရွေးချယ်လိုက်ပြီဆိုတာ သေချာသည်မို့

''ရုံလေး....''

''ဘုန်းမင်းသွေး....''

''ဝမ်းသာလိုက်တာကွာ....ကိုယ်ပျော်လိုက်တာ''

သူမဆီက အထုပ်ကို လက်လွဲယူလိုက်ပြီးပခုံးလေးကိုဖက်လိုက်သည်။ ထို့နောက် အခြေအနေကိုသုံးသပ်ကာ ခြံပြင်သို့အရထွက်ကြသည်။
.
.
.
.
ဘုန်းမင်းသွေးတို့အိမ်မှာလည်း ခေါင်းမီးတောက်နေကြသည်။ မနေ့ကတည်းက ပျောက်ချင်းမလှပျောက်သွားတဲ့ကောင်လေး၊ ဒီနေ့အထိအစရှာ၍
မရပေ။ သူငယ်ချင်းတွေဆီလည်းမသွားဆိုတော့
ထူးဆန်းနေသည်။

နွေးထွေးသောနွေဦးလေး(Completed)Where stories live. Discover now